ကိုးကန့်ရာဇဝင်မှတ်တမ်း

009

သမိုင်းစာမျက်နှာနှင့်ဝာာဝန်ဝတ္တရားများဖြင့် မဟာမိတ်တပ်မတော်နှင့်ကျန်းရှီးဂျာယန်စသည့်ဒေသခံ ပြည်များ တစ်ဖန်ပြန်လည်ဆက်နွယ်မိကြခြင်း

မြန်မာနိုင်ငံရှမ်းပြည်နယ်အထူးဒေသ(၁)ကို ၁၉၈၉ခုနှစ် မတ်လ ၁၁ရက်နေ့တွင် စတင်ဖွဲ့စည်းခဲ့သည်။ အထူးဒေသစတင်ဖွဲ့စည်းချိန်တွင် ဒေသအကျယ်အဝန်းမှာ စတုရန်းကီလိုမီတာပေါင်း ၅၀၀၀ ခန့်ရှိပြီး ဒေသဆိုင်ရာဖွဲ့စည်းမှုကို (သံလွင်မြစ်အရှေ့ဘက်)မြစ်အရှေ့ဘက်ခြမ်းတွင် ကိုးကန့်ခရိုင်၊ လောက် ကိုင်မြို့၊ကျန်းရှီး မုံးကိုးခရိုင်၊ ကွတ်ခိုင်မြို့စသည်ဖြင့်ဖွဲ့စည်းထားသည်။ ငြိမ်းချမ်းရေးမဟာမိတ်ဖွဲ့ စဉ်( ၁၉၈၉ခုနှစ်မှ ၂၀၀၉ခုနှစ်ထိ) အနှစ်(၂၀)အတွင်း အထူးဒေသတွင် ရန်မိုးလျန်၊မှုန်ဆလား၊ပယ် စောက်ချိန် စသည့်သစ္စာဖောက်များ၏ပုန်ကန်မှုကိုခံခဲ့ရသည်။ ထိုကာလအတွင်းတွင် ရန်မိုးလျန်သည် မိမိမိသားစုလွှတ်လမ်းရရှင်သန်နိုင်ရန် မဟာမိတ်တပ်မတော်ကို သစ္စာဖောက်ခဲ့သည်၊ မှုန်ဆလား သစ္စာဖောက်မှုကြောင့် မုံးကိုးကိုဆုံးရှုံးခဲ့ရပြီး မဟာမိတ်တပ်မတော်နှင့်အထူးဒေသအစိုးရကို အကြီးအ ကျယ်ဆုတ်ယုတ်စေခဲ့သည်။ ကိုးကန့်တိုင်းရင်းသားလူမျိုး၏ အတွင်းရန်သူနှင့် ပြင်ပရန်သူ အန္တရာယ် ကိုစိုးရိမ်နေရချိန်၊ အာဏာအင်အားလျော့ရဲနေချိန်တွင် မြန်မာ့တပ်မတော်မှ ကတိကဝတ်ကို ပယ်ဖျက်၍ ၁၉၈၉ခုနှစ်တွင်ရေးထိုးခဲ့သော “ငြိမ်းချမ်းရေးသဘောတူစာချုပ်” ကိုဖျက်သိမ်းခဲ့သည်။ ဒေသတွင်းအင်အား လျော့နည်းနေချိန်ကို အခွင့်ကောင်းယူ၍ အထူးဒေသ၏ မုံးကိုး၊ ကျန်းရှီးနယ်မြေတစ်ခုလုံးသို့ စစ်တပ်များ ချီတတ်တိုက်ခိုက်ခဲ့ပြီး ကိုးကန့်ဒေသနယ်မြေများစွာကို သိမ်းပိုက်ခဲ့သည်။

