၂၀၁၉ ခုနှစ် သြဂုတ်လ (၁၈)ရက် ရှမ်းပြည်မြောက်ပိုင်းနှင့် ရခိုင်ဒေသအတွင်းဖြစ်ပွားခဲ့သော တိုက်ပွဲသတင်းများ

ယနေ့ သြဂုတ် ၁၈ ရက်၌ မြန်မာစစ်တပ် နှင့် မဟာမိတ်ညီနောင်တပ်ဖွဲ့တို့သည် “နမ့်ကွတ်ရွာ” “ကွတ်ခိုင်မြို့” ပတ်ဝန်းကျင်တို့၌တိုက်ပွဲများအသီးသီးဖြစ်ပွားခဲ့သည်။

နမ့်ကွတ်ရွာပတ်ဝန်းကျင်၌ ၀၉:၄၀ မှ ၁၇:၀၀ အထိ တိုက်ပွဲများတစ်နေ့လုံးနီးပါးတောက်လျှောက်ဖြစ်ပွားခဲ့သည်။

(၁) နံနကှ  ၀၉း၄၀ နာရီမှ ၁၀း၃၀ နာရီ အခှိနထှိ ကှတခှိုငမှှို့နယှ ၊”နမှ့ကှတရှှာ”အနီးတှငှ မှနမှာစဈတပှ၊ ခမရ (၄၅) နှငှ့လညှးကောငှး

(၂) နေ့လည် ၁၂း၀၀ နာရီမှ ၁၃း၃၀ နာရီအချိန်ထိ ကွတ်ခိုင်မြို့နယ် “နမ့်ကွတ်ရွာ”အနီးတွင် မြန်မာစစ်တပ် ခမရ (၄၅) နှင့် လည်းကောင်း

(၃) ညနေ  ၁၆း၁၀ နာရီမှ ၁ရး၀၀ နာရီအခှိနထှိ ကှတခှိုငမှှို့နယှ ၊”နမှ့ကှတရှှာ”အနီးတှငှ မှနမှာစဈတပှ ခမရ (၄၅) နှငှ့လညှးကောငှး

(၄)နံနကှ  ၁၀း၃၀ နာရီအခှိနတှှငှ ကှတခှိုငမှှို့ မှနမှာစဈတပှ၊ ခမရ (၄၅)တပစှခနှးတှငလှညှးကောငှး

(၅) နေ့လည် ၁၂း၀၀ နာရီမှ ၁၂း၃၀ နာရီအချိန်ထိ ကွတ်ခိုင်မြို့နယ် နမ့်ခိုင်တံတားအနီးတွင် မြန်မာစစ်တပ်  ခလရ (၂၉၀)နှင့်လည်းကောင်း

(၆) နံနက် ၉း၀၀ နာရီမှ ၁၂း၀၀ နာရီအချိန်ထိ နာဒီရွာအနီး “ကုန်တားရာခုတ်” ဒေသတွင် လည်းကောင်း

မြန်မာစစ်တပ်နှင့်ညီနောင်မဟာမိတ်တို့ နေရာ(၆) ခု၌တိုက်ပွဲများအသီးသီးဖြစ်ပွားခဲ့သည်။

မြန်မာစစ်တပ်ဖက်မှ အထိအခိုက်များသဖြင့် ညနေ ၁၄း၀၀ နာရီအချိန်တွင် တောင်သုံးဆယ်နှင့် နမ့်ကွတ် နားတစ်ဝိုက် ရဟတ်ယာဉ် (၂) စီး ဖြင့် မိနစ် ၂၀ နီးပါးလာရောက်ပစ်ခတ်တိုက်ခိုက်ခဲ့သည်။

ရခိုင်ဒေသအတွင်း၌လည်း ရသေ့တောင်၊မြေပုံ နှင့် ဘူးသီးတောင်မြို့နယ်များ၏ နေရာ(၃) ခု၌တိုက်ပွဲများဆက်လက်ပြင်းထန်နေခဲ့သည်။ ရခိုင်ဒေသ၌ယနေ့ဖြစ်ပွားခဲ့သောနေရာ(၃) ခု၌ မြန်မာစစ်တပ်ဖက်မှ (၂၅) ဦးခန့်သေဆုံးခဲ့ပြီး ဒဏ်ရာရသူများလည်းထပ်မံရှိခဲ့သည်။

