20200623204930

သမိုင်းဝင်ပုဂ္ဂိုလ်များ၏ သမိုင်းကြောင်း

နှစ်ပေါင်းတစ်ရာနီးပါး ကိုးကန့်ဒေသကို လွှမ်းမိုးခဲ့သည့်ဒေသခံသမိုင်းဝင်ပုဂ္ဂိုလ်များနှင့်မိတ်ဆက်ပေးခြင်း

နှစ်ပေါင်းတစ်ရာနီးပါး ကိုးကန့်ဒေသကို လွှမ်းမိုးခဲ့သည့်ဒေသခံသမိုင်းဝင်ပုဂ္ဂိုလ်များနှင့်မိတ်ဆက်ပေးခြင်း (အတွဲတစ်)

ဆောင်းပါးကောက်နှုတ်ချက်  – 《ကိုးကန့်ရာဇဝင်မှတ်တမ်း》

ဖုန်ကြားရှင် ၊ အမျိုးသား ၊ တရုတ်လူမျိုး ဟန်မျိုးနွယ် ၊ စီချွမ်ဟူလီမျိုးရိုး။ ၁၉၃၂ခုနှစ် ဇန်နဝါရီလ ၂၆ရက်နေ့၊ တရုတ်ရိုးရာပြက္ခဒိန်တွင် ရှင်းဝေနှစ် ၁၂လပိုင်း ၁၉ရက်နေ့ ဟော်ဆော်ထူးဟော်ရွာတွင် မွေးဖွားခဲ့သည်။ ကိုးကန့်ဒေသသို့ ရောက်ရှိလာသည့် မိသားစုမျိုးရိုး၏ လေးဆက်မြောက်မျိုးဆက်ဖြစ်သည်။ ကိုးကန့်ပြည်သူ့ လွတ်မြောက်ရေးတပ်မတော် နှင့် အမျိုးသားဒီမိုကရက်တစ်မဟာမိတ်တပ်မတော်ကို စတင်တည်ထောင် ခဲ့သူဖြစ်သည်။ ယခင်က မြန်မာနိုင်ငံ ရှမ်းပြည်နယ် အထူးဒေသ(၁)အုပ်ချုပ်ရေးတွင် ဥက္ကဌအဖြစ်တာဝန် ထမ်းဆောင်ခဲ့သည်။ ဖုန်ကြားရှင်၏ ကိုယ်ရေးအကျဉ်းမှာ အောက်ပါအတိုင်း ဖြစ်သည်-

ကလေးဘဝတွင် အဘိုးဖြစ်သူ  ဖုန်ဟွေ့ဝိန်နှင့်အတူ ကျိန့်ခမ်းခရိုင် မုန့်ဖုန်မြို့ ရွှေရှောင်ချောင် သို့ပြောင်းရွေ့ နေထိုင်ခဲ့ပြီး ၎င်းဒေသတွင် မူလတန်းအတတ်ပညာကို သင်ယူတတ်‌ရောက်ပြီးစီးခဲ့သည်။ ဆက်လက်ပြီး ကျိန့်ခမ်းခရိုင် ဒယ်တန့်မြို့အလယ်တန်းကျောင်းတွင် အလယ်တန်းပညာကို တတ်ရောက်သင်ယူခဲ့သည်။ ၁၉၄၉ခုနှစ် နွေဦးတွင် ကွန်မြူနစ်အဖွဲ့၏တော်လှန်ရေးအရှုပ်အထွေးကြောင့် ကျောင်းမှနှုတ်ထွက်၍ ကိုးကန့်  ဒေသသို့ ပြန်လာခဲ့သည်။ ထိုနှစ်၏ဧပြီလတွင် အရပ်ဘက်ညွှန်ကြားရေးဌာန၏ ပြုပြင်မွမ်းမံရေးသင်တန်း ကိုတတ်ရောက်ရန် ခေါ်ယူခံခဲ့ရပြီး အရပ်ဘက်ဆိုင်ရာကာကွယ်ရေးတပ်ဖွဲ့တွင် တာဝန်ထမ်းဆောင်ခဲ့ရ သည်။ အဖွဲ့ခေါင်းဆောင်အဆင့်မှစ၍ တပ်ဖွဲ့ခေါင်းဆောင်၊ ရဲမှူး၊ အခွန်ဦးစီးမှူး စသည့်ရာထူးအဆင့်ဆင့်ဖြင့် သက်တမ်း၈နှစ်ခန့်ကြာ တာဝန်ထမ်းဆောင်ခဲ့သည်။ ၁၉၅၇ခုနှစ်တွင် စစ်တပ်ရာထူးမှနှုတ်ထွက်၍ ဇာတိရွာသို့ ပြန်ပြီး စိုက်ပျိုးရေးနှင့်စီးပွားရေးလုပ်ငန်းများစတင်လုပ်ကိုင်ခဲ့သည်။ ဟော်ဆော်ထူးဟော်ရွာ မူလတန်းကျောင်း ကျောင်းအုပ် နှင့် ဒေသန္တရပူးတွဲကာကွယ်ရေးတပ်ခေါင်းဆောင် အဖြစ်လည်း ၆နှစ်ကြာတာဝန်ထမ်းဆောင်ခဲ့ သည်။

၁၉၆၃ခုနှစ်အောက်တိုဘာလတွင် ရန်ကျဲန့်ရှင်ခေါင်းဆောင်သည့် “ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ရေးတပ်ဖွဲ့” သို့ခေါ်ယူခြင်းခံခဲ့ရပြီး အလင်းတန်းတပ်ဖွဲ့၏ ဒုဗိုလ်ကြီးအဖြစ် သက်တမ်းနှစ်နှစ်ကြာတာဝန် ထမ်းရွက်ခဲ့သည်။ ထို့နောက်တွင် ကိုယ်ပိုင်အုပ်ချုပ်ရေးတပ်ဖွဲ့၏ပြိုကွဲမှုကြောင့် မိမိနေရပ်သို့မဖြစ်မနေ ပြန်လည်ဆုတ်ခွာခဲ့ရ သည်။
၁၉၆၅ခုနှစ်ဇွန်လ၂၄ရက်နေ့ညပိုင်းတွင် ဖုန်ကြားရှင်သည် ရှီးဆန်းဒေသ ရှိုတျောက်ယမ်ရှိ ကျောက်ဒယ်ရှင်း အိမ်တွင်  လူငယ်အယောက်သုံးဆယ်ခန့်ပါဝင်တတ်ရောက်သည့် လျို့ဝှက်စုဝေးမှုကို ဦးစီးဦးဆောင်ပြုလုပ်ခဲ့ သည်။ ထိုစုဝေးပွဲတွင် လက်နက်ကိုင်အုံကြွမှုကို တရားဝင်ကြေငြာခဲ့ပြီး ကိုးကန့်ပြည်သူ့လွတ်မြောက်ရေး တပ်မတော်ကို ဖွဲ့စည်းခဲ့သည်။ အချိန်တစ်လမပြည့်သေးခင်မှာပင် တပ်ဖွဲ့တွင်အဖွဲ့ဝင်ဦးရေပေါင်း ၁၆၀ခန့် အထိတိုးပွားခဲ့သည်။ ဖုန်ကြားရှင်သည် တပ်ဖွဲ့ကို မိုးနဲဆည်တွင် ပြန်လည်ဖွဲ့စည်းမှုများပြုလုပ်ခဲ့ပြီး မိမိကိုယ် တိုင်မှာမူ တပ်ခေါင်းဆောင်အဖြစ်တာဝန်ယူ၍ သူ၏လက်အောက်တွင် တက်ခွဲ၅ခုနှင့်ကာကွယ်ရေးအစောင့် တပ်တစ်ခု ရှိသည်။ သံလွင်မြစ်ကမ်းနှစ်ဖက်တွင် ဦးနေဝင်းအိမ်စောင့်အစိုးရ၏ကာကွယ်ရေးတပ်ဖွဲ့နှင့်လည်း အချိန်နှစ်နှစ်ခန့် အဆက်အဆံပြုလုပ်ခဲ့သည်။ ထိုချိန် ၁၉၆၆ခုနှစ်နှစ်ဦးပိုင်းတွင် ထိုင်းမြောက်ပိုင်းမှ ကိုးကန့် ဒေသသို့ ပြန်လာခဲ့သော မူလကိုယ်ပိုင်အုပ်ချုပ်ရေးတပ်ဖွဲ့ ရန်ကျဲန့်ယဲန့်နှင့်ပူးပေါင်း၍ မဟာမိတ်တပ်ဖွဲ့ ကိုဖွဲ့စည်းခဲ့သည်။ ၎င်းတပ်ဖွဲ့တွင် ဒုတပ်မှူးအဖြစ်တာဝန်ထမ်းဆောင်ခဲ့ပြီး နှစ်ဝက်ခန့်အကြာတွင် လက်တွဲ ဖြုတ်လမ်းခွဲခဲ့သည်။ ၁၉၆၇ခုနှစ်နှစ်စတွင် ထိုင်းမြောက်ပိုင်းမှ ကိုးကန့်သို့ပြန်ရောက်လာသော ရန်ကျဲန့်ယဲန့်၏ မူလကိုယ်ပိုင်အုပ်ချုပ်ရေးတပ်ဖွဲ့နှင့် ပြန်လည်ပူးပေါင်းပြီး ရှမ်းပြည်နယ်တော်လှန်ရေးတပ်ဖွဲ့-တပ်မဟာ(၅)ကို ဖွဲ့စည်းခဲ့ပြန်သည်။ ယင်းတပ်ဖွဲ့တွင် ဒုတပ်မှူးအဖြစ်တာဝန်ယူခဲ့ပြန်ပြီး နှစ်ဝက်ခန့်အကြာတွင် လက်တွဲဖြုတ် လမ်းခွဲခဲ့ပြန်သည်။