၁၉၉၅ခုနှစ် နိုဝင်ဘာလ၂၂ရက်နေ့တွင် ရှမ်းပြည်နယ်အထူးဒေသ(၄)နှင့် “ဝ”ပြည်နယ်၏ ခြိမ်းခြောက်မှုအရ ဖုန်ကြားဖူဦးဆောင်သည့်တပ်ဖွဲ့သည် ချင်းရွှေဟော် ကိုဦးစွာတိုက်ခိုက်သိမ်းပိုက်ခဲ့သည်။ ထို့နောက် ပြည်ထောင်စုအစိုးရသို့ အထူးဒေသပြန်လည်ရှင်သန်ထူထောင်လာပြီဖြစ်ကြောင်း စာလွှာပေးပို့ ခဲ့သည်။ ပြည်ထောင်စုအစိုးရ၏ ကိုးကန့်ဒေသတပ်အတွင်းကိစ္စရပ်များတွင် ဝင်ရောက်စွက်ဖက်ခြင်း မပြုတော့ကြောင်း ခံဝန်ကတ္တိကိုရရှိခဲ့ပြီး လောက်ကိုင်ကိုဆက်လက်ချီတတ်ခဲ့သည်။ ထိုတချိန်တည်း မှာပင် ရန်ကျုံးဝင်၊ ဖုန်ကြားလုံ ဦးဆောင်သည့်တပ်ဖွဲ့မှာ တပ်ရင်း(၁၂၇)ကိုဝင်ရောက်တိုက်ခိုက်ခဲ့ပြီး လောက်ကိုင်ဒေသကို သိမ်းပိုက်ကိုင်တွယ်နိုင်ခဲ့သည်။ ထိုအချိန်တွင် ခေါင်းဆောင် ရန်မိုးလျန်သည် ကိုးကန့် ဒေသ၏ဒုတိယဥက္ကဌ ရန်မိုးအမ်းအား နောက်ကွယ်တွင်စောင့်ကြည့်ရန်စေခိုင်းခဲ့သည်။ ရန်မိုးလျန်သည် မိမိ၏အာဏာသက်ရောက်မှုမရှိတော့သည်ကို သတိပြုမိသဖြင့် ပြည်ထောင်စုအစိုးရဆီသို့ အလောတကြီး အာဏာလွဲပြောင်းအပ်နှင်းခဲ့သည်။ မိမိမိသားစုနှင့်ဥစ္စာဓနများ၏ဘေးကင်းလုံခြုံရေးကို ရရှိရန်အတွက် စစ်တပ်အာဏာ၊အုပ်ချုပ်မှုအာဏာနှင့် သိုလှောင်ထားသည့်စစ်လက်နက်များအားလုံးကို ပြည်ထောင်စု အစိုးရအား အပေးအယူပြုလုပ်လဲလှယ်ခဲ့သည်။ စာရင်းအရသိရှိရသည့် အပ်နှံလက်နက်အရေအတွက်မှာ-  အပေါ့စားစက်သေနတ် အလက်ပေါင်း(၂၇၀)လက်၊ နှစ်လုံးပြူးစက်သေနတ်(၂)လက်၊ အမြောက်သေနတ် အလက်(၂၀) ၊ အခြားသောလက်နက်အမျိုးအစား အခု(၃၀၀၀)၊အမြောက်ဆံသောင်းပေါင်းများစွာ၊ အခြားကျည်ဆံ သိန်းပေါင်းများစွာ တို့ဖြစ်သည်။ ထို့အပြင် အမြောက်လက်နက် အခုပေါင်း၁၂၀ ကို အပ် နှံခဲ့သေးသည်။ ဤသို့ဖြင့် တပ်မတော်အဖွဲ့ချုပ်မှ ဆက်ဆံပုံအနေအထားကို ချက်ချင်းပြောင်းလဲ၍ ကွမ်လုံ တပ်ရင်း(၂၃၉) သို့ စစ်တပ်များစေလွှတ်ခဲ့ပြီး ချင်းရွှေဟော်ဒေသတွင် ဖုန်ကြားရှင်ဦးဆောင်သည့် မဟာ မိတ်တပ်မတော် ကိုးကန့်သို့ပြန်လည်ဝင်ရောက်ခြင်းကို ပိတ်ပင်တားဆီးခဲ့သည်။ သို့ပေမဲ့ မဟာမိတ် တပ်မ‌တော်၏အင်အားမှာ မာန်ဖီနေသည့်ကျားတစ်ကောင်အလား ပိတ်ပင်တားဆီးမှုများစွာကိုတွန်းလှန် တိုက်ခိုက်၍ တောင်အထပ်ထပ်ရေမြေအထပ်ထပ်ကို ကျော်လွှားပြီး လောက်ကိုင်သို့ အသုတ်ပေါင်းများစွာ ခွဲ၍ဝင်ရောက်ခဲ့သည်။ ထိုတချိန်တည်းမှာပင် ရန်မိုးလျန်တပ်ဖွဲ့မှတာဝန်ယူရသည့် ပြည်ထောင်စုအစိုးရ တပ် တပ်ရင်း(၂၀၄)၊ လမ်းပန်းဆက်သွယ်မှုပြုပြင်ထိန်းသိမ်းရေးတပ်မ၏ စစ်လက်နက်အားလုံးမှာ ရန်မိုးလျန်မှ ၎င်းတပ်ဖွဲ့သို့ အရေအတွက်အတိအကျပြန်လည်အပ်နှံပြီးဖြစ်သည်။ လက်နက်အင်အား နည်းပါးခြင်းသည် မဟာမိတ်တပ် များ လောက်ကိုင်ကိုဝင်ရောက်ရာတွင် ထောက်ပံ့မှုတစ်ခုဖြစ်စေခဲ့သည်။ ထို့အပြင် ပြည်ထောင်စုအစိုးရသည် ကျောက်မဲမြို့တွင်တပ်စွဲထားသည့် တပ်မတစ်ခုကို မြောက်ဘက်သို့ချီ တတ်စေ၍ မဟာမိတ်တပ်နှင့်တိုက်ခိုက်စေပေမဲ့ တိုက်ပွဲများမဖြစ်ပွားခဲ့ပါ။ များမကြာမီတွင် ပြည်ထောင်စုအစိုးရတပ်မတော်၏ တပ်မပေါင်း(၁၀)တပ်သည် ကိုးကန့်ဒေသထဲသို့ဝင်ရောက်နိုင်ခဲ့ပြီး တောင်ဘက်ပိုင်းဒေသတစ်ခုလုံးကို တိုက်ခိုက်သိမ်းပိုက်ခဲ့သည်။ ထိုအချိန်မှစ၍ ပြည်ထောာင်စုအစိုးရ တပ်မတော်ဘက်မှ အထူး‌ဒေသအတွင်း တပ်စခန်းအခြေမစိုက်ခြင်း သဘောတူညီချက်ကို စတင် ဖောက်ဖျက်ခဲ့သည်။

