နေ့ခင်းကြောင်တောင် အရပ်သားနေအိမ်ပေါ်သို့ ဝင်ရောက်လုယက်သော မြန်မာ့တပ်မတော်

ဒီဇင်ဘာလ ၂ ရက်

ဒီဇင်ဘာလ ၂ ရက်နေ့တွင် ကိုးကန့်ဒေသမြောက်ပိုင်း ဇုန်ကန်းရွာအုပ်စု ဇုန်ကန်းစျေးတွင် လုယက်မှု တစ်မှုဖြစ်ပွားခဲ့သည်။ အဆိုပါဒေသတွင် အခြေစိုက်နေထိုင်သော အစိုးရတပ်မတော်အမည်ခံသော မြန်မာ့တပ်မတော်သည် နေခင်းကြောင်တောင်တွင် ဒေသခံအရပ်သားနေအိမ်ကို အတင်းအဓမ္မဝင်ရောက် လုယက်မှုတစ်ခုဖြစ်ပွားခဲ့ကြောင်း သိရှိရသည်။

ဖြစ်စဉ်မှာ ဒီဇင်ဘာလ ၂ ရက်နေ့သည် ၄င်းဒေသ၏ ၅ ရက်တစ်ကြိမ် စျေးပတ်ရက်ဖြစ်ပြီး အရပ်သားတော်တော်များများမှာ စျေးကိုသွားရောက်လည်ပတ်နေကြသည်။  နေ့လည်ပိုင်းတွင် မြန်မာ့တပ်မတော်မှ တပ်မတော်သားတစ်ယောက်သည် အရပ်သားနေအိမ်တစ်အိမ်၏ အိမ်ရှေ့သို့ရောက်လာပြီး တံခါးလာခေါက်ခဲ့သည်။ နေအိမ်တွင် အမျိုးသမီးတစ်ဦးတည်းသာရှိသောကြောင့် တပ်မတော်သားကိုကြောက်ရှုံ့ပြီး တံခါးမဖွင့်ရဲခဲ့ပေ။ တံခါးမဖွင့်လျှင် လူမရှိဘူးဟု ထင်မှတ်ပြီး တပ်မတော်သားလည်း ထွက်ခွါသွားမည်ဟု ထင်မှတ်ထားသော်လည်း တပ်မတော်သားမှာ နံရံကိုကျော်လွားပြီး နေအိမ်သို့ဝင်ရောက်လာခဲ့ကာ အမျိုးသမီး၏ ပိုက်ဆံအိပ်ကို အတင်းအဓမ္မလုယက်ခဲ့သည်။ အမျိုးသမီးလည်း အော်ငိုပြီး အကူအညီးတောင်းခဲ့သော်လည်း တံခါးပိတ်ထားသည့်အတွက်ကြောင့် အိမ်နီးချင်းများက အချိန်မီမကူညီနိုင်ခဲ့ပေ။ အိမ်နီးချင်းများ နေအိမ်သို့ဝင်ရောက်လာချိန်တွင် တပ်မတော်သားမှာ အနောက်တံခါးမှတစ်ဆင့် ထွက်ပြေးသွားခဲ့ကြောင်း သိရသည်။

စျေးပတ်နေသောအရပ်သားများ ဒီသတင်းကို ကြားသိခဲ့ပြီးသည့်နောက်ပိုင်းတွင် မြန်မာ့တပ်မတော်ကို ဒေါသထွက်သည့်အပြင် မိမိတို့အသက်အိုးအိမ်းလုံခြုံမှုကိုလည်း တော်တော်စိတ်ပူနေကြသည်။ “မြန်မာတပ်မတော်က နေ့ခင်းကြောင်တောင်တွင်တောင်မှ လုရဲတယ်ဆိုတော့ မလုပ်ရဲတာဘာရှိအုန်းမလဲ”။

ဒီအမှုကို တရားခံက အခြေစိုက်မြန်မာ့တပ်မတော် တပ်စခန်းကို သွားရောက်တိုင်ကြားခဲ့သော်လည်း တပ်မတော်အရာရှိက ပြစ်မှုကျူးလွန်သူကို နှုတ်ဖြင့်သာ တစ်ခွန်းနှစ်ခွန်းဆုံးမခဲ့ပြီး မည်သည့်ပြစ်ဒဏ်ကိုမျှ ပေးခြင်းမပြုခဲ့ပေ။

တိုက်ပွဲများကြောင့် ကိုးကန့်ဒေသတွင် အခြေစိုက်နေထိုင်သော မြန်မာ့တပ်မတော်များမှာ ထိန်းချုပ်မှုကင်းမဲ့နေသော စစ်အာဏာရှင်သဖွယ်ဖြစ်နေကြပြီး ဒေသခံတိုင်း ရင်းသားများကို စည်းကမ်းမဲ့စွာဖြင့် ညှင်းပန်းနှိပ်စက်မှုများလည်းရှိနေကြသည်။ ဒေသခံတိုင်းရင်းသားများလည်း မိမိ၏အသက်အိုးအိမ်ကို စိုးရိမ်သောကြောင့် မပြောရဲ မဆိုရဲဖြစ်နေကြပြီး ဒုက္ခပေါင်းစုံကို ကြိတ်ကြိတ်ခံနေရသည်။ အချင်းချင်းကြားမှာတော့ “ဒီအမဲကောင်(မြန်မာ့တပ်မတော်)တွေ ဆက်ရှိနေရင် ကိုးကန့်က တော့နေထိုင်လို့မရ တော့ဘူး”လို့ပြောဆိုနေကြကြောင်း သိရှိရသည်။