09

ကိုးကန့် နန်ထန်မိန်ကာကွယ်ရေးတိုက်ပွဲ၏ (၅)နှစ်ပြည့်အထိမ်းအမှတ်

၂၀၁၅-၂၀၂၀ : မမေ့လျော့သင့်သည့် နန်ထန်မိန်တောင်တွင် အသက်ပေးစွန့်လွှတ်အနစ်နာခံခဲ့ကြသည့် မဟာမိတ်တပ် အာဇာနည်များ။

စာရေးသူ- လီဟွာဂန်း

၁၉၉၃ ခုနှစ်  တရုတ်နိုင်ငံပီကင်းတွင် “မဟာတံတိုင်းဆန့်ကျင်ရေးတိုက်ပွဲ” ဖြစ်ပွားနေသည့်ကာလအတွင်း တွင် “နန်ထန်မိန်ကာကွယ်ရေးတိုက်ပွဲ” တစ်ပွဲဖြစ်ပွားခဲ့သည်။ ယင်းခုနှစ်၏မတ်လတွင် ဂျပန်စစ်တပ်မှ ကူပိန်ခုံမဟာတံတိုင်းခံတပ်ဖြစ်သည့် နန်ထန်မိန်ကိုကျူးကျော်တိုက်ခိုက်ခဲ့သည်။ နန်ထန်မိန်တောင် မှာ ခမ်းရှီးဘုရင်(၄၃)နှစ်တွင် တည်ဆောက်ခဲ့သည့် ပီကင်းမြို့၏ စစ်ဖက်ဆိုင်ရာ နောက်ဆုံးအကာအရံခံတပ် တစ်တပ်ဖြစ်သည်။ ယင်းခံတပ်ကို အမှတ်(၂၅) တရုတ်အမျိုးသားကာကွယ်ရေးတပ်မတော်မှ ကာကွယ် စောင့်ရှောက်ထားသည်။ ဂျပန်စစ်တပ်များသည် နန်ထန်မိန်၏ “ဘားဒေါက်လုံကျီ” ကို ဦးစွာကျူးကျော်၍ ငါးညငါးရက်တိုင် တိုက်ပွဲဖြစ်ပွားခဲ့သည်။ နောက်ဆုံးတွင်အမြောက်ဗုံးဖောက်၍ တိုက်ပွဲကိုရပ်တန့်ခဲ့သည်။ ခံတပ်ကို သိမ်းပိုက်ပြီးချိန်တွင် ၎င်းခံတပ်တွင် အမှတ်(၂၅)တရုတ်အမျိုးသားတပ်မတော်မှ ကျန်ရစ်ခဲ့သည့် စစ်သည်ခုနှစ်ဦး၏ ရုပ်အလောင်းကိုသာ တွေ့ရှိခဲ့သည်။ တရုတ်လူမျိုးစစ်သည်ခုနှစ်ဦးအင်အားဖြင့် ဂျပန်စစ်တပ်၏ လူ(၇၀၀)အင်အားကို ငါးရက်တိုင်တိုင်ခုခံတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။ ဤအခြင်းအရာကို ဂျပန်စစ်တပ်မှ လေးစားသမူအဖြစ် တရုတ်စစ်သည်၏ရုပ်အလောင်းကို ကောင်းမွန်စွာမြှုပ်နှံပေးခဲ့ပြီး အုတ်ဂူကမ္ဗည်းကို “ စစ်သူရဲကောင်းခုနှစ်ဦး၏သင်္ချိုင်းဂူ” ဟူ၍ကမ္ဗည်းထိုးရေးသားခဲ့သည်။ နှစ်ပေါင်း၈၂နှစ် အကြာတွင် ကိုးကန့်တွင်လည်း တရုတ်မျိုးနွယ်အမျိုးသားများ၏ သူရဲကောင်းရဲစွမ်းသတ္တိကို ထပ်မံထုတ်ဖော် ပြသည့် “နန်ထန်မိန် ကာကွယ်ရေးတိုက်ပွဲ” ဖြစ်ပွားခဲ့သည်။

၂၀၁၅ခုနှစ်ဖေဖော်ဝါရီလ၉ရက်နေ့တွင် ကိုးကန့်ဒေသတွင် “ပြန်လည်ထူထောင်ခြင်းစစ်ပွဲ” ဖြစ်ပွားခဲ့သည်။ စစ်ပွဲအစပိုင်းတွင် မဟာမိတ်တပ်မှလမ်းကြောင်းသုံးကြောင်းခွဲ၍ ကိုးကန့်ဒေသတစ်ခုလုံးကို ထိန်းချုပ်ထား နိုင်ခဲ့သည်။ မြန်မာစစ်တပ်မှ ခုခံကာကွယ်တိုက်ခိုက်နိုင်စွမ်းမဲ့ခဲ့ပြီး အသေအကြေအပျက်အစီး များပြားခဲ့ သည်။ ဖေဖော်ဝါရီလကုန်ပိုင်းတွင် မြန်မာစစ်တပ်မှရှေ့တန်းတပ်မြောက်များစွာ စစ်ကူပို့လွှတ်ခဲ့သဖြင့် မဟာ မိတ်တပ်မှ မြို့တော်လောက်ကိုင်ကို စွန့်ခွာ၍ နန်ထန်မိန်တောင်အထိ တပ်ဆုတ်ခဲ့ရသည်။ အရှေ့ဘက် တောင်ကုန်းတစ်လျှောက်တွင်တပ်စွဲခဲ့သည်။ မဟာမိတ်တပ်၏ တပ်မဟာ(၂၁၁) က နန်ထန်မိန်တောင် အရှေ့ဘက်ကုန်း၊ တပ်မဟာ (၃၁၁)မှ တောင်၏အရှေ့ဘက်နှင့်မြောက်ဘက်တောင်ကုန်းတို့တွင် တပ်စွဲခဲ့ သည်။ မတ်လတွင် မြန်မာစစ်တပ် မှ မြောက်ဘက်နှင့်တောင်ဘက်ရှိမဟာမိတ်တပ်များကို ဝင်ရောက် တိုက်ခိုက်ခဲ့သည်။ အချိန်ကြာကြာတိုက်ခိုက်ခဲ့သော်လည်း နန်ထန်မိန်တောင်ကို မချဉ်းကပ်နိုင်ခဲ့ပါ။ ဧပြီလ တွင် မြန်မာစစ်တပ်မှ စစ်အင်အားထပ်မံဖြည့်တင်း၍ အရှေ့ဘက်နှင့်မြောက်ဘက်တောင်ကုန်း တွင်တပ်စွဲ ထားသော တပ်မဟာ (၃၁၁) ကို ဝင်ရောက်တိုက်ခိုက်ပြန်သည်။ တာကန်ထန်စစ်ပွဲတွင် မဟာမိတ်တပ် တပ်မဟာ(၃၁၁)၏တပ်ရင်း(၂၂)မှ မိမိထက် အင်အားအဆပေါင်းများစွာများသည့် မြန်မာစစ်တပ်၏ တိုက်ခိုက်မှုကို လဝက်ခန့်ခုခံတိုက်ခိုက်နိုင်ခဲ့ပြီး ရန်သူအင်အား၂၀၀ခန့်ကို ပစ်ခတ်ရှင်းထုတ်နိုင်ခဲ့သည်။ တပ်မဟာ(၃၁၁)၏လက်နက်ကိုင်တပ်ဖွဲ့မှ ရန်သူစစ်တပ်၏ သံချပ်ကာယာဉ်သုံးစီးကို ဖျက်ဆီးနိုင်ခဲ့သည်။ တာကန်ထန်စစ်ပွဲတွင် မဟာမိတ်တပ်၏ တပ်သား(၂၀)ခန့်အသက်ဆုံးရှုံးခဲ့ရပြီး တပ်သား(၄၀)ခန့်ဒဏ်ရာ အပြင်းအထန်ရရှိခဲ့သည်။ မြန်မာစစ်တပ်အင်အား‌တောင့်တင်းလွန်းခြင်းကြောင့် တပ်မဟာ(၃၁၁)မှာ အရှေ့ ဘက်တောင်ကုန်းမှတပ်ဆုတ်ခဲ့ရသည်။

ဧပြီလအစပိုင်းတွင် မြန်မာစစ်တပ်သည် ကိုးကန့်၏မဟာမိတ်တပ် တိုက်ခိုက်ရေးတပ်ရင်း ပေါင်း(၅၃)တပ် ခန့်နှင့် ထိပ်တိုက်တိုက်ခိုက်ခဲ့သည်။ ၎င်းတပ်ရင်းထဲတွင် တပ်ရင်း(၂၀)ခန့်မှာ ပို့ဆောင်ထောက်ပံ့ရေး နှင့်ကာကွယ်စောင့်ရှောက်ရေးကိုတာဝန်ယူပြီး၊ တပ်ရင်း(၁၄)တပ်ခန့်မှာ ခံတပ်တောင်ကုန်းနှင့် အကောက် တောင်ကုန်းတွင် ရှေ့တန်းတပ်သားအဖြစ် ၊ တပ်ရင်း(၁၉)တပ်ခန့်မှာ  လောင်ပေါက်ကျိုင် ၊မိဖုန်းကျိုင် ၊မြောက်ဘက်ပိုင်း ဟုန်အိုင်ဒေသတို့တွင် ရှေ့တန်းတပ်သားအဖြစ် ရင်ဆိုင်တိုက်ခိုက်ခဲ့သည်။

မြန်မာစစ်တပ်မှ အင်အားတောင့်တင်းစွာဖြင့် မြောက်ပိုင်းဝါးရုံတော၊ လောင်ပေါက်ကျိုင်ရှိ မဟာမိတ်ရှေ့တန်း တပ်ကို ထိုးဖောက်တိုက်ခိုက်ခဲ့သည်။ လောင်ပေါက်ကျိုင်စစ်ပွဲမှာ အလွန်ပြင်းထန်ခဲ့ပြီး မြန်မာစစ်တပ်ဘက်မှ  မဟာမိတ်တပ်၏ခံတပ်နယ်မြေသို့ ချဉ်းကပ်ရန် လေးရက်တိုင်တိုင်ကြိုးပမ်းတိုက်ခိုက်ခဲ့သည်။ တပ်အင်အား(၆၀) ခန့်ရှိသည့်မြန်မာစစ်သည်မှာ မဟာမိတ်တပ်၏ရှေ့တန်းခံတပ်နယ်မြေတွင် ကျဆုံးခဲ့ရသည်။ လောင်ပေါက်ကျိုင် တွင် အချိန်ကြာကြာတိုက်ခိုက်ခဲ့သော်လည်း အောင်မြင်မှုမရရှိခဲ့သဖြင့် မြန်မာစစ်တပ်ဘက်မှ အဓိကတပ်ဖွဲ့ ကိုရှောင်ကွင်း၍ မဟာမိတ်တပ်၏ ဝါးရုံတောခံတပ်နယ်မြေကို ဝင်ရောက်တိုက်ခိုက်ခဲ့ပြန်သည်။ အကြိမ်ပေါင်း များစွာ လေတပ်နှင့်ပူးပေါင်း၍ မဟာမိတ်တပ်နှင့်စစ်ပွဲဆင်နွဲခဲ့ပြီး တပ်လုံးဝမဆုတ်ခဲ့ပါ။  တိုက်ပွဲကာလတစ်လ အတွင်းတွင်  မြန်မာစစ်သည် ၁၀၀ခန့်ကျဆုံးခဲ့သည်။