ရန်မိုးအမ်းမှ ကိုးကန့်ကိုလွဲအပ်ချိန်တွင် ရန်မိုးလျန်သည် ကျန်းရှီးတွင်ရောက်ရှိနေပြီး ကွတ်ခိုင် တပ်စခန်းတပ်မှူးဘတင်ထံတွင် ရန်မိုးလျန်တောင်းဆိုသကဲ့သို့တောင်းဆိုချက်မျိုးကို ကမ်းလှမ်းခဲ့ဖူးသည်။ ထိုအချိန်အတောအတွင်းတွင် ကျန်းရှီးမဟာမိတ်တပ်တွင်တွယ်ကပ်နေထိုင်ပြီး ပုန်ကန်သောင်းကျန်းမှု ထဲတွင်လည်း ဝင်ရောက်ပါဝင်ခဲ့သည်။ ရန်မျိုးနွယ်ညီနောင်၏ မျိုးနွယ်လူစုနှင့်ကိုယ်ပိုင်အုပ်ချုပ်ရေးအခွင့် အာဏာကို စွန့်လွှတ်ပြီး မိမိကိုယ့်ကျိုးအတွက်သာကြည့်သည့်လုပ်ရပ်မှာ လက်ခံရခက်ခဲလွန်းသည်။ ထို့ ကြောင့် ဒုတပ်မှူး ကျန်းကျုံးမင်နှင့် ခေါင်းဆောင်ကြီးများသည် ရန်မိုးလျန်အုပ်ချုပ်မှုအောက်မှ နှုတ်ထွက် ရန်ဆုံးဖြတ်ခဲ့ကြပြီး ကိုးကန့်ဒေသသို့ပြန်လည်ဝင်ရောက်ခဲ့သည်။ ဖုန်ကြားရှင်ခေါင်းဆောင်သည့် မဟာမိတ်တပ်မတော်၏ ညွှန်ကြားချက်ကိုလိုက်နာမည်ဖြစ်ကြောင်း စစ်ဦးစီးချုပ်ဖုန်ကြားရှင်အား စာချွန် လွှာဖြင့် ပေးပို့အကြောင်းကြားခဲ့သည်။