၁၉၆၇ခုနှစ်ဇူလိုင်လတွင် မိုးနဲဆည်တိုက်ပွဲအရေးနိမ့်၍ လက်နက်အင်အားနှင့်စားနပ်ရိက္ခာပြတ်လတ်သဖြင့် လူဦးရေ ၁၆၂ဦးရှိသည့်တပ်မကိုဦးဆောင်ပြီး တရုတ်နိုင်ငံမုံသွေးမြို့သို့ဝင်ရောက်၍ လွတ်မြောက်‌ရေးလမ်းသစ် ကို ရှာဖွေခဲ့ရသည်။ ထိုမြို့တွင်နေထိုင်ရင်း ဗမာကွန်မြူနစ်ပါတီနှင့် အဆက်အသွယ်ရရှိခဲ့ပြီး ဗမာကွန်မြူနစ် ပါတီဝင်အဖြစ်ကူးပြောင်း၍ ပြည်သူ့လွတ်မြောက်ရေးတပ်မတော်ကိုဖွဲ့စည်းခဲ့သည်။ နောက်ပိုင်းတွင် ပြည်သူ့ စစ်တပ်ဖွဲ့ အဖြစ်ပြောင်းလဲ၍ တပ်ရင်း (၄၀၄)တွင် တပ်မှူးအဖြစ်ထမ်းရွက်ခဲ့သည်။

၁၉၆၈ခုနှစ်ဇန်နဝါရီလ၄ရက်နေ့တွင် တပ်ရင်း(၄၀၄)ကိုဦးဆောင်၍ ကိုးကန့်ဒေသသို့ဝင်ရောက်ပြီး ကိုးကန့် လက်နက်ကိုင်တိုက်ပွဲကို စတင်ခဲ့သည်။ ကြာချိန် တစ်နှစ်နှင့်ရှစ်လခန့်ကြာမြင့်ခဲ့ပြီး အဆုံးသတ်တွင် ကွမ်းလုံ ဒေသမှလွဲ၍ ကိုးကန့်ဒေသနယ်မြေအားလုံးကိုလွတ်မြောက်စေခဲ့ပြီး ကိုးကန့်အခြေစိုက်စခန်း တည်ဆောက် ရန်အုတ်မြစ်ချနိုင်ခဲ့သည်။ ၁၉၆၉ခုနှစ် စက်တင်ဘာလ၈ရက်နေ့တွင် ကိုးကန့်ခရိုင်ပြည်သူ့ စစ်တပ်ဖွဲ့ကို ဖွဲ့စည်းခဲ့ပြီး ခရိုင်ဦးစီးမှူးအဖြစ် နှစ်ပေါင်း(၂၀)ကြာ တာဝန်ယူထမ်းဆောင်ခဲ့သည်။ ထိုအတောအတွင်းတွင် ဒေသတွင်းတရုတ်စာပေသင်ကြားမှုကို ပြန်လည်ပျိုးထောင်ရန်အတွက် ဟုန်ချီ အလယ်တန်းကျောင်း ဆောက် လုပ်ရာ ကျိန့်ချိန်ထုန်မှ ငွေကြေးလှူဒါန်းမှုများပြုလုပ်ခဲ့သည်။

၁၉၆၉ခုနှစ်အောက်တိုဘာလတွင် အဓိကအင်အားစုဖြစ်သည့် တပ်ရင်း(၄၀၄)ကို အထက်အမိန့်အရ ဦးဆောင်ပြီး သံလွင်မြစ်အနောက်ဘက်ကမ်းတွင် ဗမာကွန်မြူနစ်ပါတီ လော်အင်အားစု တပ်မဟာ(၃၀၃)နှင့် ပူးပေါင်းခဲ့သည်။ ထိုသို့ ပူးပေါင်း၍ ဗမာကွန်မြူနစ်ပါတီ၏ အရှေ့မြောက်ပိုင်းစစ်ဌာနချုပ်ကို ဖွဲ့စည်းခဲ့သည်။ ထိုဒေသတွင် ဒုတိယစစ်ဦးစီးချုပ်အဖြစ် နှစ်ပေါင်း(၂၀)ကြာ တာဝန်ထမ်းဆောင်ခဲ့သည်။ ထိုအတောအတွင်း တွင် နန်ကျောက်၊ မုံးပေါ၊ ပန်ဆိုင်းနှင့်တောင်ပိုင်း  စစ်ဆင်ရေးတိုက်ပွဲများတွင် ပါဝင်ညွှန်ကြားခဲ့သည်။

၁၉၇၁ခုနှစ် နိုဝင်ဘာလတွင် အထက်အမိန့်အရ ကိုးကန့်ဒေသကိုပြန်လာခဲ့ရပြီး တပ်ဖွဲ့၏ကွမ်းလုံတိုက်ပွဲတွင် ရက်ပေါင်း(၄၂)ကြာ ပါဝင်ညွှန်ကြားခဲ့ရသည်။ ထို့နောက်တွင် ဝပြည်နယ်အခြေစိုက်စခန်း ဖွံ့ဖြိုးတိုးတက် ရေးကဏ္ဍာတွင်ပါဝင်ရန်  ဝပြည်နယ်တောင်ပိုင်းသို့ သွားရောက်ခဲ့ရာ နှစ်ပေါင်း (၁၇)နှစ်ခန့်ကြာမြင့်ခဲ့သည်။ ၁၉၈၈ခုနှစ် နိုဝင်ဘာလ ၂၇ရက်နေ့တွင် ကိုးကန့်ဒေသသို့ ပြန်လည်ရောက်ရှိခဲ့ပြီး တပ်များစုဆောင်း၍ မြန်မာအမျိုးသားဒီမိုကရက်တစ်မဟာမိတ်တပ်မတော် ကို ဖွဲ့စည်းချိန်တွင် အသက်(၅၆) နှစ်ခန့်ရှိနေ ခဲ့ပြီဖြစ်သည်။ 

၁၉၈၉ခုနှစ်မတ်လ၁၁ရက်နေ့တွင် မြန်မာအမျိုးသားဒီမိုကရက်တစ်မဟာမိတ်တပ်မတော်ကို စတင်ဖွဲ့စည်းခဲ့ပြီး ဗမာကွန်မြူနစ်ပါတီ၏ လက်အောက်မှရုန်းထွက်နိုင်ခဲ့သည်။ ထိုချိန်မှစ၍ ကိုးကန့်ဒေသ၊ မုံးကိုးဒေသ တို့တွင် နိုင်ငံရေးနှင့်စစ်ရေးအခွင့်အာဏာများရယူပြီး  အေးချမ်းသာယာသော၊ မူးယစ်ဆေးဝါးတိုက်ဖျက်တားမြစ်သော၊ ဖွံ့ဖြိုးတိုးတတ်သောလမ်းစဉ်များကို အကောင်အထည်ဖော်နိုင်ရန် ပြည်ထောင်စုအစိုးရနှင့် အမျိုးသားရင်ကြား စေ့ရေး သဘောတူညီစာချုပ်ကိုချုပ်ဆိုခဲ့သည်။ ထိုချိန်မှစ၍ မြန်မာနိုင်ငံ၏ရှမ်းပြည် အထူးဒေသ(၁)အဖြစ် တည်ထောင်ဖွဲ့စည်းနိုင်ခဲ့ပြီး ကာကွယ်ရေးဦးစီးချုပ်အဖြစ် (၄)နှစ်ခန့်တာဝန်ထမ်း ဆောင်ခဲ့သည်။

၁၉၉၂ခုနှစ် နိုဝင်ဘာလတွင် ကိုးကန့်စစ်ကော်မတီ၏ဗဟိုအဖွဲ့ဝင် မဟာမိတ်တပ်၏ ဒုတိယတွဲဖက် စစ်ထောက်ချုပ် ရန်မိုးလျန် ဆန့်ကျင်သစ္စာဖောက်မှုများစတင်လှုပ်ရှားခဲ့သည်။ ၁၉၉၃ခုနှစ် ဇန်နဝါရီလကုန်တွင် ဖုန်ကြားရှင်အား ၎င်း၏တပ်ဖွဲ့များကို ဖိအားပေးဦးဆောင်စေ၍ ကိုးကန့်ဒေသမှ ထွက်ခွာခိုင်းခဲ့ပြီး မိုင်းလားနှင့် နောင်ချို သို့ရွေ့ပြောင်းနေစေခဲ့သည်။