ဧပြီလတွင် မဟာမိတ်တပ်၏ တာထန်ကန်တောင်ကုန်းတိုက်ပွဲတွင် မြန်မာစစ်တပ်ဘက်မှ အမှတ်(၁၁) အမြောက်တပ်ရင်း ဒုဗိုလ်မှူးကြီးကိုကွပ်မျက်ခဲ့ပြီး အမှတ်(၁၁)ဗိုလ်ချုပ်ကိုလည်း ထောင်ချခဲ့သည်။ ထိုသို့ပြုလုပ် ရခြင်း၏အကြောင်းပြချက်မှာ ဗိုလ်ချုပ်မှူးကြီးမင်းအောင်နိုင်မှ အမှတ်(၁၁)အမြောက်တပ်ရင်းကို သို လှောင်ထား သည့် ခဲယမ်းအမြောက်ဆံအားလုံးကို တာကန်ထန်တောင်သို့ ပစ်လွှတ်ရန်အမိန့်ပေးခဲ့သည်ကို ဗိုလ်ချုပ်မှ ဤအပြုအမူမှာ မိမိကိုယ်ကိုယ်အဆုံးစီရင်ခြင်းနှင့်တူကြောင်း၊ အမြောက်ဆံအားလုံးကိုသာ ပစ်ခတ်လိုက်မည် ဆိုလျှင် ခဲယမ်းများမဖြည့်တင်းနိုင်မီတွင် ဝပြည်နယ်မှ တန်ပြန်တိုက်ခိုက်နိုင်ချေရှိကြောင်းနှင့် ထိုသို့ဖြစ်လျှင် အရှေ့မြောက်ဘက်ရှိရှေ့တန်းစစ်သည်အားလုံး ကျဆုံးနိုင်ကြောင်း ချေပပြောဆိုခဲ့ခြင်းကြောင့်ဖြစ်သည်။ ထို့နောက် ဗိုလ်ချုပ်မှအမြောက်ပစ်လွှတ်ခြင်းကို ရပ်တန့်ရန်နှင့်အမြောက်ဆံများကို ပြန်လည်ပေးပို့ရန်အမိန့်ပေး ခဲ့သည်။ ဤအမိန့်ကိုလိုက်နာဆောင်ရွက်သည့် အမြောက်တပ်ရင်း တပ်ရင်းမှူးမှာ ကွပ်မျက်ခံခဲ့ရပြီး ဗိုလ်ချုပ်မှာ အဖမ်းခံခဲ့ရသည်။

၂၀၁၅ခုနှစ်ဧပြီလ၂၂ရက်နေ့တွင် နန်ထန်မိန်တောင်ကုန်းပေါ်ရှိမဟာမိတ်တပ်ကို ရှင်းလင်းရန်အတွက် မြန်မာစစ်တပ်မှ အမှတ်(၃၃)ခြေလျင်တပ်မ၏ တပ်ရင်း(၁၁၁)၊တပ်ရင်း(၁၂၀)၊တပ်ရင်း(၁၀၉)၊ တပ်ရင်း (၁၅၀)တို့မှာ နန်ထန်မိန်တောင်ကုန်းအောက်ရှိ ရှောင်လုချန် ကိုဝင်ရောက်ခဲ့ပြီး မဟာမိတ်တပ်၏ “စက်ကွင်း” ထဲသို့ မထင်မှတ်ဘဲကျရောက်ခဲ့သည်။ မဟာမိတ်တပ်မှ အမြောက်ဆံနှင့်လက်ပစ်ပုံးများဖြင့် ပစ်ခတ်တိုက် ခတ်ခဲ့ပြီး မြန်မာစစ်သည်ပေါင်းအယောက် (၁၀၇)ဦးခန့်ကျရှုံးခဲ့သည်။ ငါးဦးခန့်မှာတောင်ကုန်းပေါ်မှ ခုန်ချ သတ်သေခဲ့ပြီး မြန်မာစစ်သည်ငါးဦးခန့်ကို သုံ့ပန်းအဖြစ်ဖမ်းဆီးရရှိခဲ့သည်။ ကျန်စစ်သားများမှာ ထွက်ပြေး လွှတ်မြောက်ခဲ့ပြီး မြန်မာစစ်တပ်၏ လက်နက်ပစ္စည်းများကိုသိမ်းပိုက်ရရှိခဲ့သည်။ မဟာမိတ်တပ်သားမှ တောင်ကုန်းပေါ်မှ ခုန်ချသတ်သေခဲ့သည့် စစ်သားငါးဦး၏ရုပ်အလောင်းကို ရှာဖွေတွေ့ရှိချိန်တွင် စစ်သား၏မျက်နှာမှာ အသွေးအသားကြေမွပျက်စီးနေပြီဖြစ်ပြီး အင်္ကျီအိတ်ကပ်ထဲတွင် မည်သည့်ပစ္စည်းမှ ရှိမနေခဲ့ပါ။

|ရှောင်လူချန်တိုက်ပွဲတွင်းဖမ်းဆီးရရှိသည့် မြန်မာသုံ့ပန်းများ
|မဟာမိတ်တပ်မှသိမ်းပိုက်ရရှိခဲ့သည့် မြန်မာစစ်တပ်၏လက်နက်များ။

ရှောင်လုချန်တိုက်ပွဲပြီးနောက်တွင် မဟာမိတ်တပ်၏နန်ထန်မိန်စစ်ညွှန်ကြားရေးစခန်းမှ ရေဒီယိုဆက်သွယ်မှု ဖြင့် မျက်နှာချင်းဆိုင်တွင်ရှိသည့် မြန်မာစစ်တပ်စခန်းကို ခေါ်ဆိုခဲ့သည်။ မြန်မာစစ်တပ်အား သုံးရက်အတွင်း လက်နက်ကိုင်ဆောင်ထားခြင်းမရှိဘဲ တပ်နှစ်တပ်အကြားရှိစစ်မြေပြင်တွင် စစ်သည်များ၏ရုပ်အလောင်းကို ကောက်ယူခွင့်ပြုကြောင်း အကြောင်းကြားခဲ့သည်။ သို့သော် အချိန်လေးရက်ကုန်လွန်သွားသော်လည်း မြန်မာ စစ်တပ်ဘက်မှ တုန့်ပြန့်မှုတစ်စုံတစ်ရာမရှိခဲ့ဘဲ မြန်မာစစ်သည်၏ရုပ်အလောင်းများ ပုပ်ပွနံ့ဟောင်သည့် အနံ့များသာ ပျံ့လွင့်လာခဲ့သည်။ မဟာမိတ်တပ်မှ စစ်ကျရှုံးခဲ့သည့်မြန်မာစစ်သည်ပေါင်း(၂၇)ဦးခန့်ကိုမြေမြှုပ်ပေး ခဲ့သည်။  အောက်ဖော်ပြပုံမှာ မြန်မာစစ်တပ်၏တရားဝင်အင်တာနက်စာမျက်နှာမှ ကောက်နှုတ်ထားသည့် မြန်မာ စစ်သားများ၏ စစ်အောင်ပွဲဂုဏ်ပြုအထိမ်းအမှတ်ပုံဖြစ်ပြီး ရန်သူတပ်မှသိမ်းဆည်းရရှိသည့်လက်နက်များကို ခင်းကျင်းပြသထားသည့်ပုံဖြစ်သည်။ ပုံ၏ဘယ်ဘက်ခြမ်းမှ ခုနှစ်ယောက်မြောက်မှာ မြန်မာစစ်တပ်နှင့်ပူးပေါင်းခဲ့ သည့် ကြေးစားလက်နက်ကိုင်စစ်သားဖြစ်သည်။ ဤပုံကိုကြည့်ခြင်းအားဖြင့်  မြန်မာစစ်တပ်သည် မိမိ၏စစ်အင် အားတစ်ခုတည်းနှင့်သာ ကိုးကန့်ကိုတိုက်ခိုက်ခြင်းမဟုတ်ဘဲ နောက်ကွယ်တွင်ကြီးမားသည့်အဖွဲ့အစည်းတစ်ခု ၏ ထောက်ပံ့မှုရှိသည်ကို သိရှိနိုင်သည်။

|မြန်မာစစ်တပ်နှင့်ပူးပေါင်း၍ကိုးကန့်ကိုတိုက်ခိုက်ခဲ့သည့်ကြေးစားလက်နက်ကိုင်စစ်သား (ဘက်ဘက်မှ ခုနှစ်ယောက်မြောက်)

ကိုးကန့်နန်ထန်မိန်‌တောင်မှာ ကိုးကန့်ဒေသ၏အရှေ့တောင်ဘက် ပင်လယ်ရေမျက်နှာပြင်အထက် မီတာ‌ပေါင်း ၂၁၀၀ တွင်တည်ရှိသည်။ ၎င်းတည်နေရာသည် လောက်ကိုင်မြို့ကို အပေါ်ယံမှစီးခြုံကြည့်ရန်နှင့် ထိန်းချုပ်ရန် အတွက် အရေးပါသောစစ်တပ်နယ်မြေတစ်ခုဖြစ်သည်။ မြန်မာပြည်မြောက်ပိုင်းစစ်ရေးဗျူဟာများအတွက် စစ်မြေပြင်တစ်ခုဖြစ်ပြီး မင်မင်းဆက်နှင့်မန်ချူးမင်းဆက် ခေတ်နှစ်ခေတ်တွင်လည်း တရုတ်-မြန်မာစစ်ပွဲများ အပြင်းအထန်ဖြစ်ပွားဖူးသည့်မြေပြင်ဖြစ်သည်။ စစ်ရေးအရနန်ထန်မိန်၏အရေးပါပုံမှာ – နန်ထန်မိန်ကို ချုပ်ကိုင် နိုင်သည့်မည်သူမဆို ကိုးကန့်ဒေသကို ချုပ်ကိုင်နိုင်ပြီဖြစ်သည်၊ နန်ထန်မိန်တောင်ကုန်းပေါ်ရှိ ကိုးကန့်မဟာမိတ် စစ်တပ်မှာ မြန်မာစစ်တပ်များအတွက် အကြီးမားဆုံးသော ခြိမ်းခြောက်မှုတစ်ရပ်ဖြစ်သည်။

