20190

စစ်မြေပြင်မှ ညီနောင်များ

စစ်မြေပြင်တွင် ပြန်လည်စုံစည်းရင်း ညီနောင်အချင်းချင်း ရင်းနှီးချစ်ခင်စွာဖြင့် အတူတကွစကားလက်ဆုံ ပြောဆိုခြင်း။] မဟာမိတ်တပ် တပ်မဟာ (၂၁၁)၏ရှေ့တန်းတပ်၊ တအာင်းတပ် နှင့် ရှမ်းမြောက်ပိုင်းတပ်ဖွဲ့ တို့မှ တွေ့ဆုံဆွေးနွေးဖလှယ်မှု ပြုလုပ်ကျင်းပခြင်း။

ချစ်ကြည်ရေးတပ်ဖွဲ့များအကြား တွေ့ဆုံ၍အပြန်အလှန်ဆွေးနွေးဖလှယ်ခြင်းသည် မဟာမိတ်တပ်ဖွဲ့၏ ၁၀ နှစ်ကြာ တော်လှန်ရေးတိုက်ပွဲကာလများကြားတွင် အစဉ်မပြတ်ဆောင်ရွက်လေ့ရှိသည့် ကောင်းမွန်သည့် အလေ့အထတစ်ခုဖြစ်သည်။ “၈.၈ အရေး” ဖြစ်ပွားပြီးနောက် တရားမျှတမှုပါတီ၏ခေါင်းဆောင်မှုအောက် တွင်ရှိသည့် မြန်မာအမျိုးသားဒီမိုကရက်တစ်မဟာမိတ်တပ်မတော်သည် ပြည်သူ့စစ်တပ်အသစ် တစ်ခုအနေ ဖြင့် တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့များနှင့် ဆွေးနွေးဖလှယ်မှုများစွာကို ဆောင်ရွက်ခဲ့သည်။ ရန်သူကိုအတူတကွ လက်တွဲတွန်းလှန်နေသည့် ခရီးလမ်းတစ်လျှောက်တွင် နက်ရှိုင်းသည့်ချစ်ခင်ရင်းနှီးမှု များကို ရရှိခဲ့သည်။ လက်နက်ကိုင်တပ်ဖွဲ့ခုနှစ်ဖွဲ့ခန့်နှင့် ပြည်ထောင်စုနိုင်ငံရေးညှိနှိုင်းဆွေးနွေးရေးကော်မတီ (FPNCC) ကို ဖွဲ့စည်းနိုင်ခဲ့သည်။ တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော်၊ ရခိုင်စစ်တပ်တို့ နှင့်လည်း စစ်မက်ရေးရာတွင် ထိုးစစ်နှင့်ခုခံကာကွယ်ရေးမဟာမိတ်အဖြစ် လက်တွဲပူးပေါင်းနိုင်ခဲ့ပြီး သေအတူရှင်မကွဲ၊ အနိုင်မခံ အရှုံးမပေးသည့် ခိုင်မာသည့်မဟာမိတ်ဆက်ဆံရေးကို ထုတ်ပြနိုင်ခဲ့သည်။