၁၉၉၅ခုနှစ် နိုဝင်ဘာလကုန်တွင် ရန်မိုးလျန်မှ ၎င်း၏စစ်အင်အားကို ကျန်းရှီးအတွက်အသုံးပြုနေချိန် နောက်တန်းလစ်လပ်နေသည့်အခွင့်အရေးကို အရယူ၍ ဖုန်ကြားရှင်သည်တပ်ဖွဲ့ကိုဦးဆောင်၍ ကိုးကန့်သို့ တစ်ဖန်ပြန်လည်ဝင်ရောက်ခဲ့သည်။ ၁၉၉၆ခုနှစ်နှစ်ကူးနေ့တွင် အထူးဒေသ(၁)အုပ်ချုပ်ရေး၏ဥက္ကထအဖြစ် တင်မြောက်ခြင်းခံခဲ့ရသည်။ ဥက္ကထအဖြစ်ထမ်း‌ဆောင်ချိန်တွင် “ထိန်းသိမ်းစောင့်ရှောက်မှုလေးရပ်နှင့် ဦးတည်ချက်တစ်ရပ်” ဟူသော နိုင်ငံရေးမူဝါဒကို ကျင့်သုံးခဲ့သည်။ အေးချမ်းသာယာသော နိုင်ငံရေး အခြေအနေကိုထိန်းသိမ်းရန်၊ ပြည်ပကမ္ဘာသို့တံခါးဖွင့်လှစ်ရန်လှုံ့ဆော်၍ ပြည်တွင်းရေးအတွက် လမ်းညွှန်ချက် များဖြင့် ပြီးပြည့်စုံသော အုပ်ချုပ်ရေးဆိုင်ရာ စီမံခန့်ခွဲမှုဥပဒေကို ပြဌာန်းနိုင်ခဲ့သည်။ ဥပဒေမူဝါဒအ သစ်များစွာဖြင့် ဘိန်းစိုက်ပျိုးရေးကို တားမြစ်ခြင်း၊ စွမ်းအင်အရင်းအမြစ်များ ဘယ်ယူပို့ဆောင်ခြင်းကို ဖွင့်လှစ်ခြင်း၊ မြို့ပြများတည်ဆောက်ခြင်း၊ အစားထိုး စိုက်ပျိုးခြင်း၊ ပညာရေး၊ ကျန်းမာရေးနှင့် ယဉ်ကျေးမှု ဆိုင်ရာလုပ်ငန်းဆောင်တာများကို အဓိကထားဆောင်ရွက်ခဲ့သည့်အပြင်  “မပြောင်းလဲသော အထူးဒေသ၊ မပြောင်းလဲသောအေးချမ်းသာယာမှု၊ မပြောင်းလဲသော မူးယစ်ဆေးဝါးတိုက်ဖျက်တားမြစ်မှု ” စသည့် ဝါဒ များကို ကျင့်သုံးခဲ့သည်။

၂၀၀၉ခုနှစ် သြဂုတ်လ၂၆ရက်နေ့တွင် ၈၈ အရေးအခင်းကြောင့် ကိုးကန့်ဒေသမှ ဆုတ်ခွာခဲ့ရသည်။

ရန်ကျုံဝေ အမျိုးသား၊ တရုတ်လူမျိုး ဟန်မျိုးနွယ်၊ ယူနန်ပြည်နယ် ဖုန်းချင့်ခရိုင် ရှန့်ကျွမ်း မျိုးရိုး။ ၁၉၃၄ခုနှစ် မေလ ၂ရက်နေ့ တွင် တာရှင်းကျိုင် တွင်မွေးဖွားခဲ့သည်။ ကိုးကန့်ဒေသသို့ ရောက်ရှိလာသည့် မိသားစုမျိုးရိုး၏ ခုနှစ်ဆက်မြောက် မျိုးဆက်ဖြစ်သည်။ ၎င်းသည် ကိုးကန့်ပြည်သူ့လွတ်မြောက်ရေးတပ်မတော် စတင်တည် ထောင်သူထဲမှ အဖွဲ့ဝင်တစ်ဦး ဖြစ်သည်။ ယခင်က ဗမာကွန်မြူနစ်ပါတီ တပ်မဟာ(၅)၏ တပ်မှူး အဖြစ်လည်း တာဝန်ထမ်းဆောင်ခဲ့သည်။ ရှမ်းပြည်အထူးဒေသ(၁)အုပ်ချုပ်ရေးတွင် ဒုဥက္ကဌအဖြစ်လည်း တာဝန်ထမ်း ဆောင်ခဲ့သည်။ ကိုယ်ရေးအကျဉ်းမှာ အောက်ပါအတိုင်းဖြစ်သည်-

အသက်ရှစ်နှစ်အရွယ်တွင် ဖခင်ဖြစ်သူ ကွယ်လွန်သွားပြီး မိခင်တစ်ဦးတည်းက ကျွေးမွေးစောင့်ရှောက်ခဲ့ခြင်း ဖြစ်သည်။ အသက်(၁၃)နှစ်အရွယ်တွင် မွေးစားဖခင် ရန်ကွမ်းကျိန့်နှင့်အတူ ရှီတျဲ့ခရိုင်သို့သွားရောက်၍ နှစ်နှစ်ကြာ ပညာသင်ယူခဲ့သည်။ ၁၉၄၉ခုနှစ် နွေဦးတွင် ကွန်မြူနစ်အဖွဲ့၏တော်လှန်ရေးအရှုပ်အထွေးကြောင့် ကျောင်းမှနှုတ်ထွက်၍ စိုက်ပျိုးရေးနှင့်စီးပွားရေးကို လုပ်ကိုင်ခဲ့သည်။ ထို့နောက် ဦးလေးနှင့်အတူ ဝိဇ္ဇာအတတ် ကိုသင်ယူ၍ အိမ်သုံးစရိတ်ကိုရှာဖွေခဲ့ရသည်။ အချိန်၈နှစ်ခန့်ကြာမြင့်ခဲ့သည်။ ၁၉၅၇ခုနှစ်တွင် အသက် (၂၃)နှစ်ရှိပြီဖြစ်သည့် ရန်ကျုံဝေ မှာ တာရှင်းကျိုင်ဂိုဏ်းခေါင်းဆောင်အဖြစ် တင်မြောက်ခြင်းခံရပြီး သက်တမ်း ရှစ်နှစ်ခန့် ကြာရှည်ခဲ့သည်။

၁၉၆၅ခုနှစ် ဂျုလိုင်လတွင် ကိုးကန့်ပြည်သူ့လွတ်မြောက်ရေးတပ်မတော်သို့ ဝင်ရောက်၍ တပ်ခေါင်းဆောင်အဖြစ် အချိန်နှစ်နှစ်ကြာ တာဝန်ထမ်းဆောင်ခဲ့သည်။ ၁၉၆၇ခုနှစ် ဇူလိုင်လတွင် ဖုန်ကြားရှင်နှင့်အတူ မုံသွေးသို့ဝင် ရောက်၍ စစ်ရေးလေ့ကျင့်မှုသင်တန်းများတွင် ဝင်ရောက်သင်ယူခဲ့ပြီး ဗမာကွန်မြူနစ်ပါတီတပ်ဖွဲ့(၄၀၄) အဖြစ်ပြောင်းလဲ၍ တပ်ရင်း(၁)၏ တပ်ရင်းမှူးအဖြစ် တာဝန်ထမ်း ဆောင်ခဲ့သည်။ ၁၉၆၈ခုနှစ် ဇန်နဝါရီလ ၄ ရက်နေ့တွင် တပ်ဖွဲ့ကိုဦးဆောင်၍ကိုးကန့်သို့ဝင်ရောက်ခဲ့ပြီး ဘန်းရုံလုံထန် ၊ရှောင်လုချန် ၊ ဟန်ထောင်တော၊ လောက်ကိုင်ဘုန်းကြီးကျောင်း၊ တာရှင်းကျိုင်၊ မုန်ဟွချင် စသည့်တိုက်ပွဲများတွင် ပါဝင်တိုက်ခိုက်ခဲ့သည်။ ထိုတိုက်ပွဲများထဲမှ မုန်ဟွချင်တိုက်ပွဲတွင် ခြေထောက်ဒဏ်ရာ အပြင်းအထန်ရရှိခဲ့သည်။

၁၉၆၉ခုနှစ် အောက်တိုဘာလတွင် အဓိကအင်အားစုဖြစ်သည့်တပ်ဖွဲ့(၄၀၄)နှင့် သံလွင်မြစ်အနောက်ဘက်ကမ်း ကိုချီတတ်ခဲ့သည်။ တပ်ဖွဲ့(၃၀၃)နှင့် နှီးနှောဖလှယ်၍ အရှေ့မြောက်ပိုင်းစစ်ဌာနချုပ်အဖြစ် ဖွဲ့စည်းခဲ့ပြီး ယင်းဌာနတွင် ဒုတိယတွဲဖက်စစ်ထောက်ချုပ်အဖြစ်နှင့် စစ်ဦးစီးချုပ်အဖြစ် တာဝန်ထမ်းဆောင်ခဲ့သည်။ ၁၉၇၁ ခုနှစ် နိုဝင်ဘာလတွင် တပ်မဟာ(၈) ၏ ဒုတပ်ရင်းမှူးအဖြစ် တာဝန်လွဲပြောင်းယူ၍ ကွမ်းလုံတိုက်ပွဲကို ပါဝင်ဆင်နွဲခဲ့သည်။

၁၉၇၂ခုနှစ် နှစ်စတွင် ဝပြည်နယ်တောင်ပိုင်းသို့ သွားရောက်၍ တပ်မဟာ(၅)၏တပ်မမှူးအဖြစ် တာဝန်လွဲ ပြောင်းယူခဲ့ပြီး ဝပြည်နယ်အခြေစိုက်စခန်း ဖွံ့ဖြိုးတိုးတက်ရေးကဏ္ဍာတွင်ပါဝင်ခဲ့သည်။ ထိုနေရာတွင် (၇)နှစ် ကြာမြင့်ခဲ့သည်။

၁၉၇၉ခုနှစ်တွင် ဗဟိုဗျူရိုတွင် ထောက်ပံ့ပို့ဆောင်ရေးဝန်ကြီးအဖြစ် အချိန်တစ်နှစ်အကြာ တာဝန်ထမ်း ဆောင်ခဲ့သည်။ ၁၉၈၀ခုနှစ်တွင် ဌာနခွဲ(၆၈)၏ ထောက်ပံ့ပို့ဆောင်ရေးဝန်ကြီးအဖြစ် တာဝန်လွှဲပြောင်းယူ၍ သက်တမ်း(၉)နှစ်ကြာ ထမ်းဆောင်ခဲ့သည်။