ထိုအချိန်တွင် မြန်မာအစိုးရမှသတ်မှတ်ထားသည့် (၃)လသာစစ်ကာလ( ဖေဖော်ဝါရီ၁၇ရက်မှ မေလ၁၇ရက်ထိ) ရောက်ရှိလုနီးပြီဖြစ်ပြီး မြန်မာတပ်မတော်၏ဗိုလ်ချုပ်မှူးကြီးသန်းရွှေမှာ ဗိုလ်ချုပ်ကြီးမင်းအောင်နိုင်၏ စစ်ဆင် ရေးရလဒ်ကို ဘဝင်မတွေ့သဖြင့် ဖုန်းဆက်သွယ်၍ ဗိုလ်ချုပ်ကြီးမင်းအောင်နိုင်အား နန်ထန်မိန်ကို သတ်မှတ် စစ်ကာလအတွင်း အရသိမ်းပိုက်ရန် အမိန့်ချမှတ်ခဲ့သည်။ ဤသို့ဖြင့် ဗိုလ်ချုပ်ကြီးမင်းအောင်နိုင်မှာ တစ်နိုင်ငံလုံး ရှိစစ်အင်အားကို အသုံးပြုပြီး မြန်မာစစ်သမိုင်းကြောင်းတွင် အကြီးမားဆုံးသော ခြေလျင်တပ်နှင့်လေတပ် ပူးပေါင်းသည့် စစ်ပွဲကို စတင်တိုက်ခိုက်ခဲ့သည်။

မဟာမိတ်တပ်၏ တပ်မဟာ(၂၁၁)မှာ နန်ထန်မိန်တောင်ကုန်း၏ တောင်ခြေတစ်ဝက်တပ်နယ်မြေတွင် မြေမြှုပ် မိုင်း အများအပြားကို မြှုပ်နှံထားခဲ့သည်။ ၂၀၁၅ခုနှစ် မေလ ၈ရက်နေ့ညပိုင်းတွင် မြန်မာစစ်တပ်မှ  စစ်အင်ဂျင်နီယာစစ်သည်များကို သိုဝှက်စွာစေလွှတ်၍ တောင်ခြေတစ်ဝက်ရှိ မြေမြှုပ်မိုင်းအများစုကို ဖော်ယူခိုင်း ခဲ့သည်။ ၂၀၁၅ ခုနှစ် မေလ ၉ ရက်နေ့ မနက်ခင်းတွင် မြန်မာစစ်တပ်ဘက်မှ တိုက်ပွဲမစတင်မီတွင် တောင်ခြေ တစ်ဝက်ကို အမြောက်ပစ်လွှတ်၍ မိုင်းများကိုဖောက်ခွဲခဲ့သည်။ ထို့မျှတင်မကဘဲ နန်ထန်မိန်တောင်၏ လေးစတုရန်းကီလိုမီတာ ပတ်ပတ်လည်ရှိ ပင်မတပ်စခန်းကို မဖောက်ထုံးဗုံးများ၊ အဆိပ်ဓာတ်ငွေ့ဗုံး များအပါအဝင် အမြောက်ဆံများစွာပစ်ခတ်ခဲ့သည်။ ထို့နောက် မြန်မာစစ်တပ်ဘက်မှ စစ်တပ်အင်အား မြောက် များစွာမှာ စစ်သုံးရဟက်၊ တင့်ကား၊ ရာနှင့်ချီသောအမြောက်လက်နက်များစွာဖြင့် သုံးဘက်သုံးရံဝိုင်းရံ၍ မဟာမိတ်တပ်ရာချီစခန်းချထားသည့် ထန်နန်မိန်တောင်ကုန်းကို ချီတတ်တိုက်ခိုက်ခဲ့သည်။ မြန်မာစစ်တပ်သည် မေလ ၉- ၁၀ ရက် နှစ်ရက်လုံးတွင်ဆင်နွဲခဲ့သည့် ထိုးစစ်နှစ်ခုလုံးရှုံးနိမ့်ခဲ့ပြီး ချီတတ်ခဲ့သည့်ထိုးစစ်အားလုံးမှာ မဟာမိတ်တပ်၏ တပ်မဟာ( ၂၁၁) လက်အောက်တွင် ရှုံးနိမ့်ခဲ့သည်။

မေလ၁၁ရက်တွင် မြန်မာစစ်တပ်မှ နန်ထန်မိန်တောင်ကုန်းရှိ တပ်မဟာ(၂၁၁) ကိုတိုက်ခိုက်သည့်ထိုးစစ်ကို ရုတ်တရက် ရပ်တန့်ခဲ့ပြီး နန်ထန်မိန်တောင်ကုန်းဘေးဘက်ကပ်လျက် လောင်ပေါက်ကျိုင်ရှိ မဟာမိတ်တပ်၏ တပ်မဟာ (၃၁၁) ကို ပြောင်း၍ ထိုးစစ်ဆင်ခဲ့ပြန်သည်။ မြန်မာစစ်တပ်ဘက်မှ အမြောက်လက်နက်ကို အရင်ဆုံး အသုံးပြုပြီး လောင်ပေါက်ကျိုင်တပ်စခန်းကို ဖောက်ခွဲခဲ့သည်။ ပြီးမှ တိုက်လေယာဉ်ဖြင့် ခြေလျင်တပ်သားများ ကိုကာကွယ်၍ ထိုးစစ်ဆင်စေသည်။ မြန်မာစစ်သည်ထောင်ပေါင်းများစွာ မဟာမိတ်တပ်၏ရှေ့တန်းတပ်စခန်း သို့ချဉ်းကပ်လာချိန်တွင် မဟာမိတ်တပ် တပ်မဟာ(၃၁၁) မှ စခန်းကိုမဖြစ်မနေရွေ့ပြောင်းခဲ့ရသည်။ ထိုအချိန် တွင် မဟာမိတ်တပ် တပ်မဟာ (၂၁၁) အနေဖြင့် နန်ထန်မိန်တပ်စခန်း၏ ပြင်ပအထောက်အပံ့စခန်းကို ဆုံးရှုံးခဲ့ ရပြီး မြန်မာစစ်တပ်၏ ထိုးစစ်ကို မိမိတပ်စခန်းတစ်ခုတည်းဖြင့်သာ ရင်ဆိုင်တိုက်ခိုက်ခဲ့ရသည်။

မေလ၁၂ရက်မနက်ခင်းတွင် မြန်မာစစ်တပ်တစ်တပ်မှ ခရီးစရန်ပြင်ဆင်နေချိန်တွင် စစ်သားတစ်ဦးပျောက်ဆုံး နေသဖြင့် လိုက်လံရှာဖွေချိန်တွင် တပ်စခန်း၏အနောက်ဘက်ရှိ တောထဲတွင် ကြိုးဆွဲချအဆုံးစီရင်ထားကြောင်း တွေ့ရှိခဲ့သည်။ အကြောင်းရင်းမှာ စစ်ပွဲကိုမုန်းတီးပြီး အခြားရွေးချယ်စရာလမ်းကြောင်းမရှိသဖြင့် မိမိ၏အသက် ကို အဆုံးသတ်ရန်ရွေးချယ်ခဲ့ခြင်းဖြစ်သည်။ မြန်မာစစ်တပ်သည် အမှန်စင်စစ်တွင် အလုပ်အကိုင်မရှာဖွေနိုင်ဘဲ ပညာကိုဆက်၍မသင်ကြားနိုင်သော အလုပ်လက်မဲ့များကို စုစည်းထားသည့် တပ်ဖွဲ့ဖြစ်သည်။ မြန်မာစစ်တပ် သည် တာရှည်တာဝန်ထမ်းဆောင်နိုင်ပြီး စစ်သားအများစုမှာ အိမ်ထောင်ပြုပြီးသားဖြစ်သည်။ စစ်တပ်သည် ထိုသူတွေအတွက် ရေရှည်ထမင်းကျွေးရာနေရာတစ်နေရာ ဖြစ်လာခဲ့သည်။ ယခုအဆုံးစီရင်သွားသည့် စစ်သားမှာ

နောက်တစ်မျိုးဖြစ်သည်။ ၎င်းသည် ပညာအရည်အချင်းပြည့်ဝသည့် ဗမာလူမျိုးလူငယ်တစ်ဦးဖြစ်သည်။ မိမိ၏  အိပ်မက်အတွက် စစ်တပ်ထဲသို့ဝင်ရောက်ခဲ့ခြင်းဖြစ်ပြီး စိတ်ကူးအိပ်မက်များပျက်ပြယ်ရခြင်းကြောင့် စိတ်ဓာတ် ကျ၍ သတ်သေခဲ့ခြင်းဖြစ်သည်။ သေဆုံးချိန်တွင် အဝတ်အစားများသပ်သပ်ရပ်ရပ်ရှိပြီး မိမိ၏ခြေထောက် ‌အောက်တွင် ငှက်ပျောပင်သုံးပင်ကို ချထားသည်။ ဤအပြုအမူမှာ ဗမာလူမျိုးအထက်တန်းအလွှာတို့၏ အသုဘ ရိုးရာဓလေ့တစ်မျိုးဖြစ်သည်။

|Mil Mi-24 တိုက်လေယာဉ်
|မြန်မာစစ်တပ်သုံးတပ်၏ကာကွယ်ရေးဦးစီးချုပ်ဗိုလ်ချုပ်မှူးကြီးမင်းအောင်နိုင်

၂၀၁၅ခုနှစ် မေလ၁၂ရက်မနက်ခင်းတွင် မြန်မာအမြောက်တပ်မှ အမြောက်ဆံသောင်းပေါင်းများစွာကို ပစ်လွှတ်ခဲ့သည်။ မြန်မာစစ်တပ်မှ စစ်အင်အားကို နန်ထန်မိန်တောင်ကုန်းရှိ မဟာမိတ်တပ် တပ်မဟာ(၂၁၁) ကို တိုက်ခိုက်ရန်အင်အားဖြည့်ထားပြီး တိုက်လေယာဉ်များဖြင့်လည်း ထိုးစစ်ဆင်တိုက်ခတ်ခဲ့သည်။ တပ်ခွဲ(၃) တပ်ဖြင့် မြန်မာစစ်သည်အင်အား တစ်သောင်းခန့်၊ အမြောက်တပ်ရင်းသုံးတပ်နှင့် ဒုံးပျံတပ်ရင်း တစ်တပ်တို့ ပါဝင်သည်။ မြန်မာစစ်တပ်မှ နန်ထန်မိန်မဟာမိတ်တပ် တပ်မဟာ(၂၁၁) ကို တိုက်ခိုက်ရာတွင် “အမြောက် တပ်အုပ်စုလိုက်နည်းဗျူဟာ” ကိုအသုံးပြုထားသည်။ သုံးဘက်သုံးရံမှ အမြောက်တပ်များ တပ်စခန်းသို့ ပြိုင်တူချိန်ဆ၍ နန်ထန်မိန်တောင်ကုန်းဆီသို့ အချိန်အတော်ကြာ ဦးတည်ပစ်လွှတ်ခဲ့သည်။ မည်သည့် ဟာကွက်နေရာမှ မကျန်ရစ်စေဘဲ၊ ခဲယမ်းများကို နှမြောမှုမရှိဘဲ ဆင်ခန္ဓာကိုယ်ဖြင့်စာကလေးကိုရိုက်သတ် နေသလိုမျိုး စာကလေး၏အရိုးအသားမမြင်ရလောက်သည့်အထိ ရိုက်နှက်သကဲ့သို့ ပစ်ခတ်ခဲ့သည်။

