ကိုးကန့်ပိုင်နက်ပြောင်းလဲခြင်း၊ အာဏာပိုင်ပြောင်းလဲခြင်းနှင့် သမိုင်းစာမျက်နှာများ ပြန်လှန်ခြင်း

အေဒီ(၆၉)ခုနှစ်တွင် ကိုးကန့်ဒေသသည် အရှေ့ဟန်မင်းဆက်ယုန်ချန်းခရိုင်လက်အောက်သို့ သိမ်းပိုက် ခံခဲ့ရသည်။ တရုတ်သမိုင်းကြောင်းမင်းဆက်ပြောင်းလဲလာသည်နှင့်အမျှ ကိုးကန့်ဒေသသည် ယုန်ချန်း ခရိုင်လက်အောက် (ယင်းခရိုင်မှာ ယခုတရုတ်နိုင်ငံယူနန်ပြည်နယ်အနောက်ဘက်၊မြန်မာနိုင်ငံ ကချင်ပြည်နယ် နှင့် ရှမ်းပြည်နယ်အရှေ့ဘက်ပိုင်းနယ်မြေနှင့်ညီမျှသည်။)၊ နန်နင်စီရင်စု၊ ကျန့်နန်ဒေါင့်ယောင်စီရင်စု၊ ယုန်ချန်းပြည် နယ်ခွဲ၊ ယုန်ချန်းစီရင်စု၊ ယူနန်ပြည်နယ်၊ ယူနန်ပြည်နယ်ယုန်ချန်းပြည်နယ်ခွဲ၏ အုပ်ချုပ်ရေးနယ်မြေအောက် သို့အသီးသီးကျရောက်ခဲ့သည်။

အေဒီ၁၃၈၂ခုနှစ်တွင် ကိုးကန့်ဒေသသည် မင်မင်းဆက်လက်အောက်သို့သိမ်းပိုက်ခံခဲ့ရသည်။ မင်မင်းဆက် သည် ယူနန်ကိုနှိမ်နှင်းအောင်မြင်ခဲ့ပြီး စစ်တပ်၊ကုန်သည်တပ်၊ပြည်သူ့တပ်စနစ်များကို လှုံ့ဆော်တိုက်တွန်းခဲ့သည်။ ယနေ့‌ခေတ်ကျိမ့်ခန်းခရိုင် (ကိုးကန့်ဒေသ၏အိမ်နီးချင်းဖြစ်သည့် နန်ဆန်မြို့)တွင်မြို့တော်တစ်ခုတည်ထောင်ခဲ့ သည်။ ထိုအချိန်မှစ၍ အလယ်ပိုင်းမြေပြန့်ဒေသမှဟန်လူမျိုးတို့သည် ကိုးကန့်လက်အောက်သို့ အလျိုလျို ရွေ့ပြောင်းနေထိုင်ခဲ့ကြသည်။

အေဒီ၁၃၂၅ခုနှစ် ၊၁၅၆၇ခုနှစ်တွင် သိန္နီနယ်(ယခုမြန်မာနိုင်ငံ၏လားရှိုးမြို့နှင့်ကွတ်ခိုင်မြို့အကြားတွင် ရှိသည်၊ မြန်မာအခေါ် သိန္နီဟုခေါ်သည်) မှ သုံးကြိမ်တိုင်တိုင်ကိုးကန့်ဒေသကို ကျူးကျော်တိုက်ခိုက်ခဲ့သည်။ ၎င်းအကြိမ်ထဲမှာမှ ၁၅၆၇ခုနှစ်၏ ကျူးကျော်စစ်မှာ ၁၄နှစ်ခန့်ကြာမြင့်ခဲ့သည်။ ၁၅၈၁ခုနှစ်တွင် မင်မင်းဆက်သည် စစ်သူကြီးတိန့်ကျိလုံဦးဆောင်သည့် စစ်သည်ရဲမက်များဖြင့် ရှီးတန်းခရိုင်ရောင်ကွမ်းပြည်နယ် (ယနေ့ခေတ် ယူနန်ပြည်နယ် ပေါင်ရှန်းမြို့နေရာ)သို့ချီတတ်၍ သန္နီ၏ကျူးကျော်ဝင်ရောက်မူကို တွန်းလှန်တိုက်ထုတ်ပြီး ကိုးကန့်ဒေသကို ပြန်လည်သိမ်းယူခဲ့သည်။

၁၆၅၈ခုနှစ်တွင် တရုတ်မင်းဆက်အပြောင်းအလဲဖြစ်ပေါ်ခဲ့ပြီး တောင်ပိုင်းမင်မင်းဆက် မင်းဧကရာဇ်ရုံလိ သည် မြန်မာနိုင်ငံတွင်းသို့ထွက်ပြေးခိုလှုံခဲ့ရသည်။ လီတိကော်၊ ပိုင်ဝေရွှမ်တို့ဦးဆောင်သည့် တောင်သူလယ် သမားထုကြီးက ရဲမက်အင်အားဖြည့်၍ကိုးကန့်၊သိန္နီထိ ဧကရာဇ်မင်းအားစောင့်ရှောက်ချီတတ်ခဲ့ကြသည်။၁၆၅၉ခု နှစ်တွင် ကိုးကန့်ဒေသတစ်ခုလုံး ကျိမ့်ခန်းခရိုင်၊ယုန်ချန်းစီရင်စု၊ယူနန်ပြည်နယ် လက်‌အောက်သို့ရောက်ရှိသွားပြီး အုပ်ချုပ်မှုနယ်မြေ အပိုင်း(၆)ပိုင်း ပိုင်းခြားကန့်သတ်ခဲ့သည်။ ၎င်းနယ်မြေကို မာလီဘာ ဟုခေါ်ဝေါ်ခဲ့ကြသည်။ (မာလီဘာဆိုသည်မှာ ကိုးကန့်ဒေသ၏အခေါ်အဝေါ်နောက်တစ်မျိုးဖြစ်သည်။)

၁၇၃၉ခုနှစ်တွင် ဟုန်စီဟန်ဇာတိဖြစ်သော ရန်ရှန့်ချိုင်သည် ထိုချိန်ကမာလီဘာအကြီးအကဲဖြစ်သည့် ချိန်ဖု့မာ နေရာကိုရယူ၍ ရှင့်တာဟု အကြီးအကဲအဖြစ်ရပ်တည်ခဲ့ပြီး  ကြာကျိစုသို့ ပြောင်းရွေ့နေထိုင်ခဲ့သည်။

၁၈၄၀ခုနှစ်တွင် ရန်ရှန့်ချိုင်သည်မြေးဖြစ်သူရန်ကော်ဟွာကို နေရာဆက်ခံစေပြီး ၎င်းအား မန်ချူးမင်းဆက် မှ အမွေဆက်ခံကိုးကန့်ခေါင်းဆောင်အဖြစ် ခန့်အပ်တင်မြောက်ခဲ့သည်။ ဤသို့ဖြင့် ယနေ့ကိုးကန့်ဖြစ်လာမည့် ဒေသ၏ အမွေဆက်ခံခေါင်းဆောင်များမှာ ရန်မျိုးနွယ်ဖြစ်လာခဲ့သည်။ ၁၈၈၅ ခုနှစ်တွင် ဗြိတိသျှတပ်များ မြန်မာတစ်နိုင်ငံလုံးနီးပါးသို့ ကျူးကျော်ဝင်ရောက်လာပြီး ကိုးကန့်ဒေသအပါအဝင်ဖြစ်သည့် တရုတ်နိုင်ငံအနောက် တောင်ဘက်နယ်စပ်ကို ထိပါးလာခဲ့သည်။ ၁၈၈၆ခုနှစ်တွင် ဗြိတိသျှဖက်မှ ကိုးကန့်ဒေသအား အိန္ဒိယ လက်အောက်ခံမြန်မာနိုင်ငံ၏ ကိုလိုနီနယ်မြေတစ်ခုဖြစ်သည့် သိန္နီနယ်၏လက်အောက်သို့ တစ်ဖက်သတ် ထည့်သွင်းခဲ့သည်။ ကိုးကန့်ခေါင်းဆောင်ကို “ကိုးကန့်ဆွေစဉ်မျိုးဆက်လေ့ကျင့်ရေးခေါင်းဆောင်” အဖြစ်အမည်သမုတ်ပြီး အကြီးအကဲအစား “စော်ဘွား” အဖြစ်ပြောင်းလဲခေါ်ဝေါ်စေခဲ့သည်။ ၁၈၉၂ ခုနှစ်တွင် ကွမ်လုံနေဗြိတိသျှစစ်တပ်မှ ထိုခေတ် ကိုးကန့် စော်ဘွားဖြစ်သည့် ရန်ကော်ကျိန့် ကိုသွားရောက်တွေ့ဆုံခဲ့ပြီး အိမ်ထောင်စုစာရင်းမှတ်တမ်းတင်ခြင်း ကို စတင်လုပ်ဆောင်ခဲ့သည်။ ဘိန်းစိုက်ပျိုးရေးကို တိုက်တွန်းလှုံ့ ဆော်ခဲ့သည့်အပြင် နှစ်စဉ်နှစ်တိုင်း ကိုးကန့်ဒေသမှ သိန္နီနယ်သို့ ငွေချောင်း၄၀၀အောင်စ (တရုတ်အောင်စ) ဆက်သပေးဆောင်ရန် သတ်မှတ်ခဲ့သည်။ ထိုအချိန်မှစ၍ ကိုးကန့်ဒေသနှင့်ဘိန်းစိုက်ပျိုးရေး စတင်ဆက်နွယ် ရာလမ်းစဖြစ်သည်။

