၂၀၁၉ ခုနှစ် သြဂုတ်လ(၂၇)ရက်ရှမ်းပြည်မြောက်ပိုင်းနှင့်ရခိုင်ဒေသအတွင်းဖြစ်ပွားခဲ့သော တိုက်ပွဲသတင်းများ

ရှမ်းမြောက်ဒေသနှင့် ရခိုင်ဒေသအတွင်း မြန်မာစစ်တပ်နှင့်မိမိတို့အကြားတိုက်ပွဲများမှာဆက်လက်ရှိနေခဲ့သည်။

(၁) သြဂုတ်လ(၂၇) ရက်နေ့၊နံနက် (၀၈း၄၅)နာရီမှ (၀၉း၀၀)နာရီအချိန်အထိ ကျောက်မဲမြို့နယ်၊မိုင်းငေါ့မြို့နယ်ခွဲ၊ကျောက်ဖြူရွာအထက် ၊လွယ်ဆိုင်တောင်ပေါ်တွင် မြန်မာစစ်တပ် တပ်မ (၉၉)နှင့်လည်းကောင်း၊

(၂) သြဂုတ်လ(၂၇) ရက်နေ့၊ မွန်းလွဲ(၁၂:၀၇) နာရီမှ (၁၂:၃၅) နာရီအထိ ကွတ်ခိုင်မြို့နယ်၊ မန်နောင်တွင် ခလရ-(၂၄၂)နှင့် လည်းကောင်း၊

(၃) သြဂုတ်လ(၂၇) ရက်နေ့၊ညနေ(၁၆:၁၅) နာရီမှ (၁၇:၀၀) နာရီအချိန်အထိကွတ်ခိုင်မြို့နယ်၊ မန်ပန်တောင်တွင် တပ်မ(၉၉)နှင့်လည်းကောင်း၊

(၄)သှဂုတလှ(၂၇) ရကနှေ့၊ညနေ (၁၆း၂၅)နာရီမှ (၁ရး၂၃) နာရီအခှိနအှထိ၊ကှတခှိုငမှှို့နယှ၊ရှုခငှးသာအနီးတှငလှညှးကောငှး

(၅) လားရှိုးအရှေ့ဖက် / သိန္နီမြို့တောင်ဖက်၊”မုန်ယန်း” အနီးတွင် နံနက်(၀၈:၀၀) နာရီမှ (၁၀:၀၀) နာရီအထိလည်းကောင်း တိုက်ပွဲများဖြစ်ပွားခဲ့သည်။

တပြိုင်နက်တည်းတွင်မြန်မာစစ်တပ်၏လက်နက်ကြီးဖြင့်ပစ်ခတ်တိုက်ခိုက်မှုအတွင်း အရပ်သားများသေဆုံးခြင်း၊ အရပ်သားအိမ်များထိမှန်သည့်အကြိမ်အရေအတွက်မှာပိုမိုမြင့်တက်လျှက်ရှိသည်။

ကွတ်ခိုင်မြို့နယ်၊ ကာလိုင်အုပ်စု၊ ပန်ဆေးကျေးရွာအတွင်းသို့ သြဂုတ်လ၊ (၂၆) ရက် ညနေ (၆း၃၀) အချိန်တွင် ကွတ်ခိုင်အခြေစိုက် မြန်မာစစ်တပ် ခလရ (၄၅)လက်နက်ကြီး (၇)လုံး ပစ်ခတ်ခဲ့သည်။ မြန်မာစစ်တပ် ပစ်ခတ်လိုက်သော လက်နက်ကြီးများသည် ပန်ဆေးရွာအတွင်း (၆) လုံး ကျရောက်ပေါက်ကွဲခဲ့ပြီး ရွာသား (၂) ဦးအား ထိမှန်ခဲ့သည်။ လက်နက်ကြီးထိမှန်ခံရသူမှာ ပန်ဆေးရွာနေ တာကွန်ဌေး နှင့် ယာမာဌေး တို့ လင်မယား (၂) ဦးဖြစ်သည်။

ထို့အပြင် သြဂုတ်လ(၂၀)ရက် နံနက်(၁၁:၅၀)နာရီအချိန်တွင်လည်း ခိုလုံအုပ်စု၊ဟွေအစ်ရွာနှင့် နမ့်ပါချီးရွာတွင် မြန်မာ့စစ်တပ်၊ကွတ်ခိုင်အခြေစိုက် ခလရ (၄၅) တပ်စခန်းမှ ရွာများသို့ ဦးတည်ကာ လက်နက်ကြီးများ ပစ်ခတ်မှုကြောင့် ရွာသားများထွက်ပြေးခဲ့ရသည်။