မြန်မာစစ်တပ်သည် နန်ထန်မိန်တောင်ကုန်း၏ အရှေ့တောင်ဘက်၊အနောက်တောင်ဘက်၊ အနောက်မြောက် ဘက်တွင် အမြောက်ပစ်လွှတ်တပ်(၆)တပ်ကို နေရာချထားခဲ့သည်။ ၎င်းတို့မှာ ရှီထုံးရွှေ၊ တာလင်ကန် ၊ မီရှန့်ကုံး ၊ တာရွှေထန်၊ ဟုန်အိုင်မြစ်ဝ ၊ ရှောင်လုချန် ဖြစ်ပြီး အမြောက်ပစ်တပ်(၆)တပ်မှ မဟာမိတ်တပ်စခန်းသို့ ပြိုင်တူ ပစ်လွှတ်ခဲ့ခြင်းဖြစ်သည်။ ထိုနည်းဖြင့် စစ်ဆင်ရေးအောင်မြင်ခဲ့ပြီး မြန်မာစစ်တပ်မှ တစ်နိုင်ငံလုံးတွင်ရှိသည့် ၁၅၅မမ အမြောက်ကိုပို့ပေးခဲ့ခြင်းဖြစ်ပြီး တစ်နိုင်ငံလုံးရှိမြန်မာစစ်တပ်၏ ခဲယမ်းလက်နက်သိုလှောင်ရုံတွင် အမြောက်ဆံတစ်လုံးမှ မကျန်ရစ်တော့ပါ။

မွန်းတည့်၁၂နာရီခန့်တွင် မြန်မာစစ်တပ်၏အမြောက်ဆံပစ်ခတ်မှုမှ မနက်ခင်းထက်အဆပေါင်းများစွာ ပြင်းထန်လာပြီး တစ်မိနစ်လျှင် အလုံးတစ်ရာခန့်နှုန်းဖြင့် ဆက်တိုက်ပစ်ခတ်ခဲ့သည်။ အမြောက်ဆံများ ပစ်ခတ်မှုအပြီးတွင် မြန်မာခြေလျင်တပ်သားသည်  တင့်ကားနှင့်သံချပ်ကာယာဉ်များဝန်းရံ၍ စီတုံ့ရွှေမှ ကွမ်ကိုက်မော်တောင်၊ ဟန်ထောင်တောလမ်းကြောင်းအတိုင်း နန်ထန်မိန်ပင်မတပ်မဆီသို့ ထိုးစစ်ချီတတ်ခဲ့ သည်။ မဟာမိတ်တပ်၏ တပ်သားများမှာ ခဲယမ်းမီးလက်နက်မျိုးစုံကို အသုံးပြု၍ မြန်မာ ၏စစ်တပ်များ ချဉ်းကပ်လာမှုကိုတားဆီးရန် ရဲဝံ့စွာခုခံ့တိုက်ခိုက်ခဲ့သည်။ မြန်မာစစ်တပ်၏ ခြေလျင်တပ်နှစ်တပ်ခန့် ထိုးစစ်စင်တိုက်ခိုက်ခဲ့သော်လည်း မဟာမိတ်တပ်မဆီသို့ မချဉ်းကပ်နိုင်ခဲ့သည့်အတွက် အမြောက်ဆံများဖြင့် ပြန်လည်ပစ်ခတ်တိုက်ခိုက်ခဲ့ပြန်သည်။ ၁၂နာရီအတွင်းတွင် မဟာမိတ်တပ်မဆီသို့ အမြောက်ဆံပေါင်း တစ်သောင်းခန့်ကို ပစ်ခတ်ခဲ့သည်။

၁၂နာရီမိနစ်၃၀ခန့်တွင် မြန်မာစစ်တပ်သည် Mil Mi-24 တိုက်လေယာဉ်လေးစင်းကို ဒုံးကျည်အဖြစ်အသုံးပြုပြီး နန်ထန်မိန်တပ်မကို တိုက်ခိုက်ခဲ့ပြန်သည်။ Mi-24 မှာ ဘက်စုံသုံးအလတ်စားတိုက်ခိုက်ရေး ရဟက်ယာဉ် အမျိုးအစားဖြစ်ပြီး ရုရှားနိုင်ငံမှာဝယ်ယူရခြင်းဖြစ်သည်။ ၎င်းရဟက်ယာဉ်ကို တင့်ကားတပ်ဖွဲ့ကို လမ်းကြောင်း ဖောက်ပေးရန်နှင့် လေကြောင်းလက်နက်ရန်ကာကွယ်ရန်နှင့် အတားအဆီးမျိုးစုံကို ရှင်းထုတ်ရန်အတွက် အသုံး ပြုရခြင်းဖြစ်သည်။ ၎င်းရဟတ်ယာဉ်တွင် အလေးချိန် ၂၅၀ကီလိုဂရမ်လေး သည့် ဗုံးဆံလေးလုံး သို့မဟုတ် ၅၀၀ ကီလိုဂရမ်လေးသည့် ဗုံးဆံနှစ်လုံးပါရှိသည်။ ညနေခင်း(၃)နာရီခန့်တွင် မြန်မာစစ်တပ်၏ရဟက်ယာဉ် တစ်စင်း သည် မဟာမိတ်လေတပ်ကာကွယ်ရေးတပ်၏ပစ်ခတ်မှုကြောင့် ပျက်ကျခဲ့သည်။

နန်ထန်မိန်တောင်ကုန်း၏ သစ်ပင်များအားလုံးမီး‌လောင်ကျွမ်းခံခဲ့ရပြီး မြေဆီလွှာလည်း အလွှာပေါင်းများစွာ လှန် တင်ခံခဲ့ရသည်။ မဟာမိတ်တပ်မှာ စစ်သေနတ်၊ဘဇူကာလောင်ချာ စသည့်လက်နက်ငယ်များဖြင့်သာ ခြေလျင် တပ်၊ လေတပ်ဖြင့်ချီတပ်တိုက်ခိုက်ခဲ့သော ရန်သူ၏ထိုးစစ်ကိုခုံခံတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။ အမြောက်ဆံအဆံ ပေါင်းတစ်သောင်းခန့် ပစ်ခတ်လာမှုကြောင့် ဟုန်အိုင်နယ်တစ်ခုလုံးအစိတ်စိတ်အမွှာမွှာကြေမွခဲ့ရသည်။ ကတုတ် ကျင်းများအားလုံး အပြင်လိုက်ဖြစ်သည့်အထိ ဖောက်ခွဲခံခဲ့ရပြီး တောပင်များအားလုံး ပျက်စီးကျိုးပဲ့ခဲ့ရသည်။ မြန်မာစစ်တပ်သည် အတိတ်ကစစ်ပွဲ၏စွမ်းဆောင်ရည်ကိုအဖတ်ဆယ်ရန် ရဲစွမ်းသတ္တိအသွင်ပြောင်းလဲခဲ့သည်။ ရှေ့တန်းတပ်ကျသွားလျှင် နောက်တန်းမှတပ်သားများသည် ရဲဘော်ရဲဘက်တို့၏ရုပ်အလောင်းများကို နင်းဖြတ် ကျော်၍ ချီတတ်တိုက်ခိုက်ခဲ့ကြသည်။ မဟာမိတ်တပ်ဘက်မှ မြန်မာစစ်တပ်တစ်တပ်၏ချီတတ်မှုကို နှိမ်နှင်းပြီး တိုင်း မိနစ်၃၀ခန့်အကြာတွင် ဒုတိယအကြိမ်ထိုးစစ်က စတင်ပြန်သည်။ ရုပ်အလောင်းများရာချီ ကျန်ရစ်နေ ခဲ့သော်လည်း မြန်မာစစ်တပ်ဘက်မှ တပ်ဆုတ်ခွာရန်နှင့်ကြောက်ရွှံ့ခြင်းတစ်စုံတစ်ရာ မရှိခဲ့ပါ။ ဤသည်မှာ ဒုတိယကမ္ဘာစစ်အတွင်း ဂျပန်စစ်တပ်ကိုတိုက်ထုတ်ခဲ့သည့် စိတ်ခွန်အားနှင့်အတော်လေးဆင်တူသည်။

|မြန်မာစစ်တပ်အရာရှိမှစစ်ဆင်ရေးများကိုချမှတ်နေစဉ်
|မြန်မာစစ်သည်တို့၏စိတ်ကြွဆေးရည်ထိုးသွင်းအပ်
|မြန်မာစစ်တပ်ဘက်မှ မဟာမိတ်တပ်ထံသို့အ‌မြောက်ပစ်လွှတ်စဉ်