၁၈၉၄ခုနှစ် 《တရုတ်-ဗြိတိသျှ၏ ယူနန်မြန်မာစီးပွားရေးစည်းမျည်းစည်းကမ်းဆိုင်ရာ ဆွေး‌‌နွေးညှိနှိုင်းမှု》ကို တရုတ်အင်္ဂလိပ်နှစ်ဘာသာဖြင့် လန်ဒန်မြို့၌ စာချွန်လဲလှယ်ခဲ့ကြသည်။ ဗြိတိသျှဘက်မှ သိမ်းပိုက်ထား သည့်ကိုးကန့်ဒေသ၊ သိန္နီနယ်ကို တရုတ်နိုင်ငံသို့ပြန်လည်အပ်နှံကြောင်းသဘောတူညီခဲ့သည်။ ၁၈၉၅ခုနှစ် ဒီဇင်ဘာလတွင် မန်ချူးမင်းဆက်မှ စစ်ဆောင်ပန္နားဒေသ၏ မှိုင်းရှူး နှင့် မှိုင်းသာ နှစ်နေရာကို ပြင်သစ်နိုင်ငံ သို့ခွဲဝေပေးအပ်ခြင်းကိစ္စရပ်အား ဗြိတိသျှဘက်က ကန့်ကွက်ခဲ့သည်။ ၁၈၉၄ခုနှစ် တရုတ်-ဗြိတိသျှစည်းကမ်း ချက်များကို အလေးထားဆောင်ရွက်ရန်တောင်းဆိုခဲ့သည်။ ၁၈၉၆ ခုနှစ် ဒီဇင်ဘာလတွင် ဗြိတိသျှတပ်ဦးစီးချုပ် ဂျိုဆင်သည် အောက်စဖို့ရှီးယားဒေသရှိ ရဲမက်အင်အား ၇၅ယောက်ကို ဦးဆောင်၍ လောက်ကိုင်မြို့တွင် ဝင်ရောက်စခန်းချခဲ့သည်။

၁၈၉၇ခုနှစ်မေလ၆ရက်နေ့တွင် 《တရုတ်-ဗြိတိသျှ၏ ယူနန်မြန်မာစီးပွားရေးစည်းမျည်းစည်းကမ်းဆိုင်ရာ ထပ်မံဖြည့်စွက်ချက်ဆွေး‌‌နွေးညှိနှိုင်းမှု》များကို တရုတ်-အင်္ဂလိပ်နှစ်ဘာသာဖြင့် တရုတ်နိုင်ငံပီကင်းမြို့တွင် ထပ်မံဆွေးနွေးသဘောတူလက်မှတ်ရေးထိုးလဲလှယ် ခဲ့ကြသည်။ ကိုးကန့်ဒေသမှာ ဗြိတိသျှအိန္နိယမြန်မာကိုလိုနီ လက်အောက်သို့ တရားဝင်ရောက်ရှိသွားသည်။ ဒီဇင်ဘာလတွင် ထိုနေ့ခေတ်ကဗြိတိသျှလက်အောက်ခံ စော်ဘွား ရန်ကော်ကျိန့်အား “ATM” ရွှေတံဆိပ်အားချီးမြင့်ခဲ့သည်။

၁၉၃၀တွင် ဗြိတိသျှသာသနာပြုသင်းအုပ်ဆရာရန်သည် ကျန်းရှီးပြည်နယ်မှ (ယခုခေတ် အနောက်ဘက်ကိုးကန့်၊ မြောက်ဘက်ပိုင်းတွင်ကွတ်ခိုင် အဖြစ်တည်ရှိနေသည့်နေရာဒေသ) ကိုးကန့်အလယ်ပိုင်းရှင်းထန်သို့ ဝင်ရောက်လာ ခဲ့သည်။ လီဆူးမျိုးနွယ်စုနေထိုင်သောရွာတွင် ခရစ်ယာန်ဘာသာကိုကိုးကွယ်ရန် စည်းရုံးသိမ်းသွင်းမှုစတင်ခဲ့သည်။  ၁၉၃၁ ခုနှစ်တွင် ရန်ကုန်ရှိ ဗြိတိသျှအုပ်ချုပ်ရေးမှူးသည် ကိုးကန့်သို့လာရောက်၍စစ်ဆေးကြည့်ရှုခဲ့ပြီး ထိုခေတ်က စော်ဘွား ရန်ဝမ်ချန်ကို “TDM” ဆုလက်မှတ်နှင့်ငွေဓါးကို ချီးမြင့်မြောက်စားခဲ့သည်။ ၁၉၃၆တွင် စော်ဘွား၏ ညီအရင်း ရန်ဝမ်ချန်မှအရင်းအနှီးထုတ်၍ ကြာကျိစုကျေးရွာတွင် ဒေသတွင်းပထမဆုံးအကြိမ်အဖြစ် တရုတ်စာပေ သင်ကြားရေး‌ကျောင်းကို စတင်တည်ထောင်ခဲ့ပြီး “ချီမင်မူလတန်းကျောင်း” ဟုအမည်ပေးခဲ့သည်။