၂၀၁၉ ခုနှစ်၊သြဂုတ်လ(၁၈) ရက်နေ့၊နံနက်(၈) နာရီ(၂၆) မိနစ်တွင် ရသေ့တောင်မြို့နယ်၊ “မညင်းတောင်ရွာ” နှင့် “ပြိန်တောရွာ(ပြိန်းတောရွာ)” အကြား၌လည်းကောင်း၊ နံနက်(၁၀)နာရီ(၅၅) မိနစ်ခန့်အချိန်တွင် ရသေ့တောင်မြို့နယ်၊ အမျက်တောင်ရွာ နှင့် “ငစံဘော်ရွာ” အကြား၌လည်းကောင်းမြန်မာစစ်တပ်၏ အင်အား(၁၇၀) ပါစစ်ကြောင်းအား ရက္ခိုင့်တပ်တော်မှအဆင့်ဆင့်ဖြတ်တောက်တိုက်ခိုက်ခဲ့သည်။ ရန်သူ(မြန်မာစစ်တပ်)သည် မိမိတို့အားတိုက်ခိုက်ရန်ဝင်ရောက်လာသောကြောင့် ယခုကဲ့သို့ အဆင့်ဆင့် ဖြတ်တောက်တိုက်ခိုက်ရခြင်းဖြစ်သည်။ ဤကဲ့သို့ အဆင့်ဆင့်ဖြတ်တောက်တိုက်ခိုက်မှုအတွင်း ရန်သူ့ဖက်မှ အနည်းဆုံး(၅) ဦးကျဆုံးခဲ့သည်။ ဒုတိယ အကြိမ်တိုက်ခိုက်မှုအပြီးတွင် ရန်သူသည် ရှေ့ဆက်တိုးလာခြင်းမရှိသောကြောင့် နောက်ထပ်တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ ခေတ္တရပ်တန့်နေခဲ့သည်။

၂၀၁၉ ခုနှစ်၊ သြဂုတ်လ(၁၈) ရက်၊ နေ့လည်(၁) နာရီခန့်အချိန်တွင် မြေပုံမြို့နယ်၊ “လျှောက်ခြုံရွာ” အနောက်ဖက်(၂.၄) ကီလိုမီတာအကွာအဝေးတွင် မြန်မာစစ်တပ်၏ သံတွဲအခြေစိုက်၊ ခမရ(၅၆၆) တပ်ရင်း နှင့် ရက္ခိုင့်တပ်တော်၊လှုပ်ရှားစစ်ကြောင်းတို့ တိုက်ပွဲဖြစ်ပွားခဲ့သည်။ မိနစ်အနည်းငယ်ကြာ လျှပ်တပြက်တိုက်ခိုက်မှုအတွင်း ရန်သူ့ဖက်မှမျက်မြင် (၁၀) ဦးခန့်သေဆုံးကာ ဒဏ်ရာရသူအချို့လည်း ထပ်မံရှိခဲ့သည်။ ထို့နောက်ရန်သူသည် နေရာအနှံ့ရမ်းသန်းပစ်ခတ်တိုက်ခိုက်နေခဲ့သည်။

၂၀၁၉ ခုနှစ်၊ သြဂုတ်လ(၁၈) ရက်၊ နံနက်(၁၁) နာရီ(၃၀) မိနစ်အချိန်ခန့်တွင် ဘူးသီးတောင်မြို့နယ်၊”ဂေါင်းတိုက်” (ကုလား) ရွာ၏ အရှေ့ဖက်(၁) ကီလိုမီတာအကွာအဝေး၌မြန်မာစစ်တပ်၏အင်အား(၁၀၀) ခန့်ပါ စစ်ကြောင်း တစ်ခုအား ရက္ခိုင့်တပ်တော် ကွန်မန်ဒိုများမှ (၁၅) မိနစ်ခန့်လျှပ်တပြက်ဝင်ရောက်စီးနင်းတိုက်ခိုက်ခဲ့သည်။ အငိုက်မိသွားသည့်ရန်သူ(၁၀) ဦး(မျက်မြင်) အားသုတ်သင်ရှင်းလင်းနိုင်ခဲ့သည်။ ထို့နောက် ခမရ(၅၅၁) မှလက်နက်ကြီး၊ပစ်ကူများဖြင့် တောက်လျှောက်ပစ်ခတ်တိုက်ခိုက်နေခဲ့သည်။

ညီနောင်မဟာမိတ် (၃) ဖွဲ့

MNTJP/MNDAA, PSLF/TNLA, ULA/AA

Translate »