20200525100456

မဟာမိတ်တပ်မှူးဟောင်း ဖုန်ကြားဖူ မှပြောကြားသည့် ကိုးကန့်ဒေသ၏ မူးယစ်ဆေးဝါးတိုက်ဖျက် ရေးဆိုင်ရာအကြောင်းအရာများ

၂၀၀၉ခုနှစ် “ကိုးကန့်ဒေသ ၈.၈အရေးအခင်း ” ပြီးနောက်တွင် မဟာမိတ်တပ်၏ စစ်ရေးမဟာဗျူ ဟာများ  ပြောင်းလဲ၍ပြန်လည်ဖွဲ့စည်းခဲ့သည်။ မြန်မာအမျိုးသားဒီမိုကရက်တစ်မဟာမိတ် တပ်မတော်၏ စစ်ရေးမဟာမိတ်ကော်မရှင် စတင်ဖွဲ့စည်းသည့် အခမ်းအနားတွင် မဟာမိတ် တပ်မှူးဟောင်း ဖုန်ကြားဖုန်မှ အမှာစကားပြောကြားခဲ့သည်။ “ ကျွန်တော်ဦးစွာပြောကြားချင်တာ ကတော့ မဟာမိတ်တပ်ရဲ့နောက်ခံသမိုင်းကြောင်းပါပဲ၊ မဟာမိတ်တပ်မဖွဲ့စည်းခင်တုန်းက ကျွန်တော်တို့ဟာ မြန်မာကွန်မြူနစ်ပါတီဦးဆောင်မှု‌အောက်မှာရှိတဲ့ အရပ်သားစစ်တပ်ပဲဖြစ်ပါ တယ်၊ ၁၉၈၉ ခုနှစ်မှာ ကျွန်တော်တို့ဟာ မြန်မာကွန်မြူနစ်ပါတီကနေ ခွဲထွက်ခဲ့ပြီး မဟာမိတ်တပ် ကို ဖွဲ့စည်းခဲ့တယ်၊ တပ်ဖွဲ့ရဲ့တပ်မှူးက ဖုန်ကြားရှင်ဖြစ်ပြီး ကျွန်တော်က ဒုတိယတပ်မှူးအဖြစ် တာဝန်ထမ်းဆောင်ခဲ့တယ်။ လီကျုံးသျှန် ဒုတိယတပ်မှူးလည်းရှိပါသေးတယ်။”

20200525102918

မဟာမိတ်တပ်ဖွဲ့တပ်မှူးဖုန်ကြားဖူ၏ စစ်ရေးဆောင်ပုဒ် ။          ။ “ငါသည်စစ်သားတစ်ဦး အနေဖြင့် အသက်စွန့်ဖို့မွေးဖွားလာခြင်းဖြစ်သည်၊ ရှေ့တန်းစစ်ပွဲမှာအသက်ပေးဆပ်ရပါစေ ဘယ်တော့အခါမှ နောက်ဆုတ်အရှုံးပေးပြီး မရှင်သန်ချင်ပါ။”

ဘိန်းပြဿနာဟာ သမိုင်းရာဇဝင်မှချန်ရစ်ခဲ့သည့်ပြဿနာတစ်ရပ်ဖြစ်တယ်၊ ကိုးကန့်ဒေသမှာ နှစ်ပေါင်းတစ်ရာခန့်ကတည်းက ဘိန်းစိုက်ပျိုးခြင်းကိုစတင်ခဲ့တယ်။ ဘိန်းဆိုတာ လူသားတွေ အတွက် ဆိုးကျိုးအန္တရာယ်တစ်ခုဖြစ်တယ်ဆိုတာကို ကျွန်တော်တို့သတိထားခဲ့မိပါတယ်၊ သို့ပေမဲ့ ထိုအန္တရာယ်ထက် ပြည်သူလူထုရင်ဆိုင်နေရသည့် အန္တရာယ်ကို ပိုပြီးသတိထားမိခဲ့တယ်။ အခု ဒီပြဿနာအတွက် အဖြေတစ်ခုကိုဖော်ထုတ်ဖို့ အချိန်ကျရောက်လာပါပြီ။ ဘိန်းခင်းစိုက်ပျိုးရေးကို အဆုံးသတ်ပစ်ဖို့ကိစ္စရပ်နဲ့ပတ်သက်ပြီး ကျွန်တော်တို့ဘက်က မြန်မာအစိုးရနဲ့ အကြိမ်ကြိမ် ဆွေးနွေးညှိနှိုင်းခဲ့ဖူးတယ်၊ အကြံပြုချက်များစွာကိုလည်း တင်ပြခဲ့ဖူးတယ်။ ဒီအကြံပြုချက်တွေကို လေ့လာစူးစမ်းမှုများစွာလည်းပြုလုပ်ပြီးပါပြီ။ မြန်မာအစိုးရရဲ့ ထင်မြင်ချက်ကတော့ – “ဒီပြဿနာ နဲ့ပတ်သက်ပြီး နိုင်ငံတကာရဲ့အကူအညီမရယူဘဲ ဖြေရှင်းနိုင်မှာမဟုတ်ဘူး”  လို့ဆိုပါတယ်။ ကျွန်တော်ဘက်က မူးယစ်ဆေးဝါးတားမြစ်ထိန်းချုပ်နိုင်ရေးဆိုတဲ့ ခိုင်မာတဲ့ခံယူချက်ကို သက်သေ ပြဖို့ အတွက် နိုင်ငံတကာအဖွဲ့အစည်းတွေကို အကူအညီတောင်းဆိုခဲ့တယ်။ ၁၉၉၀ ခုနှစ်မှာ မူးယစ်ဆေးဝါးဆန့်ကျင်တိုက်ဖျက်ရေးလုပ်ငန်းစဉ်တွေကို စတင်အကောင်အထည်ဖော်ခဲ့တယ်။