          ၁၉၄၂ခုနှစ်တွင် ဂျပန်စစ်တပ်မှ မြန်မာနိုင်ငံလားရှိုးမြို့သို့စစ်ကျူးကျော်ခဲ့သည်။ ထို့အပြင် ကိုးကန့်ဒေသ စော်ဘွား ရန်ဝမ်ဖင်းအား ဝန်မင်းစေလွှတ်၍ ၎င်းဂျပန်စစ်တပ်နှင့်ဆွေးနွေးညှိနှိုင်းမှုလုပ်ဆောင်ရန် တိုက်တွန်း ခံခဲ့ရသည်။ သို့ပေမဲ့ ဂျပန်စစ်တပ်၏အဓိပ္ပာယ်မဲ့တောင်းဆိုချက်များကြောင့် ဆွေးနွေးညှိနှိုင်းမှုတွင်အဖြေရလဒ်မ ရရှိခဲ့ပါ။ စော်ဘွား ရန်ဝမ်ဖင်းသည် တရုတ်နိုင်ငံ၏ “နိုင်ငံတကာလေ့လာရေးနှင့်လုံခြုံရေးဌာန”သို့ ဆက်သွယ် အကူအညီတောင်းဆိုခဲ့ပြီး ယင်းဌာနနှင့်လက်တွဲဆောင်ရွက်၍ ဂျပန်စစ်တပ်ကိုတိုက်ထုတ်ရန်ဆုံးဖြတ်ခဲ့သည်။ ထို့နောက်တွင် တရုတ်၏ နိုင်ငံတကာလေ့လာရေးနှင့်လုံခြုံရေးဌာနချုပ်မှ ရန်ဝမ်ဖင်းအား ဗိုလ်မှူးကြီးရာထူးကို အပ်နှင်းခဲ့သည်။ ကိုးကန့်ဒေသမှ ဂျပန်ကိုတိုက်ထုတ်သည့်စစ်သည်ရဲမက်အင်အားမှာ တရုတ်နိုင်ငံ၏ နိုင်ငံတကာ လေ့လာရေးနှင့်လုံခြုံရေးဌာန၏ အဖွဲ့နံပတ်(၁၁)တပ်ဖွဲ့ဝင်များဖြစ်သည်။ ၁၉၄၃ခုနှစ်တွင် စော်ဘွား ရန်ဝမ်ဖင်း သည် ချုံချင့်သို့စစ်ရေးစစ်ရာကိစ္စများကို သွားရောက်အစီရင်ခံတင်ပြခဲ့ရာ ကော်မတီဝင် ကျန်ဂျဲ့စင်မှလက်ခံတွေ့ ဆုံခဲ့သည်။ ထို့အပြင် “ကောင်းကင်ပြာ၊အဖြူရောင်နေမင်း၊အနီရောင်ကမ္ဘောမြေ” ရွှေတံဆိပ် နှင့်အခြားဓားလက် ဆောင်များကို လက်ဆောင်ချီးမြင့်ခြင်းခံခဲ့ရသည်။ ၁၉၄၅ခုနှစ် သြဂုတ်လ ၁၅ရက်နေ့တွင် ဂျပန်စစ်တပ်မှ လက်နက်ချ အလျော့ပေးကြောင်း ကြေငြာလိုက်ပြီးနောက် တရုတ်တပ်များလည်းကိုးကန့်ဒေသမှ တပ်ဆုတ်ခဲ့ကြ သည်။ ထိုချိန်မှစ၍ စော်ဘွား ရန်ဝမ်ဖင်း သည် ကိုယ်ပိုင်ကာကွယ်ရေးတပ်ဖွဲ့အား လက်နက်ကိုင်တပ်ဖွဲ့ အဖြစ်ဖွဲ့စည်း၍ သုံးနှစ်ကြာစစ်မှုထမ်းရခြင်းစနစ်ကို စတင်ကျင့်သုံးခဲ့သည်။

          ၁၉၄၆ခုနှစ်တွင် စော်ဘွား ရန်ဝမ်ဖင်း မှနေရာလွဲပြောင်းအပ်နှံကြောင်းကြေငြာခဲ့သည်၊ သားဖြစ်သူ ရန်ကြီးဆိုင် နေရာဆက်ခံပြီး အုပ်ချုပ်ရေး၊ တရားစီရင်ရေး၊ စက်မှုနှင့် လူမူရေးများတွင် ပြုပြင်ပြောင်းလဲမှု များကို စတင်ဆောင်ရွက်ခဲ့သည်။

          ၁၉၄၇ခုနှစ် မြန်မာနိုင်ငံမှလွတ်လပ်ရေးရရှိရန်ပြင်ဆင်နေချိန် ဖေဖော်ဝါရီလ၉ရက်နေ့တွင် ရန်ကြီးဆိုင် သည် ဗိုလ်ချုပ်အောင်ဆန်း၏ဖိတ်ကြားမှုအရ ပင်လုံအစည်းအဝေးသို့တက်ရောက်ခဲ့သည်။ အစည်းအဝေးတွင် တိုင်းရင်း သားလူမျိုးစုများ မြန်မာနိုင်ငံပြည်ထောင်စုအတွင်းသို့ဝင်ရောက်၍ လွတ်လပ်ရေးရရှိဖို့အတူတကွ ကြိုးပမ်းကြရန် သဘောတူညီမှုရရှိခဲ့ပြီး 《ပင်လုံစာချုပ်》ကို ရေးထိုးခဲ့ကြသည်။ ၁၉၄၈ခုနှစ် ဇန်နဝါရီလ ၄ရက်နေ့တွင် ကိုးကန့်စော်ဘွားသည် မြို့သစ်တွင် စစ်တပ်နှင့်အရပ်သားဆန္ဒပြပွဲကျင်းပခဲ့ပြီး ဗြိတိသျှအလံ ကိုမြေချခဲ့သည်။

ဖေဖော်ဝါရီလတွင် ရန်ကြီးဆိုင်သည် ပြည်ထောင်စုလွှတ်တော်အမတ်ဝင်တစ်ဦးဖြစ်လာခဲ့ပြီး ရှမ်းပြည်နယ် ဘဏ္ဍာရေးဝန်ကြီးအဖြစ်လည်း တာဝန်ထမ်း‌ဆောင်ခဲ့သည်။ ၁၉၅၀ခုနှစ် ဇွန်လတွင် ရန်ကြီးဆိုင်သည် ပြည်ထောင်စုမြန်မာနိုင်ငံ ၏ကိုယ်စားလှယ်အဖွဲ့ဝင်တစ်ဦးအဖြစ် အမေရိကန်နိုင်ငံတွင်ကျင်းပသော ဆဌမအကြိမ် မြောက် ကုလသမဂ္ဂအထွေထွေညီလာခံသို့ တတ်ရောက်ခဲ့သည်။ အသွားအပြန်ကြာချိန် လေးလခန့်ကြာရှည်ခဲ့ သည်။ နိုဝင်ဘာလတွင် ရန်ကြီးဆိုင်သည် အောက်လွှတ်တော်အမတ်နှင့် နိုင်ငံခြားရေးဝန်ကြီးဌာန၏ အတွင်း ရေးမှူးအဖြစ် တာဝန်ပေးအပ်ခြင်းခံရပြီး ရန်ကုန်မြို့သို့ပြောင်းရွေ့နေထိုင်ခဲ့သည်။ ၁၉၅၁ခုနှစ်တွင် ကိုးကန့် အုပ်ချုပ်မှုနယ်မြေတွင် ဂျပန်စစ်တပ် ကိုဆန့်ကျင်သည့်တိုက်ပွဲတွင် ကျဆုံးခဲ့သည့်စစ်သားများ၊ အရာရှိများအတွက် မော်ကွန်းကမ္ဗည်းကျောက်တိုင်များ ကို တာရွှေထန်၊လောက်ကိုင်အဝင်ဝတွင် စိုက်ထူခဲ့သည်။ ၁၉၅၃ခုနှစ်တွင် ပြည်ထောင်စုအစိုးရပြည်ထဲရေးဝန်ကြီးစိုးမင်း ဦးဆောင်သည့်အဖွဲ့မှာ ပထမဆုံးအကြိမ်ဖြင့် ကိုးကန့်ဒေသသို့ လာရောက်လည်ပတ်ခဲ့သည်။ ကြာချိန် (၁၀)ရက်ခန့် ကြာမြင့်ခဲ့သည်။ ၁၉၅၄ခုနှစ် ဧပြီလတွင် ပြည်ထောင်စု အစိုးရသည် ကိုးကန့်ဒေသဖွံ့ဖြိုးတိုးတတ်ရေးအစီအစဉ်များကို လှုံ့ဆော်တိုက်တွန်းခဲ့ပြီး မြန်မာကျပ်ငွေငါးသောင်း ခန့်မတည်၍ တာရွှေထန်နှင့် ချင်းကိုင်နှစ်နေရာတွင် ဆေးရုံများတည်‌ဆောက်ခဲ့သည်။ ထို့အပြင် ချင်းကိုင်တွင် အစိုးရဌာနနှင့်ရဲစခန်းများကို ဖွဲ့စည်းတည်ဆောက်ခဲ့သည်။ ၁၉၅၅ခုနှစ် ဧပြီလတွင် ပြည်ထောင်စုအစိုးရ၊ နယ်စပ်ရေးရာဝန်ကြီးဌာနမှ ဗိုလ်မှူးကြီးစိုးမင်းနှင့်အဖွဲ့ဝင်(၁၂)ဦးတို့သည် လက်နက်ကိုင် စစ်သားအယောက်(၈၀) နှင့်အတူ ကိုးကန့်ဒေသသို့ ရောက်ရှိ၍ တရုတ်-မြန်မာနယ်စပ်ရှိ ကိုးကန့်ဒေသဘက်ခြမ်းကို ကြာချိန် (၁၀)ရက်ခန့် ကွင်းဆင်းလေ့လာခဲ့သည်။