စိတ်ကြွဆေးရည်ထိုးသွင်းထားမှုကြောင့် မြန်မာစစ်သည်များ၏ မျက်လုံးများသည် နွားမျက်လုံးအလား ရောင် ကိုင်းပြူးထွက်နေပြီး ချီတတ်တိုက်ခိုက်ချိန်တွင် မိုက်ရှုးရဲဆန်လွန်းသည်။ မဟာမိတ်တပ်မှပစ်ခတ်လိုက် သည့် ကျည်ဆံများသည် သူတို့၏ခြေထောက်နှင့်လက်ကိုထိမှန်သော်လည်း နာကျင်မှုတစ်စုံတစ်ရာမပြဘဲ ရှေ့သို့သာဆက်၍ ချီတတ်တိုက်ခိုက်ရန်ဆိုင်းပြင်းနေခဲ့သည်။ မြန်မာစစ်သည်တစ်ဦးဆိုလျှင် ချီတတ်နေရင်း ပင် ရုတ်တရက်လက်နက်များကိုစွန့်ပစ်၍ မကောင်းဆိုးဝါးတစ်ကောင်အလား အော်ဟစ်ဆူပူ၊လက်မြောက် ခြေမြောက်ကခုန်ရင်း ချီတတ်ခဲ့သည်။ မဟာမိတ်တပ်၏သေနတ်ဒဏ်ကိုထိမှန်ပြီးလဲကျသွားလျှင်တောင် မြေပြင်ပေါ်တွင် ငြိမ်သက်သွားခြင်းမရှိဘဲ အဆက်မပြတ်လူးလိမ့်နေခဲ့ပြန်သည်။ အခြားစစ်သည်တစ်ဦးဆို လျှင် ချီတတ်နေရင်းမှ ရုတ်တရက်ရပ်တန့်ပြီး အပေါ်အဝတ်အစားကိုဆွဲချွတ်ကုန်သည်။ အနီးရှိသစ်ပင် တစ်ပင်ကို ကိုင်တွယ်၍ အသားကုန်အောဟစ်ရင်း လှုပ်ရမ်းနေပုံမှာ စိတ္တစရောဂါသည်တစ်ဦး အတိုင်းပင် ဖြစ်သည်။ မဟာမိတ်တပ်၏သေနတ်နှင့် အပစ်ခတ်ခံရ၍ မြေပြင်ပေါ်တွင်လဲကျ သွားချိန်တွင်လည်း ခြေလက်များရမ်းခါနေမှုမှာ မရပ်တန့်ခဲ့ပါ။ မဟာမိတ်တပ်သားများမှာ ဤကဲ့သို့စိတ်ကစဉ့်ကလျား ဖြစ်နေသည့် တိုက်ပွဲမျိုး မကြုံတွေ့ဖူးသဖြင့် အယောက်တိုင်းနီးပါး မျက်လုံးပြုးမျက်ဆန်ပြူး အံ့သြဘနန်း ဖြစ်ခဲ့ရသည်။

မေလ၁၂ရက်နေ့တစ်နေ့တည်းတွင် မဟာမိတ်တပ်၏အသေခံတပ်တစ်တပ်မှ မြန်မာစစ်တပ်ထံသို့ ရှောင်တခင် တိုက်ခိုက်မှုကို ပြုလုပ်ခဲ့ပြီး ကိုးကန့်ဒေသတွင်တပ်စွဲထားသည့် မြန်မာစစ်တပ်နှစ်တပ်၏ ခဲယမ်းလက်နက် သိုလှောင်ရုံကို ဖောက်ခွဲခဲ့သည်။ ထို့အပြင် မြန်မာစစ်သည်ဦးရေ အယောက် ၁၅၀ ကို ပစ်ခတ်သတ်ဖြတ်နိုင်ခဲ့ သည်။ လှုပ်ရှားမှုများပြီးဆုံး၍ တပ်ဆုတ်ချိန်တွင် မြန်မာစစ်တပ်၏ပိတ်ဆို့မှုကိုခံခဲ့ရသဖြင့် အသေခံတပ်ဖွဲ့မှ ကျည်ဆံအကုန် ပြန်လည်ပစ်ခတ်၍  ဓားချွန်ကိုတပ်ဆင်ပြီး မြန်မာစစ်တပ်ကို ပြန်လည်ခုခံတိုက်ခိုက်ခဲ့ သော်လည်း အသေခံတပ်ဖွဲ့ဝင်အားလုံး ကျရှုံးခဲ့ရသည်။ မြန်မာစစ်တပ်ဘက်မှ စစ်မြေပြင်ကိုရှင်းလင်းချိန်တွင် မဟာမိတ်တပ်သား၏ ပါးစပ်ထဲတွင် မြန်မာတပ်သားများ၏ နှုတ်ခေါင်းနှင့်နားရွက်များကို ကိုက်ခဲထားကြောင်း ကိုတွေ့ရှိခဲ့သည်။ မြန်မာတပ်ရင်းတစ်ခု၏ တပ်ရင်းမှူး၏နားရွက်မှာ မဟာမိတ်တပ်သား၏ အရှင်လတ်လတ် ကိုက်ခဲမှုကိုခံခဲ့ရပြီး ကျဆုံးခဲ့ရခြင်းဖြစ်သည်။ စစ်မြေပြင်ရှင်းလင်းချိန်တွင် မဟာမိတ်တပ်သား၏ရုပ်အလောင်း မှာ (၄၃) လောင်းသာ ရှိသည်။

|မြန်မာစစ်တပ်မှ နန်ထန်မိန်တောင်ကုန်းအား ဗုံးများပစ်လွှတ်စဉ်

                  
မေလ၁၂ရက်နေ့သည် နန်ထန်မိန်တောင်ကုန်းရှိ မဟာမိတ်တပ်သားများကျဆုံးမှုအများဆုံး နေ့ရက်တစ်ရက် ဖြစ်ခဲ့သည်။ မဟာမိတ်တပ်၏ အယောက်(၃၀)တပ်သားအားလုံး ကျရှုံးခဲ့ရပြီး၊ ကျရှုံးခဲ့သည့်တပ်သား အများစုမှာ သေနတ်ပစ်ခတ်မှုဒဏ်ရာမရှိဘဲ အမြောက်ဆံထိမှန်မှုကြောင့်ဖြစ်သည်။ တပ်သားများ၏ နားရွက်၊ နှုတ်ခေါင်းနှင့် ပါးစပ်များတွင် ပြင်းထန်လွန်းသည့်အမြောက်ဒဏ်ကြောင့် သွေးသံရဲရဲဖြစ်ခဲ့ရပြီး ခန္ဓာကိုယ်တစ်ခုလုံး အသွေးအသားမကွဲသည့်အထိ အပျက်အစီးများခဲ့သည်။ ရှင်ကျန်ခဲ့သည့်တပ်သားများမှာ အော့အန်ခြင်း၊ မူးမော်ခြင်းလက္ခဏများခံစားခဲ့ရသည်။ ဤလက္ခဏများမှာ ပြင်းထန်လွန်းသည့် ဖောက်ခွဲ‌မှု၏ ပြင်းအားဒဏ်ကို ခံရခြင်းကြောင့်ဖြစ်နိုင်ပြီး မြန်မာစစ်တပ်ဘက်မှ ပစ်လွှတ်သည့် အဆိပ်ဗုံး၏လက်ချက် ကြောင့်ဆိုလည်း ပြောနိုင်သည်။ မေလ ၁၃ရက်နေ့တွင် တောင်ကုန်းထိပ်မှလွဲ၍ နန်ထန်မိန်၏လေးဘက် လေးရံ ပတ်ပတ်လည်ရှိ လက်ကျန်တပ်စခန်း(၁၀)တပ်ခန့်မှာ မြန်မာစစ်တပ်လက်ထဲသို့ ကျရောက်ခဲ့ပြန် သည်။ ထိုအချိန်တွင် မဟာမိတ်တပ်ဘက်သည် ပြောက်ကျားစစ်ဆင်ရေးကို အချိန်ကြာကြာကျင့်သုံးခဲ့သဖြင့် နေရာဒေသစစ်ဆင်ရေး၏အတွေ့အကြုံမလုံလောက်ခြင်းကို သိရှိနားလည်သွားသည်။ မထင်မှတ်ထားသည့် အချိန်တွင် အလွန်မှားယွင်းသည့်ကိစ္စတစ်ခုကို ကျုံးလွန်လိုက်မိခြင်းဖြစ်သည်။ စစ်မြေပြင်တွင် ကိုးရီးယား စစ်ပွဲ၏ “ရှန်ဂန်လင်တိုက်ပွဲ”ကဲ့သို့ တရုတ်စေတနာဝန်ထမ်းစစ်တပ်၏ တူးမြောင်းကတုတ်ကျင်း ဖော်ပေးသူ များမရှိသဖြင့် မြန်မာစစ်တပ်၏အမြောက်ဆံများပစ်ခတ်ချိန်တွင် ထွက်ပြေးပုန်းခိုရန်နေရာမရှိခဲ့ပါ။

မေလ၁၄ရက်နေ့တွင် နန်ထန်မိန်တောင်ကုန်းထိပ်ရှိ မဟာမိတ်တပ်အရာရှိများသည် ပြင်းထန်လွန်းသည့် ပစ်ခတ် မှုများကြောင့် နန်ထန်မိန်တောင်စောင်းအောက်သို့ တပ်ဆုတ်ခဲ့ရသည်။ မြန်မာစစ်တပ်များသည် နန်ထန်မိန် တောင်ကုန်းထိပ်သို့ ချီတတ်ခဲ့ပြီး တောင်စောင်းအောက်မှ ထွက်လာသည့်မဟာမိတ်တပ်များ၏ တန်ပြန်ခုခံတိုက် ခိုက်ခဲ့သည်။ နှစ်ဖက်စလုံးကစစ်ပွဲကို စတင်ခဲ့ကြပြီး တောင်ကုန်းထိပ်တပ်စခန်းကို လက်လွဲပြောင်းရခါနီးပါး ဖြစ်ခဲ့ရသည်။ ဤအခြေအနေမျိုးတွင် မဟာမိတ်တပ်၏တပ်မှူးမှာ နန်ထန်မိန်တပ်စခန်းကို စွန့်လွှတ်ရန်ဆုံးဖြတ် ခဲ့သည်။ တပ်မဟာ (၂၁၁) ၏ တပ်ရင်း ၆ ရှိ တပ်သားပေါင်းဆယ်ချီကို တပ်ဆုတ်ခိုင်းခဲ့သည်။ တပ်စုခေါင်းဆောင် ချန်ဝူကျယ် ၊ တပ်ခေါင်းဆောင် ဟွမ်လုံဝူ ၊ တပ်သား လျိုကော်ဝေး တို့အပါအဝင် စုစုပေါင်း၂၄ဦးခန့်မှာ တပ်ဖွဲ့ ဆုတ်ခွာမှုကို အကာအကွယ်ပေးရန် မိမိဆန္ဒအရနေရစ်ခဲ့သည်။ တပ်ရင်းမှူးသည် တပ်ရင်း၆၏အလံကို တပ်စု ခေါင်းဆောင် ဝူကျယ်ထံအပ်နှံခဲ့သည်။