20190

2020ခုနှစ် မြန်မာနိုင်ငံတွင် Covid-19 ရောဂါကူးစက်ပျံ့ပွားပြီးနောက် မဟာမိတ်အဖွဲ့သုံးဖွဲ့မှ အပစ်အခတ်ရပ်စဲရေးနှင့် ရောဂါတိုက်ဖျက်ရေးကြေငြာချက်များကို အကြိမ်များစွာကမ်းလှမ်းခဲ့သည်။ မေလ ၉ ရက်နေ့တွင် မြန်မာစစ်တပ် ဘက်မှလည်း အပစ်အခတ်ရပ်စဲခြင်းကို ပြင်ပသို့တရားဝင်ထုတ်ပြန်ကြေညာခဲ့ပြီး မဟာမိတ်တပ် တပ်မဟာ (၂၁၁) ရှေ့တန်းတရားစီရင်ပိုင်ခွင့်ရှိနယ်မြေနှင့် ချစ်ကြည်ရေးတပ်ဖွဲ့များ လှုပ်ရှားရာနယ်မြေတို့တွင် ခေတ္တခဏခန့် အပစ်အခတ်များရပ်စဲနိုင်ခဲ့သည်။ မဟာမိတ်တပ် တပ်မဟာ (၂၁၁) ရှေ့တန်းတပ်ဖွဲ့သည်  ညီအစ်ကို တပ်ဖွဲ့များဖြစ်သည့် တအောင်းတပ်မဟာ(၆)နှင့် ရှမ်းမြောက်ပိုင်း တပ်မဟာ (၁၅၃) တို့ အနီးပတ်ဝန်းကျင်တွင် လှုပ်ရှားနေကြောင်းသတင်းရရှိသည်နှင့် ယင်းတပ်ဖွဲ့နှစ်ဖွဲ့နှင့် ဆက်သွယ်မှုများကို ပြုလုပ်ခဲ့သည်။ မေလ ၂၆ ရက်နေ့တွင် ၎င်းညီအစ်ကိုတပ်ဖွဲ့နှစ်ဖွဲ့၏ တပ်မှူးကို ညစာ ဧည့်ခံပွဲသို့ဖိတ်ခေါ်၍ တွေ့ဆုံဆွေးနွေးမှုများ ပြုလုပ်ခဲ့သည်။ ညီအစ်ကိုတပ်ဖွဲ့မှူးကို ညစာဖြင့် တည့်ခင်းဧည့်ခံနေကြောင်း သိရှိရသည်နှင့် ရွာတွင်းရှိ ဒေသခံ ပြည်သူများသည် စခန်းရှိမီးဖိုချောင်ကိစ္စများကို ကူညီဆောင်ရွက်ရန် မိမိဆန္ဒဖြင့်လာရောက်ခဲ့ ကြသည်။ ဤအခြင်းအရာကို ကြည့်ခြင်းအားဖြင့် မဟာမိတ်တပ်နှင့် ဒေသခံအရပ်သားများအကြား ကာလကြာရှည် ဆောက်တည်နိုင်ခဲ့သည့် နက်ရှိုင်းသောခင်မင်ရင်းနှီးမှုကို တစိတ်တပိုင်းဖော်ပြလိုက်ခြင်းဖြစ်သည်။ စစ်တပ်နှင့် အရပ်သားအကြား ဆက်ဆံရေးအခြေအနေ၊ ပုံရိပ်အစစ်အမှန်ကို ပြသလိုက်ခြင်းလို့လည်းဆိုနိုင်သည်။

|လာရောက်ကူညီကြသည့်ဒေသခံပြည်သူများ▲▼
|လာရောက်ကူညီကြသည့်ပြည်သူများအား အပြန်အလှန်ဝိုင်းဝန်းကူညီနေကြပုံ▲▼

မဟာမိတ်တပ် တပ်မဟာ (၂၁၁)မှ အိမ်ရှင်အနေဖြင့် တပ်မမှူး လီစစ်ကျယ်၊ ဒုစစ်ရေးချုပ် လီစစ်ချိုင်တို့မှ  စစ်ဦးစီးဌာနချုပ်သို့ ခေါ်ဆောင်၍ တည့်ခံကျွေးမွေးခဲ့သည်။ တအာင်းတပ်မဟာ(၆) တပ်မှူးနှင့် ရှမ်းမြောက်ပိုင်း တပ်မဟာ (၆၄၁) ဒုတပ်မှူးတို့မှ တပ်ဖွဲ့ဝင်များကိုဦးဆောင်၍ မိမိနှင့်သက်ဆိုင်သည့် စစ်ဌာနချုပ် ဧည့်ခံပွဲသို့ သွားရောက်ခဲ့ကြသည်။