          ၁၉၅၇ခုနှစ်တွင် ပြည်ထောင်စုအစိုးရတပ်မတော်မှ တပ်မတစ်ခုစခန်းချခဲ့သည်။ ၁၉၅၈ခုနှစ် ဧပြီလတွင် တာရွှေထန်သို့တပ်စခန်း ထပ်မံချခဲ့သည်။ ထို့နောက်တွင် ကိုးကန့်နှင့်“ဝ”ပြည်နယ်ကို တွဲဖက်၍ အရှေ့မြောက် ဘက်အုပ်ချုပ်ရေးနယ်မြေအဖြစ် ပြည်တော်စုအစိုးရမှသတ်မှတ်ခဲ့ပြီး သက်ဆိုင်ရာပြည်တောင်စုဝန်ကြီးများမှ ကိုး ကန့်သို့အလှည့်ကျလှည့်ပတ်စစ်ဆေးခဲ့သည်။ ထိုနေ့ခေတ်တွင် ပြည်ထောင်စုအစိုးရမှ ဝန်ထမ်းများစေလွှတ်၍ ကိုးကန့်ဒေသရှိပြည်သူများကို အိမ်ထောင်စုစာရင်းများ၊မှတ်ပုံတင်များ ထုတ်ဝေပေးခဲ့သည်။ ၁၉၅၉ခုနှစ် မေလ တွင် ကာကွယ်ရေးဦးစီးချုပ်ဦးနေဝင်းသည် ပင်လုံစာချုပ်ပါအုပ်ချုပ်ရေးနယ်မြေ၏ ကိုယ်ပိုင်အုပ်ချုပ်ပိုင်ခွင့် ပယ်ဖျက်ကြောင်း အမိန့်စာတမ်းထုတ်ဝေခဲ့သည်။ စော်ဘွား ရန်ကြီးဆိုင်သည် အာဏာရှင်စနစ်ကိုမီးမောင်းထိုး ပြလိုသဖြင့် ဦးနေဝင်း၏လျော့ကြေးပေးမှုကို လက်မခံခဲ့ပေ။ စော်ဘွားအုပ်ချုပ်ရေးစနစ်ကိုဖျက်သိမ်းပြီးနောက် ကိုးကန့်ဒေသအုပ်ချုပ်ရေးစနစ်တွင် “ဆွေးနွေးမှုဆိုင်ရာကောင်စီ” များစတင်ခဲ့သည်။ ဥက္ကထ ရန်ချီကျိ ၊ ဒုဥက္ကထ ရန်ဝမ်ရွှေ ၊ ဖုန်ကျိကွမ် တို့မှ ထိုကောင်စီကိုအုပ်ချုပ်ခဲ့သည်။ ထို့အတူ နယ်ပယ်တစ်ခုချင်းဆီတွင် ပူးတွဲကာကွယ် ရေးအဖွဲ့များဖွဲ့စည်းခဲ့ပြီး ရန်ကျင်းရှုပ်မှ ကြီးကြပ်ရေးမှူးအဖြစ်တာဝန်ထမ်းဆောင်ခဲ့သည်။ ၁၉၆၀ခုနှစ် ဇန်နဝါရီလအလယ်တွင် စော်ဘွားရန်ကြီးဆိုင်သည် လားရှိုးမှကိုးကန့်သို့ပြန်လည်ရောက်ရှိလာပြီး ပြည်သူလူထု သုံးသောင်းခန့်၏ သောင်းသောင်းဖျဖျကြိုဆိုပွဲတွင် ကိုးကန့်အုပ်ချုပ်ရေးအာဏာပိုင်စနစ်ကို ကိုးကန့်ပြည်သူ လက်ထဲသို့လွဲအပ်ကြောင်း တရားဝင်ကြေငြာခဲ့သည်။ ကိုးကန့်နှင့် ပြည်ထောင်စုအစိုးရကြားပဠိပက္ခမှာ ထိုချိန်မှ စတင်ခဲ့သည်။ ၁၉၆၁ခုနှစ် ဇွန်လတွင် ပြည်တောင်စုအစိုးရမှ တပ်မတော်သားတစ်ဦးသည် လမ်းမတွင် လုယက်မှုပြုလုပ်သဖြင့် ကိုးကန့်ပြည်သူ၏လက်ချက်ဖြင့် အသက်ဆုံးရှုံးခဲ့ရသည်။ ယင်းကိစ္စရပ်ကြောင့် ပြည်တောင်စုတပ်မတော်၏ တန်ပြန်လက်စားချေမှုအဖြစ် ကိုးကန့်စစ်သား တိုက်ကျယ်ရှီး ကိုပြန်ပေးဆွဲ သတ်ဖြတ်မှုကိုခံခဲ့ရသည်။ ၁၉၆၂ ခုနှစ် မတ်လတွင် မြို့တော်ရန်ကုန်၌ နိုင်ငံရေးအပြောင်းအလဲဖြစ်ပွားခဲ့သည်။ ဦးနေဝင်းမှ အာဏာသိမ်းပိုက်ပြီး စစ်အာဏာရှင်စနစ်ကိုစတင်ကျင့်သုံးခဲ့သည်။ လွှတ်တော်ကိုဖျက်သိမ်းခဲ့ပြီး ကိုးကန့်လူမျိုးပြည်ထောင်စုလွှတ်တော် ရန်ကြီးဆိုင်၊ ရန်ကြီးစိမ်း များလည်းလွှတ်တော်အမတ်နေရာများ ဆုံးရှုံးခဲ့ရသည်။ ၁၉၆၃ခုနှစ်မတ်လ ၁၅ရက်နေ့တွင် မိုင်းတုန်၊လိုင်ချောင်၊ ရန်ကုန်၊ လားရှိုးစသည့်နေရာများသို့ အမျိုးသားထောက်လှမ်းရေးအဖွဲ့နှင့် အရှေ့မြောက်ဘက်ပိုင်းစစ်တပ်များ ချီတတ်ခဲ့သည်။ ကိုးကန့်ခေါင်းဆောင် များဖြစ်သည့် ရန်ကျင်းရှုပ်၊ ရန်ဝမ်ချန် ၊ လော်စစ်ဟန် စသည်တို့ကို ဖမ်းဆီးခဲ့သည်။ ကိုးကန့်ဒေသပူးတွဲ ကာကွယ်ရေးအဖွဲ့များမှာ တောင်ကုန်းပေါ်တွင် စည်းဝေးများပြုလုပ်၍ နည်းဗျူဟာများကိုဆွေးနွေးခဲ့ကြသည်။ အစည်းအဝေးတွင် ဒေသတွင်းစစ်ရေးစစ်ရာ များညှိနှိုင်းရန် “ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ရေးတပ်မတော်”ကို ထူထောင်ရန်ဆုံးဖြတ်ခဲ့သည်။ ရန်ကြီးစိမ်း ကို ကာကွယ်ရေးဦးစီးချုပ်အဖြစ်တင်မြှောက်ပြီး တပ်ရင်းကို ကျောက်ပန်းတောင်အနောက်ဘက်ရှိတောင်တွင် တပ် ဆွဲထားသည်။