၂၀၁၅ခုနစ် မေလ၁၅ရက် မနက်ခင်းတွင် နေရောင်ခြည်တဖြည်းဖြည်းမြင့်တတ်လာပြီး ရောင်နီများလည်း လှပစွာ ဖြာထွက်နေသည်။ ထိုနေ့က နောက်ဆုံးအကြိမ်တိုက်ပွဲဖြစ်သည်။ တပ်သား၂၄ဦးအတွက် ရှင်သန်ရန် လွှတ်လမ်းလုံးဝ ရှိမနေခဲ့ပါ။ ပစ်မှတ်ပေါ်လွင်သွားမည်ကို အရေးမစိုက်နိုင်တော့သောကြောင့် တပ်သားတို့ သည် နန်ထန်မိန်ပင်မစခန်းတောင်ထိပ်တွင် မဟာမိတ်တပ်ဖွဲ့ တပ်မဟာ(၂၁၁) ၏ “သူရဲကောင်းတပ်ရင်း၆” တပ်အလံကို လွင့်တင်ခဲ့သည်။ ယင်းအလံသည် ကိုးကန့်မဟာမိတ်တပ်ဖွဲ့မှ နန်ထန်မိန်ကာကွယ်ရေးတိုက်ပွဲ ဖြစ်ပွားသည့် အချိန်(၃)လသာကာလအတွင်း ပထမဆုံးအကြိမ် လွင့်တင်ခဲ့ခြင်းဖြစ်ပြီး နောက်ဆုံးအကြိမ် လည်း ဖြစ်ခဲ့သည်။

|နန်ထန်မိန်မဟာမိတ်တပ်ဖွဲ့၏ တပ်မဟာ(၂၁၁) တပ်ရင်း ၆ ၏ တပ်အလံ
|မဟာမိတ်တပ် တပ်သားလျိုကော်ဝေး (ဘက်ဘယ်)

|လျိုကော်ဝေးသင်္ချိုင်းအုတ်ဂူ
အဆမတန်ကွာခြားနေသည့် စစ်အင်အားကိုနှိုင်းချိန်ကြည့်ခြင်းဖြင့် တပ်စခန်းမှ မဟာမိတ်တပ်ဖွဲ့ဝင်အားလုံး ဇာတ်သိမ်းကို ကြိုတင်ခန့်မှန်းပြီးဖြစ်သည်။ စစ်ပွဲမစမီတွင် ရဲဘော်ရဲဘက်အချင်းချင်း နှုတ်ဆက်စကားပြောဆို လိုက်ကြသည်။ ဟွမ်ဝူလျိုမှ လျိုကော်ဝေးအား – “ ညီအစ်ကို အကယ်၍ငါကျရှုံးခဲ့ရင် ငါ့ရဲ့မိဘကိုငါ့အစား စောင့် ရှောက်ပေးပါ။” လျိုကော်ဝေးပြန်ဖြေသည်က – “ငါအသက်ရှင်ကျန်ရစ်ခဲ့မယ်လို မင်းဘယ်လိုကြိုပြီးသိလဲ မင်း ကျရှုံးရင် ငါလည်း ကျရှုံးမှာပဲ ”  ဝူကျယ်မှ ဟွမ်လုံဝူကို – “ ငါသေသွားရင် ငါ့ရဲ့အုတ်ဂူကို မြောက်ဘက်အရပ်ဘက် ခေါင်းတည်ပေးပါ၊ အဲဒီဘက်က အမိမြေဘက်ခြမ်းဖြစ်တယ် ”  ဟွမ်လုံဝူပြန်ဖြေသည်က “ မင်းသေရင် ငါလည်း သေပြီ၊ ဗမာတွေက ငါတို့ကိုမြှုပ်ပစ်ကြမှာ ဘယ်သူက မင်းရဲ့အမိမြေကို ဂရုစိုက်နေမှာလဲ?” ရဲဘော်ရဲဘက်တွေ မချိပြုံးပြုံးလိုက်ကြပြီး အချင်းချင်းပခုံးပုတ်လိုက်ကြသည်၊ တစ်ဦးနှင့်တစ်ဦး ပွေ့ဖက်လိုက်ကြပြီး မျက်နှာချင်း ဆိုင်၍ ခေါင်းတစ်ချက်ငြိမ့်လိုက်ကြသည်။ တခဏအချိန်မှာပဲ လက်နက်တွေကိုကိုင်ဆောင်ပြီး တပ်စခန်းဆီသို့ ချီတတ်လိုက်ကြသည်။ လူ့ဘဝရဲ့ နောက်ဆုံးခြေလှမ်းကို အပြီးသတ်လျှောက်လှမ်းခဲ့ကြသည်။

မြန်မာစံတော်ချိန် မနက်ပိုင်း၉နာရီအတိတွင် အချက်ပြကျည်ဆံများ ကောင်းကင်ယံတွင်ပျံဝဲလာခဲ့သည်။ မြန်မာ စစ်တပ်၏ အမြောက်တပ်ရင်း(၆)တပ်၏ တပ်စခန်းဘက်မှလည်း နန်ထန်မိန်မဟာမိတ်တပ်စခန်းဆီသို့  အမြောက်များဖြင့် ပြိုင်တူပစ်လွှတ်ဖောက်ခွဲခဲ့သည်။ အမြောက်ပစ်ခတ်မှုမှာ နန်ထန်မိန်တောင်ကုန်းထိပ်ကိုသာ ဦးတည်ထားပြီး အမြောက်ဆံများကြောင့် နန်ထန်မိန်တောင်ကုန်း၏ ကောင်းကင်တစ်ခွင်လုံးကို မီးခိုးမီးလုံးများ လွှမ်းခြုံသွားစေသည်။ မဟာမိတ်တပ်၏ တပ်အလံမှာ အမြောက်ဆံမီးလုံးတွေအကြား ကြံ့ကြံ့ခိုင်လွင့်ပျံနေဆဲပင် ဖြစ်သည်။ ပြင်းထန်လွန်းသည့်မီးလုံးတွေကြား နန်ထန်မိန်တောင်မှာ အဆက်မပြတ်ပေါက်ကွဲနေပြီး ကျိန့်ခမ်း နှင့် အနီးတစ်ဝှိက်ရှိ လူနေအရပ်ဒေသမှ ပြည်သူအများကို တုန်လှုပ်ခြောက်ခြားစေခဲ့သည်။ အမြောက်ဆံများမှာ မီးတောက်ကို သယ်ဆောင်ပြီး တောင်ကုန်းထိပ်ဘက်သို့ ဦးတည်ပျံဝဲလာကြသည်။ အချို့အမြောက်ဆံမှာ တောင်ကုန်းထိပ်အထိ ရောက်ရှိခဲ့ပြီး အချို့မှာ ကောင်းကင်အမြင့် ငါးဆယ်ခြောက်ဆယ်မီတာအကွာတွင် ပေါက်ကွဲကုန်သည်။

နေ့လည်တစ်နာရီခန့်တွင် မြန်မာစစ်တပ်၏အမြောက်ဆံပစ်လွှတ်မှုကိုရပ်တပ်ခဲ့သည်။ တောင်ကုန်းအောက်ရှိ မြန်မာအမြောက်တပ်စခန်း၏ ၁၅၅မမ အမြောက်ဆံအားလုံးကို အကုန်ပစ်လွှတ်ခဲ့ပြီးဖြစ်သည်။ မြန်မာခြေလျင် တပ်မှ လမ်းကြောင်းသုံးကြောင်းခွဲ၍ မဟာမိတ်တပ်၏ တပ်စခန်းဆီသို့ချီတတ်လာခဲ့သည်။ အချိန်တိုတိုအတွင်း နန်ထန်မိန်တောင်ကုန်းထိပ်ရှိ တပ်စခန်းကို ရောက်ရှိလာခဲ့ကြသည်။ လက်နက်ကျည်ဆံများအားလုံး ကုန်သွားပြီ ဖြစ်သောကြောင့် မဟာမိတ်တပ် တပ်သားများမှာ ဂေါ်ပြားများကိုကိုင်ဆောင်၍ ရင်ဆိုင်တိုက်ခိုက်ခဲ့ကြသည်။ ချီတတ်စီးနင်းလာသည့်မြန်မာစစ်သည်များနှင့် အသေအကြေတိုက်ခိုက်သတ်ဖြတ်ခဲ့ကြရာ နန်ထန်မိန် တောင် ကုန်းတစ်ခုလုံး သတ်ဖြတ်သံတွေနှင့်သာ ဆူညံနေခဲ့သည်။ မြန်မာစစ်သည်များမှာ စစ်မြေပြင်ပေါ်က ကျွမ်းကျင် စစ်သား ဟုဆိုသော်လည်း ခွန်အားနှင့်တိုက်ခိုက်ရေးစွမ်းရည် နည်းပါးမှန်းသိသာလွန်းသည်။ နှစ်ချက်သုံးချက် တိုက်ခိုက်လိုက်ရုံဖြင့် လဲကျသွားပြီဖြစ်သည်။ နောက်ဆက်တွဲမြန်မာစစ်သည်များလည်း ထပ်မံစီးနင်းချီတတ် လာခဲ့ပြန်သည်။ မဟာမိတ်တပ်တပ်သား၏ လက်တွင်ကိုင်ဆောင်ထားသည့် ဂေါ်ပြားများအားလုံးမှာ တရုတ်နိုင်ငံ ပြည်မကြီးမှာ မှာယူဝယ်ယူခဲ့ခြင်းဖြစ်ပြီး ယခုလိုအချိန်မျိုးတွင် မဟာမိတ်တပ်၏ နောက်ဆုံးလက်ကျန် လက်နက် ဖြစ်နေခဲ့သည်။

မြန်မာစစ်တပ်မှ နန်ထန်မိန်တောင်ကုန်းကိုပစ်ခတ်သည့် အဓိကလက်နက်မှာ ၁၅၅ ဟောင်ဝစ်ဇာအမြောက် အမျိုးအစားဖြစ်သည်။ နန်ထန်မိန်တိုက်ပွဲတွင် မြန်မာစစ်တပ်သည် တစ်နိုင်ငံလုံးရှိ ၁၅၅မမအမြောက်ဆံ အားလုံးကို အသုံးပြုလိုက်ခြင်းဖြစ်သည်။ စစ်ပွဲ၏နောက်ဆုံးရက် မေလ၁၅ရက်နေ့တွင် အမြောက်ဆံကို အကုန်ပစ်လွှတ်ခဲ့သည်။ နေ့လည်ခင်းတစ်နာရီတွင် မြန်မာစစ်တပ်၏အမြောက်ပစ်ခတ်မှု ရပ်တန့်ပြီး စစ်သား များ တောင်ကုန်းထိပ်သို့စီးနင်းချီတပ်ချိန်တွင် မြန်မာတစ်နိုင်ငံလုံး၏ ခဲယမ်းလက်နက်သိုလှောင်ရုံတွင် ၁၅၅ မမ အမြောက်ဆံ လက်ကျန်ကျန်ရှိမနေခဲ့တော့ပါ။