မြန်မာ့တပ်မတော်မှ မုံးကိုးနှင့်ကျန်းရှီးဒေသများကို စီမံအုပ်ချုပ်ချိန်တွင် ဒေသတွင်းစီးပွားရေးမှာ သုည အခြေအနအထိကျဆင်းသွားပြီး မူးယစ်ဆေးဝါးအလွဲသုံးမှုများ များပြားလာြခင်းဖြင့် ဒေသတွင်း ပြည်သူအများစုသည် ဘဝရှင်သန်မှုအတွက် ကြိုးစားရုန်းကန်မှုများမရှိတော့ပါ။ ၂၀၀၉ခုနှစ် ၈၈ အရေးခင်း ဖြစ်ပွားပြီးနောက် အထူးဒေသအစိုးရ၊ မဟာမိတ်တပ်မတော်အထက်အရာရှိအလွှာများမှ ပြည်သူအပေါ် ကတိကဝတ် ပျက်ပြားသည့် မြန်မာတပ်မတော်အစိုးရအဖွဲ့အစည်း၏လုပ်ရပ်များကို သိရှိပြီးသည်းမခံ နိုင်တော့ပေ။ မြန်မာ့တပ်မတော်၏လုပ်ရပ်မှာ ဒေသတွင်းရှိပြည်သူလူထု၏ ရပိုင်ခွင့်အခွင့်အရေးများကို ဆုံးရှုံးစေပြီး ပြည်သူတို့၏သားစဉ်မြေးမြစ်အဆက်ဆက်ကို နာလန်မထူနိုင်အောင် ဒုက္ခနွံထဲနစ်မွန်း စေသည်။ ၂၀၁၄ ခုနှစ် မဟာမိတ်တပ်မတော်မှ ကျန်းရှီးဒေသသို့ကျူးကျော်တိုက်ခိုက်ပြီးချိန်မှစ၍ ထိုဒေသတွင်း ပြန်လည် နာလန်ထောင်နိုင်ခဲ့သည့်အုပ်ချုပ်ရေးစနစ်ကို “ကိုးကန့်အထူးဒေသ ပြန်လည် ထူထောင်ရေးတိုက်ပွဲ” ၏ အရေးပါသော အစိတ်အပိုင်းတစ်ခုအဖြစ် သတ်မှတ်ခဲ့သည်။

003

မြန်မာတိုင်းရင်းသား တရားမျှတမှုပါတီအလံကို ခမ်းမအလယ်တွင် ချိတ်ဆွဲထားပြီး သက်ဆိုင်ရာ အဖွဲ့အစည်းများမှ တရားမျှတမှုပါတီအလံအရောင်တစ်ခုချင်းဆီ၏ ဆိုလိုရင်းအဓိပ္ပာယ်၊ အလံရှိရုပ်ပုံ အဓိပ္ပာယ်ကို ရှင်းလင်းနေ ခြင်း။

002

ဒေသခံပြည်သူများ စည်းဝေးတွေ့ဆုံပွဲတွင် မဟာမိတ်တပ်(၂၁၁)မှ အကြံပေးလက်ထောက်အရာရှိ လီရှီချန် (အလယ်ပုံ) မှ ကျန်းရှီးဂျာယန် ဒေသခံပြည်သူအား မဟာမိတ်တပ်မတော်၏ လမ်းကြောင်းဦးတည်ချက်၊ မူဝါဒများ၊တရားစီရင်ရေး များကို ရှင်းလင်းပြခြင်း။

တပ်မတော်၏စည်းမျဉ်းစည်းကမ်းများကို အသေးစိတ်ရှင်းလင်းပြောကြားခြင်း။ မဟာမိတ် တပ်မတော် တွင်းရှိ သစ္စာဖောက်ပုန်ကန်သူစစ်သားများကို အများပြည်သူ၏တိုင်ကြားအသိပေးခြင်းကို လိုက်လိုက် လှဲလှဲဖိတ်ခေါ်ကြောင်း ပြောကြားခြင်း။

003

တပ်ရင်းတစ်ခု၏ခေါင်းဆောင်တစ်ဦးမှ စစ်တပ်နှင့်ဒေသခံပြည်သူအကြား စည်းလုံးညီညွတ်မှုရှိခြင်း၏ အရေးပါပုံကို ရှင်းလင်းပြောကြားစဉ်။

သက်ကြီးရွယ်အို တစ်ဦးမှ ဝါးထရံအိမ်တစ်လုံးဆောက်လုပ်နေစဉ် မဟာမိတ်တပ်မတော်မှ တပ်မတစ် တပ်မှ တပ်သားများလာရောက် ကူညီဆောက်လုပ်ပေးနေစဉ်

.jpg

ဆောက်လုပ်နေဆဲဖြစ်သော ဒေသခံပြည်သူနေအိမ်

Image_20200430094650

မဟာမိတ်တပ်မတော်မှ ကျန်းရှီးခရိုင်နေပြည်သူများအတွက် ခြေလျင်လမ်းဖောက်လုပ်ပေးနေစဉ်

Image_20200430094738

မဟာမိတ်တပ်မတော်တပ်သားများမှ ဒေသခံပြည်သူများရိတ်သိမ်းချိန်ကို ကူညီလုပ်ကိုင်ပေးနေစဉ်။

微信图片_20200407095048.jpg

တပ်သားပခုံးပေါ်တွင် တင်ဆောင်ထားသည့်ပြောင်းဖူးအပြည့် ထည့်ထားသည့်အိတ်တစ်လုံးမှာ ဒေသခံပြည်သူများ၏ ဝမ်းသာပီတိများပင်။