၁၉၈၉ခုနှစ် မတ်လ ၁၁ရက်နေ့တွင် မြန်မာအမျိုးသားဒီမိုကရက်တစ်မဟာမိတ်တပ်မတော်  ဖွဲ့စည်းခဲ့သဖြင့် လွတ်လပ်ရေးတပ်ဖွဲ့၏ တပ်ခေါင်း‌ဆောင်၊ စစ်ကော်မတီအဖွဲ့ဝင်အဖြစ် သက်တမ်း(၄)နှစ်ကြာ တာဝန်ယူခဲ့ သည်။

၁၉၉၃ခုနှစ် ဇန်နဝါရီလကုန်တွင် ရန်မိုးလျန်မှ သစ္စာဖောက်ဆန့်ကျင်တော်လှန်မှုများ လှုပ်ရှားလာသဖြင့် ဖုန်ကြားရှင်နှင့်အတူ ကိုးကန့်ဒေသမှဆုတ်ခွာ၍ မိုင်းလားသို့ တပ်လှည့်ခဲ့ရသည်။ထိုနေရာ အချိန်(၃)နှစ်ကြာ ရှည်ခဲ့သည်။
၁၉၉၅ခုနှစ် နိုဝင်ဘာလတွင် ရှေ့တန်းတပ်ဖွဲ့ကိုဦးဆောင်ပါဝင်၍ ကိုးကန့်ဒေသသို့ ပြန်လာခဲ့ပြီး အထူးဒေသ ၏အုပ်ချုပ်ရေးယန္တရားကို ပြန်လည်ထိန်းသိမ်းခဲ့သည်။ ၁၉၉၆ခုနှစ် နှစ်ကူးနေ့တွင် စစ်ကော်မတီအဖွဲ့ဝင်အဖြစ် အသိအမှတ်ပြုခြင်းခံရပြီး အထူးဒေသအုပ်ချုပ်ရေးတွင် ဒုဥက္ကဌအဖြစ် တာဝန်ထမ်းဆောင်ခဲ့သည်။ ထိုအတော အတွင်းတွင် အေးချမ်းသာယာရေး၊ မူးယစ်ဆေးဝါး တိုက်ဖျက်ရေး၊ ဖွံ့ဖြိုးတိုးတက်ရေးစသည့် အဓိက အရေးပါသည့်ဆုံးဖြတ်ချက်များနှင့် အကောင်အထည်ဖော်မှု ဆိုင်ရာကိစ္စရပ်များတွင် ကိုယ်တိုင်ကိုယ်ကျပါဝင်ခဲ့ သည့်အပြင် တုံးချိန်ဖွံ့ဖြိုးတိုးတတ်ရေးဒေသကို တာဝန်ယူအုပ်ချုပ်ခဲ့သည်။ ထို့အပြင် ဓာတုစက်ရုံများတည် ဆောက်ခြင်း၊ သစ်သီးဝလံများစိုက်ပျိုးခြင်းကို ဖော်ဆောင်ပြခြင်းများဖြင့် အစားထိုးဖွံ့ဖြိုးတိုးတတ်မှုကို အရှိန်အဟုန်မြှင့်လုပ်ဆောင်ခဲ့သည်။ “အင်အားကြီးသည့်စစ်သည်တော် နှင့်စစ်မြင်းသည်တော်များဖြင့် တောတောင်ရေမြေကို ဖြတ်ကျော်နိုင်သည့် လျန်ပေါစစ်သူကြီး” အဖြစ် မိမိကိုယ်ကိုယူဆထားပြီး၊ “ကျေးလက်ဒေသသို့ပြန်လည်ရောက်ရှိလာသည့် ကောင်းကျိုးသီလမပျိုးထောင်ရသေးသည့် လူအိုကြီးတစ်ဦး” အဖြစ်မိမိကိုယ်ကိုနှိမ့်ချလေ့ရှိသည်။

၂၀၀၉ခုနှစ် ၈၈ အရေးအခင်းတွင် ယာယီဦးစီးကော်မတီ၏ ဒုဥက္ကဌအဖြစ်ပေးအပ်ခြင်းခံရပြီး ထိုနှစ်၏ နိုဝင်ဘာလ ၂၂ရက်တွေ့တွင် ယာယီဦးစီးကော်မတီအဖွဲ့ဝင်အဖြစ် ခန့်အပ်ခြင်းခံခဲ့ရသည်။ ၂၀၁၁ခုနှစ် မတ်လ ၃၀ရက်နေ့တွင် ကိုယ်ပိုင်အုပ်ချုပ်ရေးဒေသကို ဖွဲ့စည်းတည်ထောင်ခဲ့ပြီး အရာရှိဝန်ထမ်းဘဝမှ ရပ်နားလိုက် သည်။

လောစစ်ဟန် အမျိုးသား၊ တရုတ်လူမျိုး ဟန်မျိုးနွယ်၊ မူလတန်းပညာအရည်အချင်း။ တရုတ်ရိုးရာပြက္ခဒိန်၏ ရိဟိုက်နှစ် ၁၉၃၅ခုနှစ်တွင် တာကျူချင့် တွင်မွေးဖွားခဲ့သည်။ ကိုးကန့်လူငယ်ဖွံ့ဖြိုးတိုးတတ်ရေးကော်မတီ၏ ဥက္ကဌအဖြစ် တာဝန်ထမ်းဆောင်ခဲ့ပြီး ကိုးကန့်ကာကွယ်ရေးညွှန်ကြားရေးမှူး၊ လားရှိုးမြို့ကိုးကန့်စာပေ ယဉ်ကျေးမှုအဖွဲ့၏ ဥက္ကဌအဖြစ်ဆောင်ရွက်ခဲ့သည်။ ၎င်း၏ ကိုယ်ရေးအကျဉ်းမှာ အောက်ပါအတိုင်းဖြစ်သည်-

ကလေးဘဝတွင် တာကျိုချင့်၌ပညာသင်ကြားခဲ့သည်။ ၁၉၄၉ ခုနှစ် ဧပြီလတွင်  မြို့တော်စစ်တပ်လေ့ကျင့် သင်တန်းကျောင်း တတ်ရောက်ရန်ခေါ်ယူခံခဲ့ရပြီး  ပူးတွဲကာကွယ်ရေးမြေပြင်တပ်ဖွဲ့တွင် အဖွဲ့ငယ် ခေါင်းဆောင်အဖြစ် နေရာချထားခြင်းခံခဲ့ရသည်။ ထို့နောက်တွင် ကူမင်တန်ကိုငြင်းပယ်သည့် ပြည်ပရောက် လက်နက်ကိုင်ဖြစ်သည့် မာယွင်ချိန်၊ ချိန်ယွိပေါင်တို့၏ စစ်ရေးလှုပ်ရှားမှုများတွင်ပါဝင်၍  တပ်ခေါင်း‌ဆောင် နေရာ၊ အရှေ့ဘက်တောင်ပေါ်ဒေသပူးတွဲကာကွယ်ရေးတပ်ဖွဲ့၏ ခေါင်းဆောင်နေရာများတွင် ပါဝင် ထမ်းဆောင်ခဲ့သည်။
၁၉၅၉ခုနှစ် မေလတွင် ကိုးကန့်မှ စော်ဘွားမျိုးရိုးအာဏာဆက်ခံသည့်စနစ်ကို ပယ်ဖျက်၍ ကောင်စီအဖွဲ့နှင့် ကာကွယ်ရေးတပ်ဖွဲ့များကို ဖွဲ့စည်းခဲ့သည်။ ရန်ကျင်းရှုပ် မှ လုံခြုံရေးကြီးကြပ်မှူးအဖြစ်ဆောင်ရွက်ခဲ့ပြီး ကိုးကန့်ဒေသကို အုပ်ချုပ်ခဲ့သည်။ လောစစ်ဟန်သည် ရန်ကျင်းရှုပ်၏ အားအထားရဆုံးနောက်လိုက်ထဲ မှတစ်ဦးဖြစ်ပြီး ကိုးကန့်-ထိုင်းနိုင်ငံအကြား စီးကရက်များမှောင်ခိုကူးဝယ်ယူရောင်းချရေးကို တာဝန်ယူအုပ်ချုပ် ရသူဖြစ်သည်။

၁၉၆၃ခုနှစ် အောက်တိုဘာလတွင် ရန်ကျင်းရှုပ်သည် ပြည်ထောင်စုအစိုးရ၏ဖမ်းဆီးခြင်းကိုခံခဲ့ရပြီး  ထိုချိန်တွင် လောစစ်ဟန်နှင့် အယောက်(၂၀၀)ရှိကုန်သည်အဖွဲ့ခန့်မှာ ထိုင်းမြန်မာနယ်စပ် မိုင်းတုံးမြို့တွင်ရောက်ရှိနေပြီး တစ်ချိန်တည်းတွင် ဖမ်းဆီးချုပ်နှောင်မှုကိုခံခဲ့ရသည်။ ထိုကိစ္စနှင့်ပတ်သက်၍ လောစစ်ဟန်သည် ပြည်ထောင်စုအရှေ့မြောက်ပိုင်းဒေသ စစ်ဌာနချုပ်တိုင်းမှူးအား စာလွှာပေးပို့ခဲ့သည်။ အကြောင်းအရာမှာ “ အိမ်စောင့်အစိုးရမှ စော်ဘွားအာဏာစွန့်လွှတ်ရေးဆောင်ရွက်နေသည်ကို ကျွန်တော်ဘက်မှ အစွမ်းကုန် ထောက်ပံ့ပေးမည်ဖြစ်သည်။ ကျွန်တော့်ကိုသာ အလိုရှိသေးလျှင် မီးပင်လယ်တောင်ကိုပဲဖြတ်ရဖြတ်ရ သစ္စာ စောင့်သိပါမည်။”ဟုရေးသားခဲ့သည်။《ကြမ်းတမ်းသည့်ခရီးလမ်းကိုဖြတ်ကျော်ပြီးနောက်ချောမွေ့သော ခရီး လမ်း》ကို ဖတ်ရှုကြည့်နိုင်သည်။ ဤသို့ဖြင့် ပြည်ထောင်စုတပ်မတော်၏ အာရုံစိုက်မှုကိုရရှိခဲ့သည်။ ၁၉၆၄ခုနှစ် ဖေဖော်ဝါရီလတွင် လောစစ်ဟန်နှင့်၎င်းတပ်ဖွဲ့တို့သည် လားရှိုးသို့လေယာဉ်ဖြင့် အမှတ်(၄၁)လားတပ်ဖွဲ့၏ စခန်းသို့ပြောင်း‌‌ရွေ့အခြေစိုက်ခဲ့သည်။ ထိုနေရာတွင် “ကိုးကန့်လူငယ်ဖွံ့ဖြိုးတိုးတတ်ရေးကော်မတီ” ကိုဖွဲ့စည်း ခဲ့ပြီး ဥက္ကဌအဖြစ်တာဝန်ယူ၍ စစ်ရေးစစ်ရာများကို လေ့ကျင့်သင်ကြားခဲ့သည်။