ပထမဆုံးအနေနဲ့ လောက်ကိုင်မြို့မှာ ဘိန်းနှင့်မော်ဖိန်းအပါအဝင် ၂၀၀ ကီလိုဂရမ်ရှိတဲ့ မူးယစ် ဆေးဝါးတွေကို မီးရှို့ဖျက်ဆီးခဲ့တယ်။ ထိုချိန်ကနိုင်ငံတကာဈေးကွက်တန်ဖိုးနှင့် တွက်ချက်မည် ဆိုလျှင် အမေရိကန်ဒေါ်လာသိန်းပေါင်းများစွာနဲ့ညီမျှပါတယ်။ ဂဏာန်းအသေးစိတ်ကိုတော့ ကျွန်တော်လည်းသေချာမမှတ်မိတော့ဘူး။ မူးယစ်ဆေးဝါး ဆန့်ကျင်တိုက်ဖျက်ရေးအခမ်းအနားကို ကုလသမဂ္ဂဖွဲ့ဖြိုးမှုအစီအစဉ်(UNDP)၊ ကုလသမဂ္ဂအပြည်ပြည်ဆိုင်ရာကလေးများရန်ပုံငွေ အဖွဲ့ (UNICEF) ၊ အမေရိကန်မူးယစ်ဆေးဝါးတိုက်ဖျက်ရေးဌာန(USDEA)နဲ့ အခြားသော နိုင်ငံကိုယ်စားလှယ်တွေ ကျွန်တော်ဖိတ်ကြားချက်အရ တတ်ရောက်လေ့လာခဲ့ကြတယ်။ သို့ပေမဲ့ ဒီနိုင်ငံကိုယ်စားလှယ်တွေရဲ့တုန့်ပြန်မှုတွေက ရှုပ်ထွေးလွန်းနေတယ်။ အချို့ရဲ့တုန့်ပြန်ချက်က အကောင်းမြင်ပြီး အားတတ်တရောရှိပေမဲ့၊ တချို့တလေတွေတော့ ကျွန်တော်တို့အပေါ် ကို သံသယမကင်းကြဘူး၊ ဒါတင်မကဘဲ ကျွန်တော်တို့ကို “ဘိန်းဘုရင်”ဆိုတဲ့ ခေါင်းစဉ်ကိုတပ်ဆင် ပေးလိုက်ပါသေးတယ်။ ဒီကိစ္စတွေဟာ မမှန်ကန်တဲ့မှားယွင်းမှုတစ်ခုပါပဲ။ ကျွန်တော့်တစ်ခု ရှင်းပြ

