မည်သူက မြန်မာ့ငြိမ်းချမ်းရေးလမ်းစဉ်ကို နှောင့်ယှက်ဖျက်စီးနေတာလဲ

20190

မည်သူက မြန်မာ့ငြိမ်းချမ်းရေးလမ်းစဉ်ကို နှောင့်ယှက်ဖျက်စီးနေတာလဲ

တိုင်းရင်းသားလက်နက်ကိုင် ညီနောင်အဖွဲ့မြို့ပေါ်ထိ လက်နက်ကိုင်တိုက်ခိုက်လာရသော အရင်းခံအကြောင်းအရင်းများ လေ့လာချက်

ရာစုဝက် (နှစ်ပေါင်း ၅၀ ကျော်)တိုင်တိုင် အာဏာရှင်ဆန်ဆန် တိုင်းပြည်အုပ်ချုပ်မင်းလုပ်လာခဲ့သော မြန်မာ့တပ်မတော်သည် တိုင်းရင်းသားမျိုးနွယ်စုများအပေါ်တွင် လက်နက်အားကိုးဖြင့် အမျိုးမျိုးဖိနှိပ်နေခဲ့သည်။ မြန်မာ့တပ်မတော်သည် စစ်သည်အင်အားအမြောက်အများဖြင့် ရာစုနှစ်ပေါင်းများစွာ နယ်စပ်ရှိတိုင်းရင်းသား မျိုးနွယ်စုများအပေါ်တွင် ရက်စက်စွာဖိနှိပ်မှုများကြောင့် တိုင်းရင်းသားလူနည်းစုများမှာ လက်နက်ကိုင်တော်လှန်ရုံ မှအပ အခြားရွေးစရာမရှိတော့ပေ။ ထိုကဲ့သို့ လက်နက်ကိုင်တော်လှန်မှသာလျှင် တိုင်းရင်းသားမျိုးနွယ်စုများမှာ အသက်ရှင်နေထိုင်ခွင့်၊ တန်းတူရည်တူခံစားပိုင်ခွင့်နှင့် ဖွံ့ဖြိုးတိုးတက်ရေးတို့အတွက် မြန်မာ့အမျိုသားဦးစားပေး ဝါဒီများ သတိမူလာကြမည် ဖြစ်သည်။

၂၀၁၈ ခုနှစ် ဒီဇင်ဘာလအကုန်တွင် မြန်မာ့တပ်မတော်မှ အချို့သောဒေသများအတွင်းတစ်ဖက်သတ် စစ်ပွဲများရပ်စဲမည်ဟု ကြေညာကာ ရှမ်းပြည်မြောက်ပိုင်း ငြိမ်းချမ်းရေးရပြီဟူသော ပုံရိပ်အတုကို ခုတုံးလုပ်ပြီး တိုင်းရင်းသား စည်းလုံးညီညွှတ်ရေးကို တိတ်တဆိတ်လျစ်လျူရှုခဲ့သည်။ ထို့နောက် မြန်မာ့တပ်မတော်သည် မြန်မာနိုင်ငံအနောက်ဘက်ရှိ ရခိုင် (AA) အဖွဲ့ကို စစ်အင်အားအဆမတန်တိုးချဲ့ပြီး အမြစ်ဖြတ်ကြွေးကြော်ကာ တိုက်ခိုက်နေခဲ့သည်။ AA အဖွဲ့၏ လူထုထောက်ခံမှုနှင့် လက်နက်အင်အားကို မြန်မာ့တပ်မတော်က လျော့တွက်ခဲ့သောကြောင့် ရခိုင်စစ်ပွဲတွင် မြန်မာ့တပ်မတော်၏ မှန်းချက်နဲ့ နှမ်းထွက်မကိုက်ခဲ့ပေ။