၁၉၆၅ခုနှစ် နှစ်ဦးပိုင်းတွင် ဦးနေဝင်းအိမ်စောင့်အစိုးရ၏ခန့်အပ်မှုဖြင့် လောစစ်ဟန်သည် တိုးတတ်ရေး ကော်မတီကို လက်နက်ကိုင်ဦးဆောင်၍ကွမ်းလုံဒေသသို့ ဝင်ရောက်အခြေစိုက်ခဲ့သည်။ ဦးနေဝင်းအိမ်စောင့် အစိုးရ၏ညွှန်ကြားချက်ကို လိုက်နာ၍ ဆန်နှင့်ဆားများကို တန်ဖိုးနည်းရောင်းချပေးသည့်နည်းလမ်းဖြင့် ကိုးကန့်ဒေသ ကိုယ်ပိုင်အုပ်ချုပ်ရေးစနစ်ကို စတင်ထိုးစစ်ဆင်ခဲ့သည်။ မတ်လနှောင်းပိုင်းတွင် ကိုယ်ပိုင် အုပ်ချုပ်ရေးစနစ် ပြိုကွဲသွားပြီး ကိုးကန့် အုပ်ချုပ်ရေးကဏ္ဍမှာ ဦးနေဝင်းအစိုးရ၏လက်‌အောက်သို့ ကျရောက်ခဲ့သည်။ ယခင်ကဆိုရိုးကဲ့သို့ “ကျည်တစ်တောင့်အမြောက်တစ်ဆံမှ မဖြုန်းတီးဘဲ ကိုးကန့် အုပ်ချုပ်ရေးအာဏာအပြောင်းအလဲပြဿနာကို ဖြေရှင်းခဲ့သည်။” 《ရှေ့တွင်ညွှန်းထားသည့်ထဲတွင် ဖတ်ရှု ကြည့်နိုင်သည်》။ ဤသို့ဖြင့် ဌာနဆိုင်ရာများမှ အယောက်တိုင်းလိုလို ဆုကြေးငွေ မြန်မာကျပ်၅၀၀ ကိုရရှိခဲ့ကြသည်။ ထို့နောက်တွင် တိုးတတ်ရေးကော်မတီ မှာ အမိန့်အရ ဖျက်သိမ်းခံခဲ့ရပြီး ခဲ၊ယမ်း၊ လက်နက်များ သိမ်းဆည်းခြင်းကိုခံခဲ့ရသည်။  《ရှေ့တွင်ညွှန်းထား သည့်ထဲတွင် ဖတ်ရှုကြည့်နိုင်သည်》

 ယင်းခုနှစ်၏ ဂျုလိုင်လ၂၄ရက်နေ့တွင် ဖုန်ကြားရှင်ဦးဆောင်သည့် “ကိုးကန့်ပြည်သူ့လွတ်မြောက်ရေးတပ်မ  တော်” မှာနာလန်ထူလာခဲ့ပြီး တော်လှန်ရေးကိစ္စများ စတင်လှုပ်ရှားလာခဲ့သည်။ ဦးနေဝင်း၏ တပ်အာဏာ အမိန့်ဖြင့် လောစစ်ဟန်မှာ ကာကွယ်ရေးတပ်ဖွဲ့ကို ပြန်လည်ဖွဲ့စီးပြီး ဦးစီးညွှန်ကြားမှုများပြုလုပ်ခဲ့ရသည်။ တပ်ဖွဲ့တွင် အင်အား၁၅၀ခန့်ဖြင့် ရှင်းကျဲသို့ကာကွယ်ရေးတပ်စွဲခဲ့သည်။ ဦးနေဝင်းအိမ်စောင့်အစိုးရ၏ အမိန့်ကို လိုက်နာ၍ ကိုးကန့်ပြည်သူ့လွတ်မြောက်ရေးတပ်မတော်၏ စခန်းနေရာသို့ ဝင်ရောက်စီးနင်းခဲ့သည်။ ထိုအတောတွင်း၏ ၁၉၆၆ခုနှစ် ဆောင်းဦးတွင် မဟာမိတ်တပ်ဖွဲ့၏ ရန်ကျဲန့်ယဲန့်အဖွဲ့ကို သိမ်းသွင်းစည်းရုံး နိုင်ခဲ့ပြီး ဖြစ်သဖြင့် ၎င်းမှာ ဒုညွှန်ကြားရေးမှူးရာထူးဖြင့် အာဏာသက်ရောက်မှုမှာ တမုတ်ဟုတ်ချင်း ကြီးထွား လာခဲ့သည်။ ဤသို့ဖြင့် ၁၉၆၇ခုနှစ်နွေရာသီတွင် ကိုးကန့်ပြည်သူလွတ်မြောက်ရေးတပ်မတော်၏ တပ်မဟာ(၅) ကို တိုက်ခိုက်ဖြိုခွဲနိုင်ခဲ့ပြီး ကိုးကန့်ဒေသမှ ဆုတ်ခွာသွားစေခဲ့သည်။

၁၉၆၈ခုနှစ် ဇန်နဝါရီလ ၄ရက်နေ့တွင် ဖုန်ကြားရှင်မှ ဗမာကွန်မြူနစ်ပါတီ၏ တပ်ရင်း(၄၀၄)ကိုဦးဆောင်ပြီး ကိုးကန့်ဒေသသို့ ဝင်ရောက်ခဲ့သည်။ ယင်းခုနှစ်၏မတ်လတွင် ဗမာကွန်မြူနစ်ပါတီ၏ ထိုးစစ်အားတုံ့ပြန် တိုက်ခိုက်နိုင်ရန် ဦးနေဝင်းအိမ်စောင့်အစိုးရ၏အမိန့်အာဏာဖြင့် လောစစ်ဟန်သည် လားရှိုးမြို့တွင် “ကွန်မြူနစ်ဆန့်ကျင်ရေးစစ်ကျောင်း” ကိုတည်ထောင်ဖွင့်လှစ်၍ ကျောင်းအုပ်အဖြစ်တာဝန်ယူခဲ့သည်။ ထိုချိန်မှ စ၍ စစ်ရေးစစ်ရာများကို အပြင်းအထန်လေ့ကျင့်သင်ကြားပေး၍ ကာကွယ်ရေးတပ်ဖွဲ့၏အင်အားကို ဖြည့်တင်းခဲ့သည်။ ပထမဦးဆုံးတွင် တပ်မနှစ်ခု၊ နောက်ပိုင်းတွင် တပ်မသုံးခုဖြင့် လူအင်အားပေါင်း တစ်ထောင် ခန့်တိုးပွားလာခဲ့သည်။ ထို့နောက် တပ်များကိုအသုတ်လိုက်ခွဲ၍ ကိုးကန့်ဒေသသို့စေလွှတ်ခဲ့ပြီး ဗမာကွန်မြူနစ် ပါတီတပ်ရင်း(၄၀၄)နှင့် ရင်ဆိုင်တိုက်ခိုက်စေခဲ့သည်။

၁၉၆၉ခုနှစ် ဧပြီလတွင် ကိုးကန့်စစ်ပွဲ၏ပဏာမခြေလှမ်းမှာ ဗမာကွန်မြူနစ်ပါတီ တပ်ရင်း(၄၀၄)၏ ထိန်းချုပ်မှု ‌ အောက်သို့ရောက်ရှိလာခဲ့သည်။ သို့ဖြစ်၍ ဦးနေဝင်းအိမ်စောင့်အစိုးရနှင့်အခြားကာကွယ်ရေးတပ်ဖွဲ့များမှာ ကိုးကန့်ဒေသမှ ကွမ်းလုံအထိတပ်ဆုတ်ခဲ့သည်။ ဆုတ်ခွာချိန်တွင် လျိုဟူအလယ်ပိုင်း နှင့် လျိုဟူအောက် ဘက်ပိုင်းဒေသ များတွင်  နေထိုင်သူများအား အတင်းအဓမ္မပြောင်းရွေ့စေခဲ့ပြီး၊ ကိုးကန့်ဒေသ၏ မြို့ပြရှင်းကျဲ ၊ တာဝမ်တိ၊ လိန်ရှောက် စသည့် ဈေးတန်းများရွာများကို မီးရှို့ဖျက်ဆီးရန် အမိန့်ပေးခဲသည်။ အိမ်ထောင်စုပေါင်း သုံးထောင် ခန့်နှင့် ကိုးကန့်ပြည်သူပေါင်း နှစ်သောင်းငါးထောင်ခန့်ကို ကျေးရွာနေအိမ်မှာစွန့်ခွာကာ ဒုက္ခသည် များအဖြစ်သို့   ရောက်ရှိစေခဲ့သည်။ ( 《ကိုးကန့်》  ကိုဖတ်ရှုကြည့်နိုင် သည်။)