          ၁၉၆၄ခုနှစ် မေလတွင် ကိုယ်ပိုင်အုပ်ချုပ်ရေးတပ်ခေါင်းဆောင် ရွှီဝမ်ကျောက် သည် အရှေ့ဘက်ခြမ်းရှိ ကျောက်တောင်ဆည်နားတွင် ပြည်တောင်စုတပ်သား၏  ချောင်းခိုတိုက်ခိုက်မှုကြောင့် သေဆုံးခဲ့သည်။ ၁၉၆၅ ခုနှစ်တွင် တပ်ရင်း(၆)မှ ဒုဗိုလ်မှူးကြီးဘအောင်သည် ငြိမ်းချမ်းရေးဆိုင်ရာညှိနှိုင်းခြင်းဆိုသည့်ခေါင်းစဉ်နှင့် တပ်သားပေါင်း အယောက်၃၀၀ကို ဦးဆောင်ပြီး တာရွှေထန်မြို့သစ်ကို ဝင်ရောက်ခဲ့သည်။ ကိုယ်ပိုင်အုပ်ချုပ်ရေး ခေါင်းဆောင်အများစုမှ ဗိုလ်ချုပ်ကြီးနေဝင်း၏တပ်အောက်သို့ အတင်းအဓမ္မလက်နက်ချ ဝင်ရောက်စေခဲ့သည်။ ကိုးကန့်ဒေသတစ်ခုလုံး ဦးနေဝင်းအစိုးရတပ်၏ တပ်ရင်း(၆) နှင့် တပ်ရင်း (၃၉) ၏ ထိန်းချုပ်မှု‌အောက်သို့ ကျရောက်သွားချိန် ယင်းခုနှစ်၏ဇူလိုင်လတွင် တပ်မတော်စစ်တပ်၏ဖိအားပေးအုပ်ချုပ်မှုစနစ်ကို လက်မခံချင် သည့် ကိုးကန့်လူငယ်အချို့သည် ဖုန်မျိုးနွယ်၏ခေါင်းဆောင်မှုဖြင့် ကိုးကန့်ပြည်သူ့လွတ်မြောက်ရေးတပ်မတော် ကို စတင်တည်ထောင်ခဲ့သည်။ နောက်ပိုင်းတွင် ရှမ်းပြည်နယ်လွတ်မြောက်ရေးတပ်မတော် အဖြစ် အမည်ပြောင်း လဲခဲ့ပြီး ဦးနေဝင်းအစိုးရတပ်နှင့် တိုက်ပွဲများစတင်တိုက်ခိုက်ခဲ့သည်။ ၁၉၆၇ ခုနှစ်တွင် ရှမ်းပြည်တပ်မတော် တွင်းတွင် ပဠိပက္ခများများပြားလာသည့်အပြင် ဦးနေဝင်းအစိုးရတပ်၏ဝိုင်းရံပိတ်ဆို့မှုကြောင့် ရှမ်းပြည်တပ်မတော် ကြီးရှုံးနိမ့်ခဲ့ရသည်။ ဖုန်ကြားရှင်သည် ရှင်းထန်တောင်ပေါ်ဒေသသို့တပ်ဆုတ်သွားပြီး တရုတ်ကွန်မြူနစ်ပါတီများ နှင့်အဆက်အသွယ်ရရှိခဲ့သည်။ နောက်ပိုင်းတွင် မြန်မာအစိုးရနှင့်အဆက်အသွယ်ပြန်လည်လုပ်ဆောင်ပြီး ဗမာပြည်ကွန်မြူနစ်ပါတီ ထဲသို့ တရားဝင်ဝင်ရောက်ပြီး တပ်ဖွဲ့(၄၀၄) အဖြစ်အမည်ပြောင်းလဲခဲ့သည်။

          ၁၉၆၈ခုနှစ် ဇန်နဝါရီလတွင် တပ်ဖွဲ့(၄၀၄)သည် ကိုးကန့်ဒေသသို့ပြန်ရောက်ပြီး ဦးနေဝင်းအစိုးရတပ်စခန်း လုံထန် နှင့် မုန်းကိုး စသည့်တပ်စခန်းများကို ဝင်ရောက်တိုက်ခိုက်သိမ်းပိုက်ခဲ့သည်။ ၁၉၆၉ခုနှစ်တွင် ကိုးကန့် ဒေသတွင်းရှိ ဦးနေဝင်းအစိုးရတပ်စခန်းအားလုံးနီးပါး ရှင်းလင်းခြင်းခံခဲ့ရသည်။ စက်တင်ဘာလ ၈ရက်နေ့တွင် ဗမာကွန်မြူနစ်ပါတီကိုးကန့်ကော်မတီ နှင့် ခရိုင်ပြည်သူ့အစိုးရကို တည်ထောင်ကြောင်းစာတမ်းကြေငြာခဲ့သည်။ ကော်မတီ အတွင်းရေးမှူးအဖြစ် ယွီကျန့်လိမ် နှင့် ကော်မတီအကြီးအကဲအဖြစ် ဖုန်ကြားရှင်မှ တာဝန်ယူပြီး တာရွှေထန်တွင် ယာယီစခန်းတည်ဆောက်ခဲ့သည်။ အောက်တိုဘာလ၂၀ရက်တွင် တပ်ဖွဲ့ (၄၀၄)ကို တပ်ရင်းပြု၍ သံလွင်မြစ်ကြောင်း တောက်လျှောက်ကို တပ်စခန်းများချဲ့ထွင်ခဲ့သည်။ နောက်ပိုင်းတွင် ဗမာကွန်မြူနစ်ပါတီသည် ရှမ်းပြည်နယ် အရှေ့ဘက်နှင့် ကချင်ပြည်နယ်တောင်ဘက်ပိုင်းသို့ ဆက်လက်ချဲ့ထွင်ခဲ့သည်။ သို့သော် ဗမာကွန်မြူ နစ်ပါတီအတွင်းတွင် ဗမာလူမျိုးကွန်မြူနစ်ဝါဒသည် တိုင်းရင်းသားလူနည်းစုခေါင်းဆောင်များကို ပြင်းပြင်းထန် ထန်ချန်လှပ်ထားခဲ့သည်။ ထို့ပြင် နှစ်ပေါင်းများစွာတိုက်ခိုက်ခဲ့ရသည့်တိုက်ပွဲများကြောင့် ပြည်သူလူထုအား အကြီး အကျယ်ဒုက္ခရောက်စေခဲ့သည်။

 ၁၉၈၉ခုနှစ်တွင် ဗမာကွန်မြူနစ်ပါတီအရှေ့မြောက်တပ်မတော်၏ ဒုဗိုလ်မှူးကြီး ဖုန်ကြားရှင်သည် ဗမာကွန်မြူနစ်ပါတီမှ နှုတ်ထွက်ရန်ဆုံးဖြတ်ခဲ့ပြီး အစိုးရတပ်နှင့်ငြိမ်းချမ်းရေးဆွေးနွေးမှုကို လုပ်ဆောင်ခဲ့သည်။ မတ်လ၁၁ရက်တွင် ဖုန်ကြားရှင်ဦးဆောင်မှုဖြင့် ဗမာကွန်မြူနစ်ပါတီအရှေ့မြောက်ဘက်တပ်မတော်ကို မြန်မာအမျိုးသားဒီမိုကရက်တစ်မဟာမိတ်တပ်မတော် အဖြစ်ပြောင်းလဲခေါ်ဆိုခဲ့သည်။ ထိုခုနှစ် ဧပြီလ ၁၄ရက်နေ့ တွင် ဖုန်ကြားရှင်နှင့်မဟာမိတ်တပ်မတော်မှခေါင်းဆောင်များ ချင်းရွှေဟော်တွင် အစိုးရတပ်မတော်ကိုယ်စားလှယ် ဗိုလ်မှူးကြီးတင်ဝင်းနှင့် ငြိမ်းချမ်းရေးဆွေးနွေးညှိနှိုင်းမှုများပြုလုပ်ခဲ့သည်။  ၁၉၉၀ ခုနှစ် ဇန်နဝါရီလ ၃ရက်နေ့တွင် “မြန်မာနိုင်ငံ၏အထူးဒေသ(၁)” လက်မှတ်ရေးထိုးပွဲကို ရန်ကုန်မြို့တွင် ကျင်းပပြုလုပ်ခဲ့သည်။ ဤသို့ဖြင့် ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ရေးဒေသမှာ ပြည်ထောင်စုအစိုးရ၏အသိအမှတ်ပြုမှုူကိုရရှိခဲ့သည်။  ထိုနှစ် အောက်တိုဘာလ ၁၄ရက်နေ့တွင် အထူးဒေသအုပ်ချုပ်ရေးအစိုးရသည် ပြည်သူအပေါ်ကျရောက်နိုင်သည့် မူးယစ်ဆေးဝါးအန္တရာယ်ကို သိမြင်ပြီး ပြည်ထောင်စုအစိုးရသို့ မူးယစ်ဆေးဝါးတိုက်ဖျက်ရေးလုပ်ဆောင်ရန် ပထမ ဆုံးအကြိမ်အနေဖြင့် တင်ပြတောင်းဆိုခဲ့သည်။ နိုဝင်ဘာ၁၂ရက်နေ့တွင် အထူးဒေသအုပ်ချုပ်ရေးအစိုးရအဖွဲ့မှ မူးယစ်ဆေးဝါးတိုက်ဖျက်ရေးညီလာခံကို ကိုးကန့်ဒေသ၌ကျင်းပခဲ့သည်။ ထိုညီလာခံသို့ ကုလသမဂ္ဂမူးယစ်ဆေးဝါး တိုက်ဖျက်ရေးအဖွဲ့နှင့်  မြန်မာနိုင်ငံဆိုင်ရာ နိုင်ငံခြားသံအမတ်(၂၇)ဦး တို့တတ်ရောက်ခဲ့သည်။ ၁၉၉၀ ခုနှစ်မှ ၁၉၉၂ခုနှစ်အတွင်း ဘိန်းပင်စိုက်ပျိုးမှု ဧကပေါင်း ၄၀၀၀ ကျော်ကို ဖျက်စီးခဲ့သည်။