တပ်စုခေါင်းဆောင် ဝူကျယ်မှာ လက်ပစ်ဗုံးအားလုံးကို အသုံးပြုခဲ့ပြီး ပစ္စတိုသေနတ်ဖြင့်မိမိကိုယ်ကိုယ်သက်သတ် ခဲ့သည်။ ဗုံးတစ်လုံးပေါက်ကွဲချိန်တွင် ဝူကျယ်မှာ တောင်ကုန်းအောက်သို့ပြုတ်ကျသွားပြီး သေမှန်းရှင်မှန်းမသိခဲ့ ရပါ။ တပ်ခေါင်းဆောင် ဟွမ်လုံဝူမှာ ဂေါ်ပြားကိုသာအသုံးပြု၍ မြန်မာစစ်သည်တစ်ဦး၏ဦးခေါင်းကို အစိတ်စိတ် အမွှာမွှာဖြစ်အောင် ရိုက်နှက်ခဲ့ပြီး စစ်သေနတ်အဝကို မိမိ၏မေးရိုးအောက်တွင်ထောက်၍ ခြေထောက်ဖြင့် မောင်းတံကိုဖြုတ်ခဲ့သည်။ လျိုကော်ဝေးလည်း ဗုံးလက်နက်အားလုံးကို ပစ်လွှတ်ပြီးချိန်တွင် မြန်မာစစ်သည် နှစ်ဦး ၏ဖမ်းချုပ်ခြင်းကိုခံခဲ့ရသည်။ လျိုကော်ဝေးမှာ နောက်ဆုံးလက်ကျန်လက်ပစ်ဗုံးကို ဖြုတ်ခဲ့ပြီး သုံးဦးလုံး တစ်ပြိုင်နက်တည်း သေပွဲဝင်ခဲ့သည်။ မြန်မာစစ်သည်အယောက်တစ်ထောင်ခန့် နန်ထန်မိန်တောင်ကုန်းကို ချီတတ်ခဲ့ပြီး ရှေ့တန်းမှချီတတ်ခဲ့သည်မှာ မြန်မာခြေမြန်တပ်ရင်း (၁၂၀) ဖြစ်သည်။ တပ်ရင်းမှူးဖြစ်သူမှာ ရှေ့ရက်ပိုင်းတွင် အမိန့်လွန်ဆန်ခြင်းကြောင့် ကွပ်မျက်ခံခဲ့ရသဖြင့် ဒုတပ်ရင်းမှူးကိုယ်တိုင်ဦးဆောင် ချီတတ် စီးနင်းခဲ့ခြင်းဖြစ် သည်။ ဒုတပ်ရင်းမှူးမှာ ဦးဆုံးအနေဖြင့် မြန်မာနိုင်ငံတော်အလံကို ကိုးကန့်နန်ထန်မိန် တောင်ကုန်းထိပ်တွင် စိုက်ထူလိုက်ပြီး မဟာမိတ်တပ်ဖွဲ့၏ တပ်အလံကိုလဲချခဲ့သည်။ မဟာမိတ်တပ် တပ်သားများအားလုံး ကျရှုံးခဲ့ရပြီး နန်ထန်မိန်တောင်ကုန်းကို  နောက်ဆုံးတွင် မြန်မာစစ်တပ်ဘက်မှ သိမ်းပိုက်ခဲ့ သည်။ ၂၀၁၅ခုနှစ် ဖေဖော်ဝါရီလ ၁၀ရက် မှ မေလ ၁၅ရက်နေ့အထိ မဟာမိတ်တပ် တပ်မဟာ၂၁၁ သည် နန်ထန်မိန်တောင်ကုန်းတွင် ၉၅ ရက်တိုင်တိုင် တပ်စွဲနိုင်ခဲ့ပြီး တပ်စခန်းမှာ ၂၀၁၅ခုနှစ် မေလ ၁၅ရက်နေ့တွင် ရှုံးနိမ့်ခဲ့သည်။

 တပ်စခန်းကိုသိမ်းပိုက်ခဲ့သည့်မြန်မာစစ်တပ်ဘက်မှ တွေ့ရှိခဲ့ရသည်မှာ  မဟာမိတ်တပ်သားများ၏ ရုပ်အ လောင်းများသည် အရှေ့ဘက်မှ သေနတ်ကျည်ဆံထိမှန်၍ သေဆုံးရခြင်းမဟုတ်လျှင် မြန်မာစစ်သည်များနှင့် ရုန်းရင်းဆန်ခက်ဖြစ်ရင်း မြေပေါ်တွင်လဲလျောင်းနေသည့်အနေအထားမျိုးဖြစ်သည်။ မြန်မာစစ်သည်များ၏ ရုပ်အလောင်းမှာ မဟာမိတ်တပ်သားများထက် ၁၀ ဆနီးပါးများပြားသည်။ ဤအနေအထားမျိုးသည် ၁၉၃၈ ခုနှစ် ထိုင်အယ်တိုက်ပွဲ တုန်းက ဂျပန်စစ်ပွဲအစီရင်ခံစာကို သတိရမိစေသည်။ အကြောင်းအရာမှာ “ မနေ့က တိုက်ပွဲဝင်ခဲ့သည့် စစ်သားတို့ရဲ့စိတ်ဓာတ်ခွန်အား နှင့် အသေခံရဲသည့် တိုက်ခိုက်ရေးစွမ်းရည်သတ္တိကို တုန်လှုပ်ခြောက်ခြားဖွယ် တွေ့ရှိခဲ့ရသည်။ ရန်သူတပ်ဘက်မှ စစ်သားများသည် သူတို့ကျဆုံးသည့်အချိန်အ ထိ ခေါင်းမာစွာတောင့်ခံခဲ့ကြသည်၊ ရန်သူဖြစ်နေပေမဲ့လည်း ဤအနေအထားမျိုးအတွက် သက်ပြင်းသာချ မိပါသည်။ ဘာသာပြန်ပေးသူမှ ၎င်းတို့အားလက်နက်ချအရှုံးပေးရန် တိုက်တွန်းသော်လည်း တုံ့ပြန်လိုက် နာသူတစ်ဦးတစ်ယောက်မှ မရှိခဲ့ပါ။ ဤအခြင်းအရာကြည့်ခြင်းအားဖြင့် တောင်လိုပုံနေသည့် ရုပ်အလောင်း နှင့် သွေးချောင်းစီးဆင်းခြင်း ဆိုသည့်စာကြောင်းမှာ ကျွန်တော်တို့ဂျပန်စစ်သားများအတွက် သီးသန့်ပိုင်ဆိုင် သည့်အရာ မဟုတ်တော့ပါဘူး ”

|နန်ထန်မိန်တောင်ကုန်းပေါ်ရှိ မဟာမိတ်တပ်သားများ၏ ရုပ်အလောင်း

၂၀၁၅ခုနှစ် မေလ၁၅ရက်နေ့ နေ့လည်၃နာရီခန့်တွင် နန်ထန်မိန်တောင်ကုန်းတွင် မိုးခြိန်းလျှပ်စီးလျှပ်၍ မိုး ကြီးကြီးရွာသွန်းခဲ့သည်။ မိုးတိတ်သွားချိန်တွင် နန်ထန်မိန်တောင်ကုန်းတွင် တိမ်လွှာများဝဲပျံနေပြီး လေထုမှာ သန့်ရှင်းလတ်ဆတ်နေခဲ့သည်။ မိုးရေမှ တပ်နှစ်တပ်လုံးတွင် ကျဆုံးခဲ့သည့်စစ်သားများ၏ ရုပ်အလောင်းကို ဆေးကြောသန့်စင်ပေးခဲ့သည်၊ သွေးစက်များ၊ချွေးစက်များကို ရှင်းလင်းသန့်စင်ပေးပြီး တပ်နှစ်တပ်လုံးမှ ကျဆုံးခဲ့သည့် စစ်သားများအားလုံးကို နန်ထန်မိန်တောင်တွင် ထာဝရအိပ်စက်စေခဲ့သည်။ မေလ၉ရက်နေ့မှ စ ၁၅ရက်နေ့အထိ ကိုးကန့်စစ်ဘေးဒုက္ခသည်များကို နယ်စပ်မျဉ်းခြားလျက် ကပ်လျက်တွင်ရှိ  တရုတ်ပြည် နယ်စပ်နေပြည်သူများနှင့် လက်နက်ကိုင်ရဲတပ်ဖွဲ့များမှာ  နန်ထန်မိန်အခြေအနေကို စိုးရိမ်ပူပန်စွာဖြင့် စောင့် ကြည့်နေခဲ့သည်။ စစ်ပွဲစတင်ခဲ့သည့် ပထမဆုံးဖောက်ခွဲသံမှစ ဆက်တိုက်ပစ်လွှတ်ခဲ့သည့် သေနတ်သံ၊ အမြောက်ဖောက်ခွဲသံများ၊ ကောင်းကင်ယံထိပျံလွင့်နေသည့် မီးပွားစများတင်မက ငြိမ်သက်သွားသည့် အလံအထိ မဟာမိတ်တပ်ဖွဲ့၏ အစဦးပိုင်းတွင် ခုခံတွန်းလှန်နိုင်သေးသည့် ၏အချိန်မှစ နောက်ဆုံး မြန်မာ စစ်တပ်ဘက်မှ သိမ်းပိုက်နိုင်သည့်အချိန်ထိကို ကပ်လျက်ရှိတရုတ်ပြည်၏ ဆွေမျိုးပေါက်ဖော်များမှာ မျက်ဝါး ထင်ထင် ရှင်းရှင်းလင်းလင်းမြင်တွေ့ခဲ့ရသည်။ နန်ထန်မိန်တောင်မှ လုံးဝငြိမ်သက်သွားချိန်မှာတော့ နယ်စပ်၏အရှေ့ဘက်ကပ်လျက်ရှိ တရုတ်ပြည်သူပြည်သား မြောက်များစွာ မျက်ရည်စီးကျခဲ့ကြသည်။

၂၀၁၅ခုနှစ် ဖေဖော်ဝါရီလ၉ရက်တွင် မဟာမိတ်တပ်ဖွဲ့မှာ “၂၉ပြန်လည်ထူထောင်ရေးတိုက်ပွဲ” ကိုစတင် ခဲ့ပြီး ဇွန်လ၁၀ရက်နေ့တွင် ပြီးဆုံးခဲ့သဖြင့် ရက်ပေါင်း ၁၂၀ ခန့်ကြာမြင့်ခဲ့သည်။ ရက်ပေါင်း ၁၂၀ ထဲတွင် မြန်မာစစ်တပ်ဘက်မှာ စစ်အင်အားပေါင်း တစ်သိန်းငါးသောင်း၊ အမြောက်တပ်ရင်း ၃ တပ်၊ ဒုံးကျည်တပ် ၁ တပ် နှင့် တိုက်လေယာဉ် ၄ စင်းကို အသုံးချခဲ့သည်။ မဟာမိတ်တပ်ဖွဲ့ဘက်မှ မြန်မာစစ်သည်ပေါင်း ၁၅၀၀ ကို ရှင်းပစ်နိုင်ခဲ့ပြီး ၎င်းတို့ထဲတွင်  ဗိုလ်မှူးကြီးတစ်ဦး၊ ဒုဗိုလ်မှူးကြီးနှစ်ဦး၊ ဗိုလ်မှူးလေးဦး တို့ပါဝင်ခဲ့ သည်။ အယောက်ပေါင်း ၁၇၀၀၀ ခန့်ကို ဒဏ်ရာဒဏ်ချက်ရရှိစေခဲ့သည်။ မဟာမိတ်တပ်ဖွဲ့ဘက်မှ မြန်မာစစ် တပ်၏ ရဟက်ယာဉ်သုံးစင်းကို ပစ်ခတ်နိုင်ခဲ့ပြီး သံချပ်ကာယာဉ်သုံးစင်းကို ဖျက်စီးနိုင်ခဲ့သည်၊ ထို့အပြင် မြန်မာစစ် တပ်၏ စစ်ကား၁၇စီးခန့်ကို ဖျက်စီးနိုင်သည့်အပြင် မြန်မာစစ်သည် ၆ ဦးကို ဖမ်းဆီးနိုင်ခဲ့သည်။

