
အေဒီ(၆၉)ခုနှစ်တွင် ကိုးကန့်ဒေသသည် အရှေ့ဟန်မင်းဆက်ယုန်ချန်းခရိုင်လက်အောက်သို့ သိမ်းပိုက် ခံခဲ့ရသည်။ တရုတ်သမိုင်းကြောင်းမင်းဆက် ပြောင်းလဲလာသည်နှင့် အမျှ ကိုးကန့်ဒေသသည် ယုန်ချန်း ခရိုင်လက်အောက် (ယင်းခရိုင်မှာ ယခုတရုတ်နိုင်ငံယူနန်ပြည်နယ်အနောက်ဘက်၊မြန်မာနိုင်ငံ ကချင်ပြည်နယ်နှင့် ရှမ်းပြည်နယ် အရှေ့ဘက်ပိုင်း နယ်မြေနှင့်ညီမျှသည်။)၊ နန်နင်စီရင်စု၊ ကျန့်နန်ဒေါင့်ယောင်စီရင်စု၊ ယုန်ချန်းပြည် နယ်ခွဲ၊ ယုန်ချန်းစီရင်စု၊ ယူနန်ပြည်နယ်၊ ယူနန်ပြည်နယ် ယုန်ချန်းပြည်နယ်ခွဲ၏ အုပ်ချုပ်ရေးနယ်မြေအောက် သို့အသီးသီးကျရောက်ခဲ့သည်။