          ၁၉၉၂ခုနှစ် သြဂုတ်လ၁ရက်နေ့တွင် မဟာမိတ်တပ်မတော်လက်ထောက်အကြီးအကဲ ရန်မိုးလျန်သည် ဌာနချုပ်၏စီးပွားရေးမှာ ဒီမိုကရေစီမဆန်၊ စုပေါင်းကုမ္မဏီ၏စာရင်းအချက်အလက်မှန်ကန်ရှင်းလင်းခြင်းမရှိဟူ သော အကြောင်းပြချက်ဖြင့် တော်လှန်မှုများပြုလုပ်ခဲ့သည်။ အထူး‌ဒေသကိုအုပ်ချုပ်နေသည့် ဖုန်ကြားရှင်နေရာ ကိုလုယူပြီး နိုင်ငံတော်အေးချမ်းသာယာရေးနှင့်ဖွံ့ဖြိုးရေးကော်မတီ၏ အသိအမှတ်ပြုမှုကို ရရှိခဲ့သည်။ ဖုန်ကြားရှင်

၏ ကျန်ရှိသေးသည့်တပ်သား၅၀၀မှာမိုင်းလားမြို့ဘက်သို့ထွက်ခွာပြီး ကျန်တပ်သား၂၀၀ဖြင့် နောင်ချိုမြို့တွင် ရွှေပြည်ညွှန့်ရွာသစ်ကို တည်ထောင်ခဲ့သည်။

          ၁၉၉၅ခုနှစ်တွင် မုန်းကိုးမြို့နယ်အကြီးအကဲ မှုန်ဆလား ရာထူးမှဖြုတ်ချခံခဲ့ရသည်။ သြဂုတ်လ၁ရက်တွင် မှုန်ဆလား မှ ရန်မိုးလျန်ကိုတော်လှန်ပြီး “မိုင်းကိုးအမျိုးသားလုံခြုံရေးတပ်မတော်ကော်မတီ” ကိုတည် ထောင်ခဲ့သည်။ ထို့ပြင် မဟာမိတ်တပ်မတော်နှင့်အထူးဒေသ၏ခေါင်းဆောင်နေရာမှ နှုတ်ထွက်ကြောင်းလဲ ကြေငြာခဲ့သည်။ ၅ရက်နေ့တွင် မဟာမိတ်တပ်စစ်ဌာနချုပ်မှ မှုန်ဆလားကို ရှင်းလင်းချေမှုန်းရန်အမိန့်ထုတ် ၍ တပ်များစေလွှတ်ခဲ့သည်။ တိုက်ပွဲကြာချိန်၃လခန့်ကြာမြင့်ခဲ့ပြီး မအောင်မြင်ခဲ့ပါ။ နိုဝင်ဘာလ၂၁ရက်နေ့တွင် ဖုန်ကြားဖူသည် တပ်ဖွဲ့များကိုဦးဆောင်ပြီး “ဝ”ပြည်နယ် နာမ့်တစ်ဒေသမှ ကိုးကန့်သို့အချိန်မှီအရောက်ပြန်ပြီး အခြေအနေကိုထိန်းသိမ်းခဲ့သည်။ ၂၃ရက်နေ့တွင် ရန်မိုးလျန်သည် ပြည်ထောင်စုအစိုးရတပ်သို့ အာဏာအပ် နှင်းခဲ့သဖြင့် အစိုးရတပ်မှ ကိုးကန့်ဒေသသို့ဝင်ရောက်ခဲ့သည်။ ဒီဇင်ဘာလ၃ရက်နေ့တွင် ပြည်ထောင်စုအစိုးရ အတွင်းရေးမှူး ဗိုလ်မှူးကြီးခင်ညွှန့် သည် လားရှိုးမြို့တွင် ဖုန်ကြားရှင်ကိုလက်ခံတွေ့ဆုံခဲ့သည်။ ယင်းတွေ့ဆုံပွဲ တွင် ဖုန်ကြားရှင်၏ မဟာမိတ်တပ်နှင့်အထူးဒေသခေါင်းဆောင်အကြီးအကဲရာထူးကို တရားဝင်အသိအမှတ် ပြုခဲ့သည်။

          ၁၉၉၇ခုနှစ် မတ်လ၂ရက်နေ့တွင် အထူးဒေသ၌ 《မူးယစ်ဆေးဝါးတိုက်ဖျက်ရေးအမိန့်》ကိုထုတ်ပြန် ကြေငြာခဲ့သည်။ ၁၉၉၈ခုနှစ်မေလ၁၂ရက်နေ့တွင် ကုလသမဂ္ဂမူးယစ်ဆေးဝါးတိုက်ဖျက်ရေးကော်မတီ အထွေ ထွေအတွင်းရေးမှူး Bino Aranchi နှင့် ၎င်း၏အဖွဲ့ဝင်(၅)ဦးသည် ကိုးကန့်သို့လာရောက်စစ်ဆေးကြည့်ရှုခဲ့သည်။  ထို့နောက် အထူးဒေသတွင်းမူးယစ်ဆေးဝါးတိုက်ဖျက်နိုင်ရေးအထောက်အကူပြုရန် အမေရိကန်ဒေါ်လာ သုံးသိန်း ကိုပေးအပ်ခဲ့သည်။ ၁၉၉၉ခုနှစ် မတ်လ ၁၁ရက်နေ့တွင် တုန်ချန်မြို့တွင် ငြိမ်းချမ်းရေးတည်ဆောက်မှု (၁၀)နှစ်မြောက် နှစ်ပတ်လည်နေ့နှင့် မူးယစ်ဆေးဝါးတိုက်ဖျက်ရေးပြခန်းစီမံကိန်းဆိုင်ရာ အခြေခံသဘောတရား ညီလာခံကို ကျင်းပခဲ့သည်။ ယင်းညီလာခံကို ဗိုလ်မှူးကြီးခင်ညွှန့်နှင့် အထူးဒေသ(၁) ဥက္ကဌ ဖုန်ကြားရှင် တို့တတ်ရောက်ခဲ့သည်။ ထိုနှစ်ထဲမှာပင် အထူးဒေသအတွင်း၌ မူးယစ်ဆေးဝါး ထုတ်လုပ်မှုတားမြစ်ခြင်း၊ ရောင်းဝယ်မှုတားမြစ်ခြင်း၊ သုံးစွဲမှုတားမြစ်ခြင်း၊ စိုက်ပျိုးမှုတားမြစ်ခြင်း စသဖြင့် 《တားမြစ်အမိန့်လေးရပ်》ကို ထုတ်ပြန်ကြေညာခဲ့သည်။

          ၂၀၀၁ခုနှစ်ဇန်နဝါရီလတွင် နိုင်ငံတကာမူးယစ်တိုက်ဖျက်ရေးကော်မရှင်အဖွဲ့ဝင်(၈)ဦးသည် ကိုးကန့်သို့ လာရောက်၍ မူးယစ်ဆေးဝါးတိုက်ဖျက်မှုအချက်အနေကို စစ်ဆေးကြည့်ရှုခဲ့သည်။ ၂၀၀၂ ခုနှစ် ဇန်နဝါရီလ ၂၃ ရက် နေ့တွင် ကိုးကန့်ဒေသရှိပြည်ထောင်စုအစိုးရတပ်သား (၈၀)သည် အထူးဒေသအရပ်တပ်သားနှင့်ပူးပေါင်း၍ နယ်စပ်မျဉ်းကြောင်းတစ်လျှောက် တရားမဝင်စိုက်ပျိုးသည့်ဘိန်းစိုက်ခင်းများကို ကြပ်မတ်ဖယ်ရှားရှင်းလင်းခဲ့ သည်။ ၂၀၀၂ ခုနှစ် မေလတွင် အထူးဒေသ၏ဘိန်းအစားထိုးစိုက်ပျိုးမှုဖွံ့ဖြိုးရေးကော်မတီကို စတင်တည် ထောင်ခဲ့သည်။ လီကျုံးရှန်း မှ ဥက္ကထ ၊ ဝမ်ကော်ကျိန့် မှ ဒုဥက္ကဌအဖြစ်တာဝန်ယူခဲ့သည်။ ထိုအချိန်မှစ၍ ကိုးကန့်ဒေသဘိန်းအစားထိုးစီမံကိန်းသည် တရုတ်၊ ဂျပန်နှင့် ကုလသမဂ္ဂစားနပ်ရိက္ခာအဖွဲ့တို့၏ အင်တိုက် အားတိုက် ကူညီထောက်ပံ့မှုကိုရရှိခဲ့သည်။

