နေ့ခင်းကြောင်တောင် အရပ်သားနေအိမ်ပေါ်သို့ ဝင်ရောက်လုယက်သော မြန်မာ့တပ်မတော်

ဒီဇင်ဘာလ ၂ ရက် ဒီဇင်ဘာလ ၂ ရက်နေ့တွင် ကိုးကန့်ဒေသမြောက်ပိုင်း ဇုန်ကန်းရွာအုပ်စု ဇုန်ကန်းစျေးတွင် လုယက်မှု တစ်မှုဖြစ်ပွားခဲ့သည်။ အဆိုပါဒေသတွင် အခြေစိုက်နေထိုင်သော အစိုးရတပ်မတော်အမည်ခံသော မြန်မာ့တပ်မတော်သည် နေခင်းကြောင်တောင်တွင် ဒေသခံအရပ်သားနေအိမ်ကို အတင်းအဓမ္မဝင်ရောက် လုယက်မှုတစ်ခုဖြစ်ပွားခဲ့ကြောင်း သိရှိရသည်။ ဖြစ်စဉ်မှာ ဒီဇင်ဘာလ ၂ ရက်နေ့သည် ၄င်းဒေသ၏ ၅ ရက်တစ်ကြိမ် စျေးပတ်ရက်ဖြစ်ပြီး အရပ်သားတော်တော်များများမှာ စျေးကိုသွားရောက်လည်ပတ်နေကြသည်။  နေ့လည်ပိုင်းတွင် မြန်မာ့တပ်မတော်မှ တပ်မတော်သားတစ်ယောက်သည် အရပ်သားနေအိမ်တစ်အိမ်၏ အိမ်ရှေ့သို့ရောက်လာပြီး တံခါးလာခေါက်ခဲ့သည်။ နေအိမ်တွင် အမျိုးသမီးတစ်ဦးတည်းသာရှိသောကြောင့် တပ်မတော်သားကိုကြောက်ရှုံ့ပြီး တံခါးမဖွင့်ရဲခဲ့ပေ။ တံခါးမဖွင့်လျှင် လူမရှိဘူးဟု ထင်မှတ်ပြီး တပ်မတော်သားလည်း ထွက်ခွါသွားမည်ဟု ထင်မှတ်ထားသော်လည်း တပ်မတော်သားမှာ နံရံကိုကျော်လွားပြီး နေအိမ်သို့ဝင်ရောက်လာခဲ့ကာ အမျိုးသမီး၏ ပိုက်ဆံအိပ်ကို အတင်းအဓမ္မလုယက်ခဲ့သည်။ အမျိုးသမီးလည်း အော်ငိုပြီး အကူအညီးတောင်းခဲ့သော်လည်း …

နေ့ခင်းကြောင်တောင် အရပ်သားနေအိမ်ပေါ်သို့ ဝင်ရောက်လုယက်သော မြန်မာ့တပ်မတော် Read More »