၁၉၇၃ ခုနှစ် ဧပြီလတွင် ဦးနေဝင်းအိမ်စောင့်အစိုးရမှာ ကာကွယ်ရေးလက်နက်ကိုင်တပ်ဖွဲ့ကိုဖြိုခွဲရန် တစ်နိုင်ငံလုံးကို အမိန့်ပေးခဲ့သည်။ ထိုအချိန်တွင် လော်စစ်ဟန်တပ်ဖွဲ့သည် အခြေခိုင်နေပြီဖြစ်သည့်လုံခြုံရေး ဒေသနှင့် ဘိန်းစိုက်ပျိုးရာအခြေစိုက်စခန်းများ ဆုံးရှုံးခဲ့ရသော်လည်း လိုက်ဒေါင်တောင်တွင်အခြေချ၍ ကိုးကန့်နယ်သစ် ကိုတည်ထောင်ရန် အစီအစဉ်များကြိုတင်ချမှတ်ခဲ့ပြီးသားဖြစ်သည်။ ထိုအတောအတွင်းတွင် လောစစ်ဟန် သည် ထိုင်းနိုင်ငံသို့တပ်တစ်တပ်ဖြင့်ဦးဆောင်ချီတတ်သွားပြီး ဘိန်းရောင်းဝယ်ရေး ချောချော မွေ့မွေ့လုပ်ဆောင်နိုင်ရန် လမ်းကြောင်းများကို ရှာဖွေစုဆောင်းထားခဲ့သည်။

ယင်းခုနှစ်၏ ဂျူလိုင်လ၌ မှောင်ခိုကူးချိန်တွင် ထိုင်းရဲများ၏ဖမ်းဆီးမှုကိုခံခဲ့ရသည်။ သြဂုတ်လ၂ရက်နေ့တွင် ရန်ကုန်အကျဉ်းထောင်သို့ လွဲအပ်ပေးခဲ့ပြီး ပထမအကြိမ်တွင် သေဒဏ်ချမှတ်ခံခဲ့ရပြီးနောက်တွင် ထောင်ဒဏ် တစ်သက်တစ်ကျွန်းအဖြစ် ပြင်ဆင်ချမှတ်ခံခဲ့ရသည်။ ထိုချိန်တွင် လော်စစ်ဟန်မှာ အသက်(၃၈)နှစ်ရှိ ပြီဖြစ်သည်။ မြန်မာ-ထိုင်းနယ်စပ်တွင်ကျန်ရှိနေသည့် သူ၏ကျန်ရှိနေသည့်အဖွဲ့မှာ အဖွဲ့အတွင်းတွင် ကြိမ်ဖန် များစွာ ပြန်လည်ဖွဲ့စည်းခြင်းများ ဆောင်ရွက်ခဲ့ပြီး ၁၉၇၆ခုနှစ် အောက်တိုဘာလတွင် ထိုင်းနိုင်ငံမီဝေါ်၌ လော်စစ်ဟန်၏ညီဖြစ်သူ လော်ရှင်းမင် ဦးဆောင်သည့် “ရှမ်းပြည်နယ်လွတ်မြောက်ရေးကော်မတီ” ကိုဖွဲ့စည်း နိုင်ခဲ့သည်။ လော်ရှင်းမင်သည် မြောင်ကျိကျိုင်အခြေစိုက်စခန်းသစ်ကို တည်ဆောက်ပြီး ဘိန်းကူးသန်း ရောင်းဝယ်ရေးကို ဆက်လက်လုပ်ဆောင်ခဲ့သည်။ ၁၉၇၇ခုနှစ် မေလတွင် လွယ်လန်းသို့ပြောင်းရွေ့၍ ၎င်း၏အဖွဲ့များကို ထိန်းချုပ်ရန်အတွက် ညွှန်ကြားရေးဌာနချုပ်ကို တည်ထောင်ခဲ့သည်။

၁၉၈၀ခုနှစ် မတ်လတွင် ပြည်ထောင်စုအစိုးရမှ လွတ်ငြိမ်းချမ်းသာခွင့်ပေးသဖြင့် လော်စစ်ဟန်မှာ ထောင်ဒဏ်၇ နှစ် ကျခံပြီးနောက် လွှတ်‌မြောက်လာခဲ့သည်။ ၎င်းသည် တောင်ကြီးစခန်းရှိရာသို့ ပြန်သွားခဲ့ရာ ထိုအချိန်တွင် အသက်(၄၅)နှစ်ခန့်ရှိပြီဖြစ်သည်။ ယင်းခုနှစ်၏အောက်တိုဘာလတွင် သူ၏ကျန်ရှိနေသေးသည့်အဖွဲ့ဝင်ပေါင်း (၂၁၀)ခန့်သည် လော်ရှင်းမင်၏ ဦးဆောင်မှုဖြင့် ထိုင်းနိုင်ငံမှလားရှိုးမြို့သို့ပြန်လည် ရောက်ရှိလာခဲ့ပြီး သံလွင်စံပြ ကျေးရွာကို တည်ထောင်ခဲ့သည်။ ၁၉၈၁ခုနှစ် ဇန်နဝါရီလတွင် လားရှိုးမြို့-ကိုးကန့်စာပေ ယဉ်ကျေးမှုအသင်း၏ ရွေးချယ်တင်မြောက်မှုတွင် ဥက္ကဌအဖြစ် ခန့်အပ်ခြင်းခံခဲ့ရသည်။

ရန်ကျဲန့်ရွှင်း အမျိုးသား၊ တရုတ်လူမျိုး ဟန်မျိုးနွယ်၊ တက္ကသိုလ်ပညာအရည်အချင်း။ တရုတ်ရိုးရာပြက္ခဒိန်တွင် ပင်ကျီနှစ် ၁၉၃၆ခုနှစ်တွင် ကြာတိလင်၌မွေးဖွားခဲ့ခြင်းဖြစ်သည်။ စော်ဘွားမျိုးနွယ် ရန်ဝိန်ဘင်၏ ဆဌမမြောက် သားဖြစ် သည်။ ယခင်က ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ရေးတွင် ဒုညွှန်ကြားရေးမှူး၊ ရှမ်းပြည်နယ်လွတ်မြောက်ရေး တပ်မတော် တပ်မဟာ(၅)တွင် တပ်မမှူးအဖြစ် တာဝန်ထမ်းဆောင်ခဲ့သည်။၎င်းကို အရပ်အခေါ် “နံပါတ် ခြောက်အရာရှိ” ဟုခေါ်ဆိုကြပြီး ယူကေတွင် အခြေချနေထိုင်သည်။ သူ၏ကိုယ်ရေးအကျဉ်းမှာ အောက်ပါ အတိုင်းဖြစ်သည်-

ငယ်ရွယ်ချိန်တွင် လားရှိုးမြို့ခရစ်ယာန်ဘုရားကျောင်းတွင် ပညာသင်ယူရန်ပို့ဆောင်ခံခဲ့ရသည်။ ထိုမှတဆင့် အင်္ဂလိပ်ကျောင်းသို့ ပြောင်းရွေ့ပြီး အလယ်တန်း၊အထက်တန်းပညာကို သင်ယူပြီးမြောက်ခဲ့သည်။ ထိုမှတဆင့် ရန်ကုန် ဆေးတက္ကသိုလ်သို့ တတ်ရောက်ခွင့်ရရှိခဲ့သည်။

၁၉၆၃ခုနှစ်အောက်တိုဘာလ ကိုးကန့်ဒေသ၏ပင်မခေါင်းဆောင် ရန်ကျင်းရှုပ် ဖမ်းဆီးချုပ်နှောင်ခံရချိန်တွင် ရန်ကျဲန့်ရွှင်းသည် သူ၏အစ်ကိုဖြစ်သူ ရန်ကျဲန့်ရှင်၏ခေါ်ဆောင်မှုကြောင့် ပညာသင်ယူမှုကိုရပ်တန့်၍ ကိုးကန့် ဒေသသို့ ပြန်လာခဲ့ပြီး ကိုယ်ပိုင်အုပ်ချုပ်ရေးတပ်ဖွဲ့တွင် ဒုညွှန်ကြားရေးမှူးအဖြစ် တာဝန်ထမ်းဆောင်ခဲ့သည်။ ၁၉၆၄ခုနှစ် ဇွန်လတွင် တပ်ဖွဲ့ဝင်ဦးရေအယောက်၂၀၀ကို ဦးဆောင်ပြီး တောင်ပိုင်းမှထိုင်းနိုင်ငံသို့ ဆေးပေါလိပ် များကူးသန်းမှုကိုပြုလုပ်ခဲ့သည်။ တပ်ဖွဲ့၏လိုအပ်မှုများကို စုဆောင်းဖြည့်တင်းပေးနိုင်ရန် ထိုင်းနယ်စပ်တွင် အခြေချနေထိုင်ပြီး တောင်၊မြောက်စစ်ရေးများကို ကိုင်တွယ်ထိန်းချုပ်ခဲ့သည်။