|ညီနောင်မဟာမိတ်သုံးဦးမှ တွေ့ဆုံဆွေးနွေးပြောဆိုကြပုံ

တွေ့ဆုံဆွေးနွေးပွဲတွင် ခေါင်းဆောင်သုံးဦးမှ မိမိကိုယ်ကို မိတ်ဆက်ခြင်းများပြုလုပ်ခဲ့ကြပြီး အချင်းချင်းဆက်သွယ် နိုင်သည့်နည်းလမ်းများကို ဖလှယ်ခဲ့ကြရာ ပိုမိုရင်းနှီးကျွမ်းဝင်မှုများရရှိခဲ့သည်။ ထို့အပြင် မြန်မာနိုင်ငံတွင် ကူးစက်ပျံ့ပွားနေသည့် ရောဂါအခြေအနေနှင့် နိုင်ငံအတွင်းအခြေအနေများကို အပြန်အလှန် ပြောဆိုဆွေးနွေး၍ မိမိအမြင်များကို ဖလှယ်ခဲ့ကြသည်။  အတူတကွပူးပေါင်းလက်တွဲ၍ ရန်သူကိုတွန်းလှန်ရန်၊ ခက်ခဲသည့် အချိန်ကာလကို ကျော်ဖြတ်တွန်းလှန်ရန်၊ လက်တွဲပူးပေါင်းလုပ်ဆောင်ကြမည်ကို သဘောတူညီမှုများ ရယူခဲ့ကြသည်။ ခေါင်းဆောင်သုံးဦးသည် ရောဂါကူးစက်ပျံ့ပွားမှု ကာကွယ်တိုက်ဖျက်ရေးနှင့် ပက်သက်သည့် သတင်းအချက်အလက်များဝေမျှခဲ့ပြီး အပြန်အလှယ်ပြောဆိုဖလှယ်ခဲ့ကြသည့်အပြင် ဒေသတွင်း စစ်ရေးပူးတွဲကာကွယ်ရေး သဘောတူညီချက်ကိုလည်း ရရှိခဲ့သည်။ ဆွေးနွေးပွဲတွင် ညီနောင်မဟာမိတ်ကိုယ်စားလှယ်သုံးဖွဲ့မှာ မိသားစု တစ်စုကဲ့သို့ ရင်းနှီးကျွမ်းဝင်ပြီး ရယ်ရယ်မောမော စကားလက်ဆုံကျပြောဆိုခဲ့ကြသည်။ စကားပွဲတွင် မြန်မာနိုင်ငံတွင်းရှိ စိတ်ဝင်စားဖွယ်ရာသတင်းများ၊ တိုင်းရင်းသားယဉ်ကျေးမှုများနှင့် တပ်ဖွဲ့၏စိတ်ဝင်စားဖွယ်ရာ ကိစ္စရပ်များကို ပြောဆိုခဲ့ကြပြီး ရယ်မောသံများနှင့် တွေ့ဆုံပွဲလည်း စည်ကားနေခဲ့သည်။

နာရီအနည်းငယ်ခန့်စကားလက်ဆုံကျပြီးနောက် မိမိ၏တာဝန်ဝတ္တရားများ ဆောင်ရွက်ရန်ရှိနေသေးသဖြင့် အချင်းချင်းခင်မင်ရင်းနှီးစွာ နှုတ်ဆက်စကားပြောဆို၍ တွေ့ဆုံပွဲကိုညနေခင်းတွင် လက်စသပ်ခဲ့ကြသည်။

စာမူပေးပို့သည့်ဌာန- မဟာမိတ်တပ် တပ်မဟာ(၂၁၁) နိုင်ငံရေးဌာန

စာမူတည်းဖြတ်သည့်အဖွဲ့- ကိုးကန့်မေးမြန်းစုံစမ်းရေးကွန်ယက်တည်းဖြတ်အဖွဲ့

စာမူစီစစ်သူ- ကိုးကန့်မေးမြန်းစုံစမ်းရေးရုံးခန်း