ပါရစေ၊ ကိုးကန့်ဒေသတွင်းဘိန်းစိုက်ခြင်းဆိုတာ နှစ်ပေါင်းတစ်ရာခန့်ကတည်းက အတူဒွန်တွဲ နေခဲ့တယ်။ ကျွန်တော်တို့လူဦးရေရဲ့ 80%ဟာ ဘိန်းအပေါ်မှာသာ မှီခိုရှင်သန်ခဲ့ရတယ်။ သူ့ကိုဘဝ ရဲ့ရှင်သန်ရာတစ်ခုအဖြစ်အားကိုးခဲ့ကြရတယ်။ လေထဲကိုဆေးရည်စွန့်ပစ်ခြင်း (သို့) လက်အား နှင့်ရှင်းလင်းခုတ်ထွင်ခြင်း ဆိုတာကလည်း ဖြစ်တုန်းခဏပဲခံတဲ့ နည်းလမ်းမျိုးဖြစ်တယ်။ ဒီပြဿနာကိုအမြစ်ပြတ်ရှင်းဖို့ဆိုရင် သူ့ရဲ့မူလဇာတ်မြစ်ကို ရှာဖွေမှဖြစ်မယ်။ ပြည်သူလူထုတွေရဲ့ နေထိုင်မှု ဘဝကိုအစားထိုးပေးနိုင်တဲ့ လွှတ်လမ်းတစ်ခုကို ရှာဖွေဖို့လိုအပ်တယ်။ ကျွန်တော်တို့သာ ဒီပြဿနာကို အလေးထားပြီးဖြေရှင်းကြည့်မယ်ဆိုရင် လူနေမှုအသိုင်းအဝိုင်းမှာ ကြီးမားတဲ့ ပြဿနာတစ်ရပ်ကို ကျွန်တော်တို့ရင်ဆိုင်ရနိုင်တယ်။ ကျွန်တော်တို့တပ်ဖွဲ့ ရှင်သန်ဖို့ကို ကျွန်တော် တို့အာမမခံပေးနိုင်တော့ဘူး။ ကျွန်တော်တို့က ဒီတော‌တောင်ရေမြေကို ထိန်းချုပ်ကိုင်တွယ်ထား ရတဲ့အတွက် စောင့်ကြပ်ကြည့်ရှုဖို့ တပ်ဖွဲ့တွေလိုအပ်တယ်။ သို့ပေမဲ့ ကျွန်တော်တို့မှာငွေကြေး ထောက်ပံ့မှုမရှိဘူး။ ဘိန်းတွေကိုတာ တားမြစ်ပိတ်ပင်လိုက်ပြီဆိုရင် သူ့ကိုအစားထိုးပြီး လုပ်ဆောင်နိုင်မဲ့ လုပ်ငန်းစဉ်တွေ မရှိတော့ဘူး။ ကျွန်တော်တို့တပ်ဖွဲ့နဲ့ ပြည်သူလူထုတွေ ဟာလည်း ရှင်သန်ဖို့အတွက်ကြီးမားတဲ့ပြဿနာကို ရင်ဆိုင်ရပါလိမ့်မယ်။ ဒီနေရာမှာ ကျွန်တော် ထပ်ဆောင်းတင်ပြချင်တာကတော့- အခြားနည်းလမ်းနဲ့ ဖွံ့ဖြိုးတိုးတတ်အောင် ဆောင်ရွက်ဖို့ လမ်းကြောင်းတစ်ခုကို ရှာဖွေဖို့ပါပဲ၊ ဒီကိစ္စရပ်ဟာ ပြည်သူလူထုတွေရဲ့ နေထိုင်မှုဘဝအတွက် အလွန်အရေးကြီးပါတယ်။ ဒီကိစ္စရပ်ကိုအကောင်အထည်ဖော်ဖို့ဆိုတာ ကျွန်တော်တို့ရဲ့ အကန့် အသက်ရှိတဲ့အရင်းအမြစ်တွေ၊ မြန်မာအစိုးရကိုအားကိုးပြီးတော့ မဆောင်ရွက်နိုင်ပါဘူး။ ဒါကြောင့် နိုင်ငံတကာမှလူမှုရေးအသင်း အဖွဲ့များရဲ့အကူအညီကို တောင်းဆိုရခြင်း ဖြစ်ပါတယ်။ နိုင်ငံတကာအသင်းအဖွဲ့မှ ကိုးကန့်ဒေသကို ကိုယ်တိုင်ကိုယ်ကျလာရောက်ပြီး ကိုးကန့်ဒေသ ရဲ့ပကတိအခြေအနေကို လာရောက်ကြည့်ရှုဖို့ ကျွန်တော်ဖိတ်ခေါ်ပါတယ်။ မည်သို့ ပင်ဖြစ်ပါစေ မူးယစ်ဆေးဝါးကင်းစင်အောင် ဆန့်ကျင်တိုက်ဖျက်ရေးဆိုတာ ကျွန်တော်တို့ချမှတ်ထားတဲ့ သန္နိဌာန်တစ်ရပ်ပါပဲ။ ကျွန်တော်တို့မှာရှိတဲ့ အင်အားတစ်ခုတည်းကိုသာ မှီခိုနေမယ်ဆိုရင် တားမြစ်ပိတ်ပင်နိုင်သည့်အချိန်ကာလမှာ ကြာရှည်နေဦးမှာ ဖြစ်ပါတယ်။

မှတ်ချက်။         ။ ရွေးချယ်ထားသည့်ဆောင်းပါး (ရန်အိမ်တော်), ဆောင်းပါးရေးသားသူ – ရန်လိ

တရုတ်ဘာသာမှ မြန်မာဘာသာသို့ ပြန်ဆိုသည်။

မူရင်း link

https://mp.weixin.qq.com/s/efMMN8VIDF-dBEtPfHLKxw