အစပိုင်းတွင် မြန်မာ့တပ်မတော်သည် AA အဖွဲ့ကို ၄ လအတွင်း အပြတ်ချေမှုန်းမည်ဟု ကြုံးဝါးခဲ့သော်လည်း ၄ လကျော်ပြီးကာလများတွင် AA သည် စစ်အင်အားတောင့်တင်းလာပြီး စစ်ဆင်ရေးများလည်း ကောင်းမွန်လာသည် ကို တွေ့ရှိခဲ့ရသည်။ ၎င်းနောက် မြန်မာ့တပ်မတော်သည် တစ်ဘက်သတ်အပစ်ရပ်သက်တမ်းကို နောက်ထပ် ၂ လ ထပ်တိုးခဲ့သည်။ ထိုသို့ အပစ်ရပ်သက်တမ်း ၂ လတိုးပြီး မြန်မာနိုင်ငံတော်အမိန့်အမည်ခံဖြင့် AA ခေါင်းဆောင် ၄ ဦးကို အကြမ်းဖက်တိုက်ဖျက်ရေးဥပဒေဖြင့် ဝရမ်းထုတ်ခဲ့သည်။

မြန်မာ့တပ်မတော်သည် စစ်ပွဲများကို အကြံအစည်ဖြင့် တစ်ဖက်သတ်ရပ်စဲရန်ကြေငြာပြီး ပုံမှန်ငြိမ်းချမ်းရေးဆွေးနွေးပွဲများကို အနှောင့်အယှက်ပေးကာ AA အဖွဲ့၏ စစ်အသုံးစရိတ်ကုန်ဆုံးသွားမည့် အချိန်ကောင်းကိုရရှိရန် စစ်ပွဲများကို ရပ်စဲချိန်သတ်မှတ်ပြီး နှောင့်နှေးကြံ့ကြာအောင် ပြရယ်ပြုချင်စရာ ပြုလုပ်နေခဲ့သည်။

ညီနောင်မဟာမိတ် သုံးဖွဲ့၏အခြေအနေသည်လည်း အထက်ပါအတိုင်း စစ်ရေးအသုံးစရိတ်မဖုံလုံ၊ နှောင့်နှေး ကြန့်ကြာမှုရလဒ်ဆိုးကို ခံစားနေရသော လက်နက်ကိုင်တိုက်ပွဲဝင် အဖွဲ့အစည်းများဖြစ်သည်။ တိုင်းပြည်ကို အခြေခံမှစ၍ ပြောင်းလဲစေချင်သည့် တော်လှန်ရေးရည်ရွယ်ချက်ကြောင့် ရန်သူ၏ အချိန်ဆွဲနှောင့်ယှက်မည့် ကစားကွက်နှင့် မကစားလိုတော့ပါ။

အထက်ပါအကြောင်းအရာများကို လေ့လာကြည့်ခြင်းအားဖြင့် ဩဂုတ်လ ၁၅ ရက်နေ့ တိုက်ခိုက်မှုများသည် မြန်မာ့တပ်မတော်၏ အချိန်ဆွဲအကြံအစည်နှင့် နှောင့်နှေးကြံ့ကြာနေသော ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များကို ဖောက်ထွက်စေလိုသော တိုက်ပွဲ ဖြစ်ခဲ့သည်။ စင်စစ်အားဖြင့် ညီနောင်မဟာမိတ် ၃ ဖွဲ့၏ စစ်ဆင်ရေးအစီအစဉ်သည် မြန်မာ့တပ်မတော်၏ ငြိမ်းချမ်းရေးလမ်းစဉ် နှောင့်နှေးကြံ့ကြာအောင်အချိန်ဆွဲမှု အကြံအစည်ကို အတိုင်းအတာ တစ်ခုအထိ အောင်မြင်စွာ ဖျက်ထုတ်ထိုးဖောက်နိုင်ခဲ့သည်။

တရုတ်ဘာသာမှ မြန်မာဘာသာသို့ ဆီလျော်အောင် ဘာသာပြန်ဆိုသည်

မူရင်းလင့် https://mp.weixin.qq.com/s/IYFxb_ytUQilc4sDpVvfCQ
Translate »