          ၂၀၀၉ခုနှစ်တွင် အထူးဒေသငြိမ်းချမ်းရေးတည်ဆောက်မှု အနှစ်(၂၀) ပြည့်နှစ်ပတ်လည်ကို စစ်ရေးပြအ ခမ်းအနားဖြင့် ကြိုဆိုပြုလုပ်ခဲ့သည်။ အခမ်းအနားသို့ထောင်သောင်းချီသော ဧည့်ပရိသတ် များကြွရောက်ခဲ့ပြီး ပြည်ထောင်စုတပ်မတော် လောက်ကိုင်တပ်ခွဲ ဗိုလ်မှူးဝင်း‌မောင်မှ ကိုယ်စားတတ်ရောက်သည်။ ဧပြီလတွင် ပြည်ထောင်စုအစိုးရသည် ကိုးကန့်သို့အဖွဲ့စေလွှတ်၍ ကျေးရွာအသီးသီးရှိ ပြည်သူများအတွက် မှတ်ပုံတင်များ ပြုလုပ်ပေးခဲ့သည်။ ဆောင်ရွက်မှုပုံစံအဆင့်ဆင့်မှာ- အိမ်ထောင်စု မှတ်ပုံတင် (သို့) ကျေးရွာအကြီးအကဲ ၏အသိအမှတ်ပြုထောက်ခံချက်၊ ဘိုးဘွားအမည်၊ မိဘအမည်၊ မိမိအမည်၊ အိမ်ထောင်ဖက် နှင့် သားသမီး အမည်၊ မွှေးသက္ကရာဇ် ၊ ဓာတ်ပုံ နှင့် လက်ဗွေရာ(၁၀)ခုကို ရိုက်နှိပ်ခြင်း၊ လူတစ်ဦးလျှင် တရုတ် ငွေ ၁၀ ယွမ်ပေးဆောင် စေပြီး မှတ်ပုံတင်ရရှိရန်စောင့်ဆိုင်းခိုင်းခြင်းတို့ဖြစ်သည်။

          ဧပြီလ၂၉ရက်တွင် ပြည်ထောင်စုစစ်တပ်မှ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်အောင်ဆန်းသူ  ကိုးကန့်ဒေသသို့ရောက်ရှိခဲ့သည်။၎င်းသည် အမျိုးသားလက်နက်ကိုင်တပ်ဖွဲ့များ ပြန်လည်ဖွဲ့စည်းရန် ဗဟိုကော်မတီ၏ ဆုံးဖြတ်ချက်ကိုတင်ပြခဲ့ပြီး မဟာမိတ်တပ်ဖွဲ့များပြန်လည်ဖွဲ့စည်းခြင်းကိစ္စကို တရားဝင်ဆွေး နွေးခဲ့သည်။ ပြည်ထောင်စုအစိုးရ အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ် ဒုစစ်ဦးစီးချုပ် ဗိုလ်မှူးချုပ်မင်းလှမှာ ကိုးကန့်သို့ ရောက်ရှိခဲ့ပြီး ဥက္ကဌဖုန်ကြားရှင်အပါအဝင် ခေါင်းဆောင်များနှင့် မဟာမိတ်တပ်ဖွဲ့များပြန်လည်ဖွဲ့စည်းခြင်း ဆိုင်ရာညှိနှိုင်းဆွေးနွေးမှုကို ဆောင်ရွက်ခဲ့သည်။ သြဂုတ်လ ၂ရက်နေ့ ညှိနှိုင်းအစည်းအဝေးတွင် နှစ်ဦးနှစ်ဖက် အကြား ကြီးမားသည့် ကွဲပြားခြားနားမှုများရှိနေသည်။ ( ပြည်ထောင်စုအစိုးရဘက်မှ လက်နက်များအပ်နှံ၍ အဖွဲ့ချုပ်ကိုပြန်လည် ဖွဲ့စည်းရန်နှင့် လက်နက်ချ၍ငြိမ်းချမ်းမှုကိုလဲလှယ်ယူရန်တောင်းဆိုသည်။ အထူးဒေသ အစိုးရအနေဖြင့် အဖွဲ့ချုပ် ပြန်လည်ဖွဲ့စည်းခြင်းကိစ္စရပ်မှာ အလွန်အလောတကြီးဖြစ်နေသည်ဟုထင်မြင်မိပြီး၊ နှစ်ဦးနှစ်ဖက်လုံးတွင် တည်ငြိမ်ခိုင်မြဲသည့်ယုံကြည်မှုအဆင့်ကို မတည်ဆောက်နိုင်သေးဟူသော အကြောင်းပြ ချက်ဖြင့် ကိုးကန့်ဒေသကို ကိုးကန့်လူမျိုးသာအုပ်ချုပ်ရမည်ဟုထောင့်ခံခဲ့သည်။) ဤသို့ဖြင့် ဆွေးနွေးညှိနှိုင်းမှုများ တင်းမာသည့်အခြေအနေသို့ရောက်ရှိခဲ့သည်။ သြဂုတ်လ၈ရက်( ၈၈ အရေးခင်းဖြစ်ပွားခဲ့သည်) တွင် ပြည်ထောင်စု အစိုးရစစ်တပ်မှ မူးယစ်ဆေးဝါးတိုက်ဖျက်ရေးဆိုသည့် အကြောင်းပြချက်ဖြင့် ရန်လုံကျိုင်း မဟာမိတ်တပ် ပြုပြင်ထိန်းသိမ်းရေးစခန်းသို့ ဝင်ရောက်ရှာဖွေစစ်ဆေးခဲ့ရာ စခန်းမှူးနှင့်တပ်ဖွဲ့ဝင်များ၏ အပြင်းအထန်တား ဆီးပိတ်ပင်မှုကို ကြုံတွေ့ခဲ့ရသည်။ ထို့ပြင် လက်နက်ကိုင်တပ်ဖွဲ့များနှင့် ထိပ်တိုက်တိုက်ခိုက်မှု များဖြစ်ပွားခဲ့ပြီး အချိန်(၃)ရက်ကြာမြင့်ခဲ့သဖြင့် ကိုးကန့်ဒေသသည်အန္တရာယ်တွင်းသို့ စတင်ကျရောက်ခဲ့သည်။ ဤအခြေအနေ တင်းမာမှုကို ပြန်လည်ဖြေလျော့ရန်အတွက် အထူးဒေသအစိုးရသည် ပြည်ထောင်စုအစိုးရ စစ်တပ်များအား ပြုပြင်ထိန်းသိမ်းရေးစခန်းထဲသို့ ဝင်ရောက်ခွင့်ပြုခဲ့သည့်အပြင် ပြည်ထောင်စုအစိုးရ ထံသို့လွဲပြောင်းအပ်နှံ၍ စီမံမှုကိုလိုက်နာမည်ဖြစ်ကြောင်း သဘောတူညီခဲ့သည်။ လွဲပြောင်းအပ်နှံလက်မှတ်ရေး ထိုးပွဲကို ၁၁ရက်နေ့တွင် ကျင်းပခဲ့ပြီး အခြေအနေကိုထိန်းသိမ်းနိုင်ခဲ့သည်။ ၂၂ ရက်နေ့မနက်ပိုင်းတွင် အထူးဒေသအစိုးရမှ ပြည်ထောင်စုအစိုးရ၏ တရားဝင်စာလွှာကို လက်ခံရရှိခဲ့သည်။ အကြောင်းရာမှာ နိုင်ငံတော်သိမ်းဆည်းပြီးဖြစ်သော ပြုပြင်ထိန်းသိမ်းရေးစခန်းသည် ဖုန်ကြားရှင်၊ ဖုန်ကြားဖူ၊ ဖုန်သယ်ရိန်၊ ဖုန်သယ်လီ စသည့်ခေါင်းဆောင်များ၏ တရားမဝင်စစ်လက်နက်ထုတ်လုပ်ရာနေရာအဖြစ် သတ်မှတ်ပြီး ၎င်းလေးဦးအားခေါ်ယူစစ်မေးမည်ဖြစ်ကြောင်း ပါရှိသည်။ ထိုချိန်တွင် အထူးဒေသ အစိုးရမှ ကိုယ်စားလှယ်(၆)ဦး ပါသည့်အဖွဲ့ကို လောက်ကိုင်ရှိတပ်ခွဲသို့စေလွှတ်၍ ညှိနှိုင်းဆွေးနွေးစေခဲ့သည်။ ၎င်းအထူးဒေသအစိုးရ ကိုယ်စားလှယ်(၆)ဦးကို တာဝန်ရှိသူမှဖမ်းဆီးထိန်းသိမ်းထားခဲ့သည်။သို့သော် လူတန်းစားပေါင်းစုံ၏ ဝင်ရောက် စွက်ဖက်မှုကြောင်း ထိန်းသိမ်းထားခံရသော ကိုယ်စားလှယ်အဖွဲ့မှာ ပြန်လည်လွှတ်မြောက်လာခဲ့သည်။ ထိုချိန်မှ စ၍ ကိုးကန့်ဒေသတွင်းမငြိမ်သက်မှုများ ပြန်လည်နှိုးထလာပြီး အထူးဒေသအစိုးရနှင့် မဟာမိတ်တပ်မတော်မှ “လုံခြုံရေးအာမခံချက်မရရှိနိုင်သည့်အခြေအနေမျိုးအောက်တွင် ပြည်ထောင်စုအစိုးရနှင့် တတ်ကြွစွာ ဆက်သွယ် မှုကို ခေတ္တရပ်ဆိုင်းမည် ” ဟု ထုတ်ပြန်ကြေငြာခဲ့သည်။