ပြီးခဲ့သည့် သြဂုတ်လ ၂၃ ရက် ည (၇:၅၀) နာရီဝန်းကျင်ခန့်တွင်လည်း ကွတ်ခိုင်အခြေစိုက် မြန်မာစစ်တပ် ခလရ (၄၅)မှ မာန်အောင်စုစည်းရွာထဲကို လက်နက်ကြီးများ ပစ်ခတ်ခဲ့မှုကြောင့် ရွာသား (၃)ဦးပြင်ထန်းစွာဒဏ်ရာရခဲ့ပါသည်။

၂၀၁၉ ခုနှစ်၊ သြဂုတ်လ (၁၈) ရက်နေ့မှ (၂၆) ရက်နေ့အထိ ကွတ်ခိုင်မြို့နယ် အနီးတစ်ဝိုက်ရှိ ရွာများသို့ လက်နက်ကြီး ပစ်ခတ်နေသည်မှာ (၈) ကြိမ်အထိရှိခဲ့ပြီဖြစ်သည်။

“ရခိုင်ဒေသအတွင်းတိုက်ပွဲများ”

ရခိုင်ဒေသအတွင်း၌ မင်းပြားမြို့နယ်၊ ပန်းမြောင်းရွာအရှေ့မြောက်ဖက်(၂.၈) ကီလိုမီတာအကွာအဝေး( ပွိုင့် ၂၀၃) တောင်ကုန်းရှိ မိမိတို့ တပ်ဖွဲ့အား လက်နက်ကြီးပစ်ကူများအပြင် ရဟတ်ယာဉ်များမှပေါ်မှ စက်သေနတ်၊ ရော့ကတ်များဖြင့်ပါ တိုက်ခိုက်နေခဲ့သည်။ သြဂုတ်(၂၃) ရက်မှစတင်ပြီး ထိုးစစ်ဆင်တိုက်ခိုက်နေခဲ့သည်မှာ လေးရက်ခန့်ရှှိခဲ့ပြီဖြစ်သည်။

သြဂုတ်(၂၄) နေ့၌ မြန်မာစစ်တပ်၏ ပန်းမြောင်းကျေးရွာအလယ်ရှိ ဘုရားတောင်တွင် တပ်စွဲထားသည့် လက်နက်ကြီးစခန်းမှပစ်ခတ်တိုက်ခိုက်မှုကြောင့် ကျေးရွာအတွင်းရှိလူနေအိမ်နှစ်အိမ်အား လက်နက်ကြီးကျည်ကျရောက်ပေါက်ကွဲခဲ့သည်။ ထို့ကြောင့် (၆) နှစ် နှင့်(၉) နှစ် အရွယ်ကျောင်းသားနှစ်ဦး၊ အသက်(၁၆) နှစ်အရွယ် ကျောင်းသူတစ်ဦးသေဆုံးခဲ့ပြီး (၄) ဦး ဒဏ်ရာ ရရှိခဲ့သည်။

သြဂုတ်လ(၂၇) ရက်၊ နံနက် (၁၀:၄၀) နာရီမှစတင်ပြီး Point-203 (ပွိုင့်-၂၀၃) တောင်ကုန်းအား မြေပြင်မှထိုးစစ်ဆင်တိုက်ခိုက်ခဲ့သကဲ့သို့ရဟတ်ယာဉ် နှစ်စင်းဖြင့်လည်း လာရောက်ပစ်ခတ်တိုက်ခိုက်ခဲ့သည်။ မြန်မာစစ်တပ်၏ ထိုးစစ်ကိုမိမိတို့အနေဖြင့်အကောင်းဆုံးခုခံတိုက်ခိုက်နိုင်ခဲ့သည်။ ယနေ့ရန်သူ့ထိုးစစ်အတွင်း မိမိတို့ဖက်မှ စစ်သည်တော်နှစ်ဦး အသက်ပေးဆပ်စွန့်လွှတ်ခဲ့ရသည်။

နောက်ဆက်တွဲ တိုက်ပွဲသတင်းများအား အချိန်နှင့်တပြေးညီတင်ပေးသွားပါမည်။

ညီနောင်မဟာမိတ် (၃) ဖွဲ့

MNTJP/MNDAA, PSLF/TNLA, ULA/AA

Translate »