Image_20200430094926

တစ်နေ့သောနေ့လည်ခင်းတွင် တပ်ရင်း(၂၁၁) အကြံပေးလက်ထောက်အရာရှိ လီရှီချန်နှင့် ဒေသခံပြည်သူများနှင့်အတူ နေ့လည်စာအတူတကွသုံးဆောင်နေစဉ်

Image_20200430095016

ကလေးငယ်တစ်သိုက်နှင့် အတူဓာတ်ပုံရိုက်ခြင်း။ ကျန်းရှီးဂျာယန်၊ ကုံးခ ဒေသများသည် တိုင်းရင်းသားမျိုးနွယ်စု ပေါင်းစုံ အေးချမ်းစွာ စုပေါင်းနေထိုင်သည့် လှပသည့်ဒေသတစ်ခုဖြစ်သည်။ ဓာတ်ပုံထဲတွင် ဟန်လူမျိုး၊ တအန်းလူမျိုး၊ လီဆူးလူမျိုး ကလေးငယ်များဖြစ်သည်။

Image_20200430095054

ကျန်းရှီးဒေသရှိ အမယ်အိုတစ်ဦးမှ ချီတတ်လာသည့်စစ်တပ်ထဲမှ တပ်သားတစ်ဦးအား သောက်ရေပေးဝေနေစဉ်

အချိန်များတရွေ့ရွေ့ကုန်ဆုံးလာသည်နှင့်အမျှ ကျန်းရှီးပြည်သူလူထုနှင့်မဟာမိတ်တပ်မတော်အကြားတွင် နားလည်မှုများ တဖြည်းဖြည်းပေါက်ဖွားလာသည်။ ယခင်ကနားမလည်နိုင်မှုများကို တဖြည်းဖြည်းနှင့် လက်ခံလာနိုင်ပြီး ယခုချိန်တွင် စာနာဖေးမမှုများရှိလာခဲ့သည်။ ရှည်လျားသည့်သမိုင်းစာမျက်နှာများသည် မဟာမိတ်တပ်မတော်၏ သဘောထားအမြင်များကို မသိမြင်စေရန် ပိတ်ပင်တားဆီးထားသည်။ သို့ပေမဲ့လည်း သမိုင်းစာမျက်နှာနှင့်တာဝန်ဝတ္တရားများကပင် မဟာမိတ်တပ်မတော်နှင့် ကျန်းရှီးပြည်သူများကို အတူတကွ ချည်နှောင်ပေးခဲ့သည်။ ခြောက်နှစ်ခန့်အကြာ အေးချမ်းစွာလက်တွဲညီညီ ပူးပေါင်းနေထိုင်ပြီးနောက် မဟာမိတ်တပ်မတော်နှင့်ဒေသခံပြည်သူများအကြားတွင် ကောင်းမွန်သည့်ဆက်ဆံရေးကို တည်ဆောက်နိုင် ခဲ့သည်။

စာ‌ရေးသူအကျဉ်းချုပ်- မုံးကိုး၊ကျန်းရှီး၊ကွတ်ခိုင်၊ဂျာယန် စသည့်ဒေသများသည် အထူးဒေသ(၁)၏နယ်မြေ ထဲတွင်ပါဝင်သည်။ အဆိုပါနယ်မြေသတ်မှတ်မှုသည် မြန်မာပြည်ထောင်စုအစိုးရနှင့် အထူးဒေသ၏ တော်လှန် ရေးသမားဟောင်းများကြား ဆွေးနွေးညှိနှိုင်းရရှိခဲ့သည့်သဘောတူညီမှုတစ်ရပ်ဖြစ်သည်။ ဤဒေသ၏ အုပ်ချုပ် မှုစနစ်နှင့် စီမံခန့်ခွဲရေးဆိုင်ရာအာဏာများသည် အထူးဒေသအစိုးရနှင့်အထူး‌ဒေသခံပြည်သူများနှင့်သာ သက်ဆိုင်သင့်သည်။ ဤဒေသ၏အုပ်ချုပ်ရေးဆိုင်ရာအာဏာများကို ပြန်လည်ထူထောင်ခြင်းဖြင့် ဒေသခံ ပြည်သူ၏ လူနေမှုအဆင့်အတန်းကိုမြှင့်တင်ခြင်း၊ ပညာရေးအဆင့်မြင့်တင်ခြင်းသည် အထူးဒေသအစိုး ရနှင့် မဟာမိတ်တပ်မတော်မှ မျက်နှာလွဲရှောင်လွဲလို့မရသည့် သမိုင်းပေးတာဝန်ပင်ဖြစ်သည်။