၁၉၆၅ခုနှစ် မတ်လတွင် ကိုယ်ပိုင်အုပ်ချုပ်ရေးမှာ ဦးနေဝင်းအိမ်စောင့်အစိုးရ၏ဖြိုခွဲမှုကို ခံခဲ့ရပြီး ရန်ကျဲန့်ရှင်သည် တပ်ဖွဲ့နှင့်၎င်းတို့၏မိသားစုဝင် အယောက်ပေါင်း(၅၀၀)ကို ဦးဆောင်ပြီး ကိုးကန့်ဒေသမှ ဆုတ်ခွာခဲ့သည်။ တောင်ဘက် ထိုင်းနိုင်ငံသို့ ချီတတ်ခဲ့ပြီး ညီအစ်ကိုနှစ်ဦးမှာ ဆမ်နွန်၌ပြန်လည်ဆုံစည်းခဲ့သည်။ ထိုနေရာတွင် ရှမ်းပြည်နယ်လွတ်မြောက်ရေး တပ်မတော်ကို ဖွဲ့စည်းခဲ့ပြီး မြောက်ပိုင်းကိုးကန့်ဒေသသို့ ပြန်လာနိုင်ရန်အတွက် ကြိုတင်ပြင်ဆင်မှုများပြု လုပ်ခဲ့သည်။

၁၉၆၆ခုနှစ် ဒီဇင်ဘာလတွင် တပ်ဖွဲ့ဝင်အယောက်ပေါင်း (၃၀၀)ကို ဦးဆောင်ပြီး မြောက်ပိုင်းရှိကိုးကန့်ဒေသသို့ ပြန်လည်ချီတတ်ခဲ့သည်။ ဖုန်ကြားရှင်ဦးဆောင်သည့် ကိုးကန့်ပြည်သူလွတ်မြောက်ရေးတပ်မတော် ကိုကူညီ ထောက်ပံ့ပေးခဲ့သည်။ ၁၉၆၇ ခုနှစ် နှစ်စပိုင်းတွင် ဆေးပေါလိပ်များရောင်းဝယ်ဖောက်ကားမှုကို အလေးပေး လုပ်ဆောင်မှုကြောင့် မှားယွင်းသည့်ဆုံးဖြတ်ချက်များ ချမိခဲ့သည်။ ၁၉၆၇ခုနှစ် မေလတွင် တပ်ဖွဲ့၏ပင်မစခန်း မှာ ဦးနေဝင်းအိမ်စောင့်အစိုးရနှင့်ကာကွယ်ရေးတပ်ဖွဲ့၏ ကျုးကျော်တိုက်ခိုက်မှုကို ခံခဲ့ရသဖြင့် အကာအရံ တပ်ဖွဲ့ကို အလောတကြီးဦးဆောင်ပြီး ကျန်းရှီသို့ဆုတ်ခွာခဲ့ရသည်။ နောက်ဆုံးတွင် ၁၉၆၇ခုနှစ် အောက်တိုဘာလ၌ ဦးနေဝင်းအိမ်စောင့်အစိုးရကို လက်နက်ချ အရှုံးပေးခဲ့ရသည်။ ဒုတပ်မမှူး ဖုန်ကြားရှင်မှာ တပ်ဖွဲ့များကိုဦးဆောင်ပြီး တရုတ်နိုင်ငံထဲသို့ဝင်ရောက်၍ ဗမာကွန်မြူနစ်ပါတီနှင့် အဆက်အသွယ်ရရှိခဲ့ရာ ဗမာကွန်မြူနစ်ပါတီ၏ ဦးဆောင်မှုကိုလက်ခံခဲ့သည်။ ဤနည်းဖြင့် လက်နက်ကိုင်တိုက်ပွဲအတွက် အစီအစဉ် အသစ်များကို ရေးဆွဲစီမံနေခဲ့သည်။ နှစ်ပေါင်း ၂၅နှစ်ကြာပြီးနောက်တွင် ရန်ကျဲန့်ရွှင်းမှ သက်ပြင်းချ၍ ပြောသော စကား တစ်ခွန်းမှာ “ငါ့တစ်သက်တာကာလမှာ ကျူးလွန်ခဲ့မိသမျှထဲမှာ ဒီတစ်ခုက အကြီးမားဆုံး မှာယွင်းမှုတစ်ခု ပဲဖြစ်တယ်” ဟူ၍ပင်။ (《ရန်မျိုးနွယ်》 ကိုလေ့လာဖတ်ရှုကြည့်နိုင်သည်။)

၁၉၆၈ခုနှစ်တွင် ရန်ကျဲန့်ရွှင်းသည် ရန်ကုန်ဆေးတက္ကသိုလ်သို့ ပြန်လည်တတ်ရောက်သင်ယူခွင့်ရရှိခဲ့ပြီး ပညာရေးကို ဆက်လက်သင်ကြားခဲ့သည်။ ယင်းခုနှစ်တွင် ယူကေတွင်လက်ထောက်ဆရာဝန်အဖြစ် သွားရောက်လုပ်ကိုင်ရန် နိုင်ငံကူးလက်မှတ်ရရှိခဲ့သည်။ သို့သော် ရဲများ၏ရှောင်တခင်စစ်ဆေးမှုကိုခံခဲ့ရပြီး တိုက်တိုက်ဆိုင်ဆိုင်ပင် နှစ်ပေါင်းများစွာ မေ့ပျောက်ဖျောက်ပစ်ပြီးသားဖြစ်သည့် တစ်ရာတန်မြန်မာငွေစက္ကူကို သိမ်းဆည်းရမိပြီး နိုင်ငံရေးသမားအဖြစ် သတ်မှတ်ဖမ်းဆီးခံခဲ့ရသည်။ နိုင်ငံကူးလက်မှတ်လည်း သိမ်းဆည်းခံခဲ့ ရပြီး လူအားအင်းစိန်အကျဉ်းထောင်အတွင်း ချုပ်နှောင်ထားခဲ့သည်။ သုံးလကြာပြီးနောက်တွင် အပြစ်မဲ့ လွတ်ကင်းခွင့်ဖြင့် ပြန်လည်လွတ်မြောက်ခဲ့သည်။

၁၉၇၉ခုနှစ်ဖေဖော်ဝါရီလတွင် ယူကေသို့နိုင်ငံသားခံယူရွေ့ပြောင်းနေထိုင်ခွင့်ရရှိခဲ့ပြီး ဆရာဝန်လောကတွင် ဆေးကုသခြင်းကိုဆောင်ရွက်ခဲ့သည်မှာ ယနေ့ထိတိုင်ပင်ဖြစ်သည်။

ဖုန်ကြားဖု ၊အမျိုးသား၊ တရုတ်လူမျိုး ဟန်မျိုးနွယ်၊ ဖုန်ကြားရှင်၏မွေးချင်းညီအစ်ကို။ တရုတ်ရိုးရာပြက္ခဒိန်တွင် တင်းချိုနှစ် ၁၉၃၇ခုနှစ် အောက်တိုဘာလ ၃၁ရက်နေ့တွင် မွေးဖွားခဲ့သည်။ ဗမာကွန်မြူနစ်ပါတီ အရှေ့မြောက်ပိုင်းဒေသ စစ်ဌာနချုပ်တွင် ဒုတိယတွဲဖက်စစ်ထောက်ချုပ် ၊ တပ်မဟာ(၈)၏တပ်မမှူး၊ ရှမ်းပြည်အထူး ဒေသ(၁)အုပ်ချုပ်ရေးတွင် ဒုဥက္ကဌအဖြစ်၊ မဟာမိတ်တပ်တွင် စစ်ဦးစီးမှူးအဖြစ် တာဝန် ထမ်းဆောင်ခဲ့ဖူးသည်။ သူ၏ကိုယ်ရေးအကျဉ်းမှာ အောက်ပါအတိုင်းဖြစ်သည်-

ငယ်ရွယ်စဉ်တွင် တရုတ်နိုင်ငံ၊ မုန့်ဖုန်မြို့ ရွှေရှောင်ချောင် နှင့် ကိုးကန့်အစိုးရမူလတန်းကျောင်းတွင် မူလတန်းပညာအရည်အချင်းကို သင်ယူတတ်မြောက်ခဲ့သည်။ ၁၉၅၁ခုနှစ်တွင် အဘိုးဖြစ်သူ ဖုန်ဟွေ့ဝိန်နှင့် အတူ ကျန်းရှီးကျန်ချင်းတောင်သို့ စစ်ဘေးကို ထွက်ပြေးပုန်းရှောင်ခဲ့သည်။ ၁၉၅၂ခုနှစ်တွင် တောင်ပိုင်းမှ လားရှိုးသို့ဆင်း၍ “တရုတ်စာပေသင်ကြားရေးကျောင်း”တွင် အထက်တန်းပညာကို သင်ယူပြီးမြောက်ခဲ့သည်။ ၁၉၅၄ခုနှစ်တွင် မြို့ပြရေးရာမှရွေးချယ်ခြင်းကိုခံခဲ့ရပြီး ရန်ကုန်သို့ မြန်မာစာအလယ်တန်းအဆင့်ကို သင်ယူခွင့် ရရှိခဲ့သည်။ ထို့ကြောင့် မြန်မာစာတတ်မြောက်ပြီး မြန်မာစကားပြောနိုင်သည်။