          သြဂုတ်လ၂၄ရက်တွင် ပယ်စောက်ချိန် ဦးစီးသည့်အုပ်ချုပ်ရေးကော်မတီအဖွဲ့ဝင်များဖြစ်သော ဝေရှောက်ရင်၊ လျှိကွယ်ရှီး ၊ မင်ရွှီချန်  တို့သည် အခြေအနေတင်းမာမှုများကိုသတိပြုမိပြီး မိမိပိုင်ဆိုင်မှုနှင့်နေရာကို ထိန်းသိမ်း ရန်အတွက် အထူးဒေသဌာနချုပ်တွင် စုဝေးမှုများပြုလုပ်ခဲ့သည်။ မဟာမိတ်တပ်မတော်နှင့် အထူးဒေသအစိုးရအာဏာဖြင့်  “ပြည်သူ့လုံခြုံရေးယာယီဌာနချုပ်” ကိုဖွဲ့စည်းခဲ့သည်။ “၈၂၄ ထုတ်ပြန်ချက်” ကိုထုတ် ပြန်၍ ပြည်ထောင်စုအစိုးရနှင့်ပူးပေါင်းပြီး ကိုးကန့်ဒေသကိစ္စရပ်များကို စီမံဆောင်ရွက်ခဲ့သည်။ ၂၅ရက်နေ့မနက်ပိုင်းတွင် ပြည်တောင်စုကာကွယ်ရေးဝန်ကြီးဌာနမှ အမှတ်စဉ်-၁၀၉၉(၂၅)စာတမ်းကို ထုတ်ပြန်ခဲ့ သည်။ အကြောင်းရာမှာ ပယ်စောက်ချိန်ကို “ရှမ်းပြည်နယ် အထူးဒေသ(၁) ယာယီအုပ်ချုပ်ရေးကော်မတီ ”၏ ဥက္ကထအဖြစ် ခန့်အပ်ခြင်း ဖြစ်သည်။ ဤနည်းဖြင့် ဖုန်ကြားရှင်နေရာကို ပယ်စောက်ချိန်အား အစားထိုး ခန့်အပ်ခဲ့သည်။ သြဂုတ်လ၂၇ရက်နေ့ ညနေပိုင်း ၅နာရီ၃၀တွင် ပြည်ထောင်စုအစိုးရစစ်တပ်မှ ရန်လုံကျိုင်း တပ်စခန်းဒေသသို့ အမြောက်များစတင် ပစ်လွှတ်ခဲ့ပြီး တိုက်ပွဲများစတင်ခဲ့သည်။ ၂၉ ရက်နေ့တွင် မဟာမိတ် တပ်မတော်မှ သက်ဆိုင်ရာပါတီဝင်များ၏ နှောက်ယှက်မှုများ ကြုံတွေ့ခဲ့ရပြီး လက်နက်ချအရှုံးပေးမည် ဖြစ်ကြောင်းတောင်းဆိုခဲ့သည်။ ဤသို့ဖြင့် မဟာမိတ်တပ်မတော်သည် ၂၉ ရက်နေ့တွင် ကိုးကန့်‌ဒေသတွင်းမှ ထွက်ခွာရန်ဖိအားပေးခံခဲ့ရပြီး ၈၈ အရေးအခင်းမှာ တစ်စခန်းရပ်သွား ခဲ့သည်။ ဒီဇင်ဘာလ၂ရက်နေ့တွင် ပယ်စောက်ချိန်၊ ဝေရှောက်ရင်၊ လျှိကွယ်ရှီး ၊ မင်ရွှီချန် စသည်တို့၏ အိမ်လုပ်သားများဖြင့် လူဦးရေ(၁၀၀)ခန့်ဖြင့် မဟာမိတ်တပ်မတော်အတွင်း အမူထမ်းရန်စုစည်းခဲ့သည်။ ထို့ပြင် ပြည်ထောင်စုနယ်ခြားစောင့်တပ် တပ်ရင်း (၁၀၀၆)အဖြစ်လက်ခံပြောင်းလဲခဲ့ပြီး မဟာမိတ်တပ်မတော်ကို အခြားနေရာတွင်ပြောင်းရွေ့တည်ထောင်နိုင်ရန် အတွက် အခွင့်အလမ်းကိုစောင့်စားနေခဲ့သည်။

          ၂၀၁၅ခုနှစ်ဖေဖော်ဝါရီလ၉ရက်နေ့တွင် ကိုးကန့်နာလန်ထူစစ်ပွဲပြန်လည်စတင်ခဲ့သည်။ မဟာမိတ် တပ်မတော် နှင့် မြန်မာစစ်တပ်ကြားတွင် တုံးရှန်းတောင်ထိပ် ၊ နန်ထန်မိန်ထောင်၊ ချင်ပိုင်ယွီမြစ် စသည့်အကြီးစားတိုက်ပွဲများ ဖြစ်ပွားခဲ့သည်။ ယခုချိန်တွင် မဟာမိတ်တပ်မတော်မှ ကိုးကန့်ဒေသအား ဟုန်အိုင်နယ်မြေအဖြစ် သတ်မှတ်ထားပြီး မုန်းကိုး၊ကွတ်ခိုင်၊လားရှိုး ပတ်ဝန်းကျင်အနီးအနားတွင် ပြောက်ကျား တပ်များ ဖြန့်ကျန့်ထားခဲ့သည်။ ထို့အပြင် အချို့သောတပ်ရင်းများမှာ မဟာမိတ်တပ်ဖွဲ့အတွင်းသို့ ဝင်ရောက်အခြေချ၍ ကာကွယ်ရေးလုပ်ငန်းများ ကိုဝင်ရောက်ကူညီခဲ့သည်။ တပ်အင်အားစုစုပေါင်း လူဦးရေ ငါးထောင်ခန့်ရှိသည်။

          အထက်ပါအကြောင်းအရာများမှာ “ကိုးကန့်ရာဇဝင်မှတ်တမ်း” မှကောက်နှုတ်ထားခြင်းဖြစ်သည်။

စီစဉ်သူ –

 

                                                                                                       ၂၀၂၀ခုနှစ် မတ်လ ၃၁ရက်