မြန်မာစစ်တပ်ဘက်မှ တပ်ရင်းမှူးနှစ်ဦး၊ ဗိုလ်မှူးတစ်ဦး၊ ဒုဗိုလ်မှူးတစ်ဦး နှင့် အမှတ်(၁၂၀) ခြေမြန်တပ် တပ်ရင်းမှူးမှာ အမိန့်အာဏာကိုဖိဆန်၍ မိမိ၏တပ်ရင်းအတွက် မျိုးစေ့များချန်ရစ်ပေးရန်တောင်းဆိုမှု ကြောင့် နန်ထန်မိန်တောင်အောက်တွင် အခြေစိုက်၍စစ်ရေးညွှန်ကြားနေသော ဒုဗိုလ်ချုပ်ကြီး အောင်သက် ထွန်း မှသေနတ်ဖြင့်ပစ်ခတ်ကွပ်မျက်ခဲ့သည်။ နန်ထန်မိန်ကာကွယ်ရေးတိုက်ပွဲတွင် မဟာမိတ်တပ်ဖွဲ့ဘက်မှ စစ်အင်အား ၇၀၀ခန့်ဖြင့်စတင်ခဲ့ပြီး နောက်တွင် ၁၅၀ခန့် နှင့် နောက်ဆုံးတွင် ၂၄ ဦးခန့်သာကျန်ရစ်ခဲ့သည်။ ၎င်းတို့တွင် ရိုင်ဖယ်သေနတ်၊စစ်သေနတ်၊လက်ပစ်ဗုံးနှင့် ဘဇူကာလောင်ချာ စသည့်လက်နက်ငယ်လေးများ သာရှိသည်။ နန်ထန်မိန်တောင်ကုန်းပေါ်တွင် နှစ်ဖွဲ့လုံး၏စစ်အင်အားအချိုးမှာ ၁ : ၂၀ ဖြစ်သည်။ လက်နက်အင် အားနှိုင်းယှဉ်ကြည့်လျှင် တောဆင်ရိုင်းနှင့်တောင်ဆိတ်ပမာပင်။ စစ်ကူအထောက်အပံ့မရှိ၊ ခဲယမ်းလက်နက် ထောက်ပံ့မည့်သူမရှိ၊ ကျည်ဆံလက်နက်ဗုံးများ ထောက်ပံ့ဖြည့်တင်းပေးမှုမရှိသည့် အခြေအနေမျိုးဖြင့် မဟာမိတ်တပ်ဖွဲ့ စစ်သည်များသည် ခုနှစ်ရက်တိုင်တိုင် ခုခံတိုက်ခိုက်တောင့်ခံနိုင်ခဲ့ခြင်းမျိုးမှာ စစ်သမိုင်းကြောင်း တွင် အလွန်ရှားပါးသည့်ဖြစ်ရပ်မျိုးဖြစ်သည်။

ရှန်ကျန်းပြည်သား၏ စာသားတစ်ချို့တွင် “ သနားစရာကောင်းသည့် ကိုးကန့်ရှင်သန်ရာနယ်မြေလေးပါ။ အစာရေစာပြတ်လတ်နေသည့် ဝိဉာဉ်ပေါင်းများစွာမှ တံခါးခေါက်နေပါပြီ၊ ဟန်လူမျိုးတို့၏ ရဲစွမ်းသတ္တိ အပြည့်အဝ ပိုင်ဆိုင်ထားပြီး ဆူပွက်နေသည့်အသွေးများဖြင့် ဘဝရှင်သန်မှုကို အရယူမည်။” ဟူ၍ရေးသား ထားသည်။ တောင်ပိုင်းဆုန်မင်းဆက်ပျက်သုဉ်းပြီးနောက် စီချွမ်တျောက်ယွီခရိုင်တစ်ခုတည်းကသာ  မွန်ဂိုလီးယားစစ်တပ်ကို အထီးကျန်စွာခုခံခဲ့ရခြင်းဖြစ်သည်။ ထိုချိန်မှစ လူသားမျိုးနွယ်သမိုင်းတွင် အချိန် အကြာရှည်ဆုံးသော တျောက်ယွီမြို့ကာကွယ်ရေးတိုက်ပွဲ (ကြာချိန် ၃၆နှစ်)ကို စတင်ခဲ့ခြင်းဖြစ်သည်။ အလွန်ပင်ပန်းခက်ခဲသော အချိန်ကာလဖြစ်ပြီး မြို့တွင်းတွင်နေထိုင်သည့်ပြည်သူများသည် အစာ‌ရေစာ အတွက် သားသမီးများကို ဖလှယ်ရသော်လည်း  ရန်သူကိုဘယ်တော့အခါမှအရှုံးမပေးခဲ့ပါ။ ကာကွယ်ရေး တပ်ဖွဲ့မှ မွန်ဂိုလီးယားခေါင်းဆောင် မွန်ဂိုတာဟန်ကိုသတ်ဖြတ်လိုက်ချိန်တွင်  ဥရောပတိုက်ဆီသို့ ကျူးကျော် ဝင်ရောက်တော့မည့် မွန်ဂိုလီးယားစစ်တပ်ကို ရုတ်တရက်တပ်ဆုတ်ခွာစေခဲ့သဖြင့် ဥရောပတိုက်ကို သွယ်ဝှိက်သောနည်းလမ်း ဖြင့် ကယ်တင်လိုက်နိုင်ခဲ့သည်။

“တျောက်ယွီမြို့တော်၏စိတ်ခွန်အား ” သည် မွန်ဂိုလီးယားလူမျိုးတို့၏အနာဂတ်အုပ်ချုပ်မှုတွင် တရုတ်လူမျိုး တို့၏ ပုန်ကန်မှုကို အထူးကြောက်ရွံ့စေခဲ့သည်။ “ အိမ်ဆယ်အိမ်လုံး ဟင်းခုတ်ဓားတစ်လက်သာသုံးမည်” ဆို သည့် မူဝါဒ၏နောက်ကွယ်အမှန်တရားမှာ တျောက်ယွီမြို့ကာကွယ်ရေးတိုက်ပွဲ ကိုဆိုလိုခြင်းဖြစ်သည်။ မင်မင်းဆက် ကုန်ခါနီးတွင် တရုတ်မျိုးနွယ်ဝင်တို့သည် နိုင်ငံရပ်ခြားသို့ရွေ့ပြောင်းခဲ့ကြသည်။ နှစ်ပေါင်း ၄၀၀ အတွင်း တွင် ပြည်တွင်းပြည်ပရှိ တရုတ်လူမျိုးတို့သည် အခြားလူမျိုးတို့၏ အထင်မြင်သေးမှု၊အနိုင်ကျင့်ခံရမှု၊ မောင်းထုတ်ခံရမှုနှင့် သတ်ဖြတ်ခံရမှုတို့၏ တရားခံအဖြစ်သတ်မှတ်ခံခဲ့ရသည်။ ထို့အပြင် ကိုးကန့်သည် နှစ်ပေါင်း ၄၀၀ အတွင်း အန္တရာယ်ဒုက္ခတွင်းကျရောက်ချိန်တွင် ကိုယ်တိုင်လက်နက်မီးယမ်းများကိုင်ဆောင် ပြီး ဂုဏ်သိက္ခာကိုခုခံကာကွယ်သော ပြည်ပနေတရုတ်မျိုးနွယ်လူစုတစ်စုဖြစ်သည်။ “၂၉ ပြန်လည်ထူထောင် ရေးတိုက်ပွဲ ” ၏ အနက်အဓိပ္ပာယ်မှာ ဇာတိမြေကိုပြန်လည်ထူထောင်ရုံသာမကဘဲ ယနေ့ခေတ် တွင် ပျောက်ကွယ်လုနီးပါးဖြစ်သည့် တရုတ်လူမျိုးတို့၏စိတ်ခွန်အားကို ပြန်လည်နှိုးထစေခြင်းဖြစ်သည်။ ထိုစိတ် ခွန်အားမှာ“တျောက်ယွီမြို့ကာကွယ်ရေးတိုက်ပွဲ ” ၏ စိတ်ခွန်အားမျိုး ဖြစ်သည်။ ဖိအားပေးမှုကို ရင်ဆိုင်ပြီး ရန်သူအင်အားမှာ မိမိတို့အင်အားထက် သာလွန်မှန်းသိသော်ငြားလည်း ဓားတစ်လက်ကိုင်ဆောင်၍ ရင်ဆိုင်ရဲ သည်။ ရန်သူ့လက်အောက်တွင် ဒူးထောက်အရှုံးပေး၍အညံ့ခံခြင်းထက် လူမျိုးရေးဖိနှိပ်မှုဆန့်ကျင်ရေး စစ်ပွဲတွင်းတွင် တွန်းလှန်တိုက်ခိုက်၍ အသက်ဆုံးရှုံးရမည်ကို ဝန်မလေးပါ။

၂၀၁၅ခုနှစ် ကိုးကန့်နန်ထန်မိန်ကာကွယ်ရေးတိုက်ပွဲ မှာတရုတ်မျိုးနွယ်လူမျိုးတို့၏ “တျောက်ယွီမြို့တော် စိတ်ခွန်အား” ကို ပြန်လည်ရှင်သန်စေခဲ့သည်။ သွေးသံရဲရဲနှင့်ခဲယမ်းမီးပွားအောက်တွင် မြစ်တစ်စင်း၊ တောင်တစ်လုံး နှင့် စီးဆင်းခဲ့သည့်သွေးစီးချောင်းမှာ ကိုးကန့်မဟာမိတ်တပ်ဖွဲ့၏ ကြေကွဲဖွယ်အဖြစ်အပျက် ကိုရေးသားဖော်ပြထားသည့် စာမျက်နှာဖြစ်သည်။ ထို့အပြင် တရုတ်အမျိုးသားဆန့်ကျင်ရေးသမိုင်းတွင် ကျန် ရစ်ခဲ့မည့် သမိုင်းစာမျက်နှာတစ်ခုကို ရေးသားထားခြင်းဖြစ်သည်။