၁၉၅၇ခုနှစ်တွင် အတန်းပညာပြီးမြောက်၍ ကိုးကန့်သို့ပြန်လာခဲ့ရာ ကိုးကန့်ဒေသရှိတရုတ်ကျောင်းတွင် မြန်မာစာသင်ကြားသည့် ဆရာအဖြစ်လုပ်ကိုင်ခဲ့သည်။ မကြာမီတွင် ဆရာအလုပ်ကိုရပ်နား၍ ကျေးရွာပြန်ပြီး စိုက်ပျိုးရေး၊စီးပွားရေးများ လုပ်ဆောင်ခဲ့သည်။ ၁၉၆၃ခုနှစ် ‌အောက်တိုဘာလတွင် ကိုးကန့်ကိုယ်ပိုင် အုပ်ချုပ် ရေးစစ်တပ်ထဲ ဝင်ရောက်ရန်ခေါ်ယူခံရပြီး နိုင်ငံရေးအလုပ်အမူဆောင်အဖွဲ့တွင် စစ်မှုထမ်းဘဝကို စတင် လျှောက်လှမ်းခဲ့သည်။ ၁၉၆၅ခုနှစ် မတ်လတွင် ကိုယ်ပိုင်အုပ်ချုပ်ရေးစနစ် ပြိုကွဲသွားပြီး မိမိနေရပ်သို့ ပြန်လာခဲ့ရသည်။ထို့နောက်တွင် သူ၏အစ်ကိုဖုန်ကြားရှင်ဦးဆောင်သည့် ကိုးကန့်ပြည်သူ့လွတ်မြောက်ရေး တပ်မတော်ထဲသို့ ဝင်ရောက်ပြီး ဒုတပ်ခေါင်းဆောင်၊ တပ်ရင်း(၁၆)၏ တပ်ရင်းမှူးအဖြစ် တာဝန်ထမ်းဆောင် ခဲ့သည်။ဖုန်ကြားဖုသည် မိုးနဲဆည်တိုက်ပွဲတွင် အရေးနိမ့်ခဲ့ပြီး အစ်ကိုဖြစ်သူဖုန်ကြားရှင်နှင့်အတူ တရုတ်နိုင်ငံ ထဲသို့ဝင်ရောက်၍ ဗမာကွန်မြူနစ်ပါတီနှင့် အဆက်အသွယ်ရရှိခဲ့သည်။ ဗမာကွန်မြူနစ်ပါတီ၏ အုပ်ချုပ်မှုကို လက်ခံပြီး ယင်းပါတီ၏တပ်ရင်း(၄၀၄)တွင်း ဝင်ရောက်ခဲ့သည်။ တပ်ရင်း(၁)၏ တပ်ရင်းမှူးအဖြစ်လည်း တာဝန်ယူခဲ့သည်။
၁၉၆၈ခုနှစ် ဇန်နဝါရီလ ၄ရက်နေ့တွင် တပ်ဖွဲ့ကိုဦးဆောင်၍ကိုးကန့်ဒေသသို့ဝင်ရောက်ပြီး ကိုးကန့် လက်နက် ကိုင်တပ်ဖွဲ့လွတ်မြောက်ရေးတိုက်ပွဲတွင် ပါဝင်ဆင်နွဲခဲ့သည်။ ၁၉၆၉ခုနှစ် ဇန်နဝါရီလတွင် တပ်ရင်း(၄၀၄)၏ ဒုတပ်ခွဲတွင် တပ်မှူး၏တွဲဖက်စစ်ထောက်ချုပ်အဖြစ် ရာထူးတိုးမြင့်ခြင်းခံခဲ့ရသည်။ ၁၉၆၉ခုနှစ် အောက်တိုဘာလတွင် တပ်ဖွဲ့ ကိုဦးဆောင်၍ သံလွင်မြစ်အနောက်ဘက်ကမ်းတွင် ကျန်းရှီးရှိ လော်အင်အားစု တပ်မဟာ(၃၀၃)နှင့် ပူးပေါင်းပြီး အရှေ့မြောက်ပိုင်းစစ်ဌာနချုပ် ကိုဖွဲ့စည်းခဲ့သည်။ ထိုဌာနတွင် စစ်ဌာနချုပ်၏ ဒုတိယအကြီးအကဲအဖြစ် တာဝန်ထမ်းဆောင်ခဲ့သည်။

၁၉၇၁ခုနှစ်တွင် တပ်မဟာ(၈)၏တပ်မမှူးအဖြစ် တိုးမြှင့်ခန့်အပ်ခြင်းခံခဲ့ရသည်။ တပ်ဖွဲ့ကိုဦးဆောင်၍ နေရာသစ်(၁၉၇၁၊ ဧပြီလ)၊ ကွမ်းလုံ(၁၉၇၁၊ နိုဝင်ဘာလ)၊နှင့် ဝပြည်နယ်တောင်ပိုင်း တိုက်ပွဲများတွင် ပါဝင်ဆင်နွဲခဲ့သည်။ မိုင်းယန်းတိုက်ပွဲတွင် ဒဏ်ရာအပြင်းအထန်ရရှိခဲ့သည်။ ၁၉၈၀ခုနှစ်တွင် တပ်ရင်း(၄၈)၏ တွဲဖက်စစ်ထောက်ချုပ်အဖြစ် ပြောင်းလွဲခန့်အပ်ခံခဲ့ရသည်။ ၁၉၈၇ခုနှစ်တွင် ကျန်းရှီ၏တင်းမာသည့် အခြေအနေ ကြောင့် ကိုးကန့်ဒေသသို့ပြန်လာခဲ့ပြီး ဝါရင့်တပ်ဖွဲ့ကိုဖွဲ့စည်းခဲ့သည်။ ကိုးကန့်ဒေသရှိတပ်ဖွဲ့များ နှင့်အတူ တပ်မဟာ (၈၈၃) ကိုဖွဲ့စည်းခဲ့ပြီး စစ်ဌာနချုပ်(၃)၏စစ်ဦးစီးချုပ်အဖြစ် တာဝန်ထမ်းဆောင်ခဲ့သည်။

၁၉၈၉ခုနှစ်မတ်လ၁၁ရက်နေ့တွင် မဟာမိတ်တပ်မတော် ကိုဖွဲ့စည်းခဲ့ပြီး ဗမာကွန်မြူနစ်ပါတီမှ နှုတ်ထွက်ခဲ့ သည်။ ထို့နောက်တွင် ကိုးကန့်၏မုံးကိုးဒေသ အုပ်ချုပ်ရေးကို စီမံခန့်ခွဲခဲ့ပြီး ရှမ်းပြည်အထူးဒေသ (၁) ကို တည်ထောင်နိုင်ခဲ့သည်။ စစ်ကော်မတီအဖွဲ့ဝင် နှင့် ဒုတိယတပ်မှူးအဖြစ် တာဝန်ထမ်းဆောင်ခဲ့သည်။ ၁၉၉၂ခုနှစ် နိုဝင်ဘာလတွင် ရန်မိုးလျန်မှ သစ္စာ်ဖောက်ဆန့်ကျင်လှုပ်ရှားမှုများ စတင်ခဲ့သည်။ ၁၉၉၃ ခုနှစ် ဇန်နဝါရီလကုန်တွက် ဖုန်ကြားဖုသည်အစ်ကိုဖြစ်သူဖုန်ကြားရှင် တို့နှင့်အတူ ကိုးကန့်ဒေသမှ ဆုတ်ခွာခဲ့ သည်။
၁၉၉၅ခုနှစ် နိုဝင်ဘာလနောက်ဆုံးအပတ်တွင် အမိန့်အရတပ်မကိုဦးဆောင်၍ ချင်းရွှေဟော်ကို ကျူးကျော် တိုက်ခိုက်သိမ်းပိုက်ခဲ့သည်။ ကိုးကန့်ဒေသသို့ ပြန်လာခဲ့၍ အထူးဒေသ(၁)အုပ်ချုပ်ရေးယန္တရားများကို ပြန်လည်နာလန်ထူခဲ့သည်။ ၁၉၉၆ခုနှစ် နှစ်ကူးတွင် အထူး‌ဒေသအုပ်ချုပ်ရေးတွင်ဒုဥက္ကဌ နှင့် မဟာမိတ် တပ်မတော်၏ စစ်ဦးစီးချုပ်အဖြစ် ခန့်အပ်ခြင်းကိုခံခဲ့ရသည်။ ထိုအတောအတွင်းတွင် ငြိမ်းချမ်းရေး၊ မူးယစ်  ဆေးဝါးတိုက်ဖျက်ရေး၊ ဖွံ့ဖြိုးတိုးတက်ရေးစသည့် အဓိကအရေးပါသည့်ဆုံးဖြတ်ချက်များနှင့် အကောင်အ ထည်ဖော်မှု ဆိုင်ရာကိစ္စရပ်များတွင် ကိုယ်တိုင်ကိုယ်ကျပါဝင်ခဲ့သည်။ ထို့အပြင် အထူးဒေသ၏ ကာကွယ်ရေး ဦးစီးချုပ်အဖြစ် ပြည်ထောင်စုအစိုးရ၏ ဖွံ့စည်းပုံအခြေခံဥပဒေဆိုင်ရာညီလာခံများတွင် ပါဝင်တတ် ရောက်ခဲ့သည်။ သူ၏ဦးတည်ချက်မှာ- “အမျိုးသားစည်းလုံးညီညွတ်ရေး၊ ပြည်‌‌ထောင်စုပြန်လည် ပေါင်းစည်း ရေးနှင့် အချုပ်အခြာအာဏာကိုကာကွယ်ရန်သာမက အမျိုးသားရေးတန်းတူညီမျှမှုကို ကာကွယ်စောင့် ရှောက်ရန်” ရန်တို့ဖြစ်သည်။

၂၀၀၉ခုနှစ်သြဂုတ်လ၂၆ရက်နေ့တွင် ၈၈အရေးအခင်းကြောင့် ကိုးကန့်ဒေသကို စွန့်ခွာခဲ့ရသည်။

ရန်ကျုံးရှီး အမျိုးသား၊ တရုတ်လူမျိုး ဟန်မျိုးနွယ်၊ အထက်တန်းပညာအရည်အချင်း။ တရုတ်ရိုးရာပြက္ခဒိန်တွင် ပင်ကျီနှစ် ၁၉၃၇ခုနှစ် ဇန်နဝါရီလ၁၁ရက်နေ့တွင် မွေးဖွားခဲ့သည်။ ကိုးကန့်ပြည်သူ့လွတ်မြောက်ရေး တပ်မတော် တည်ထောင်သူထဲမှ တစ်ဦးအပါအဝင်ဖြစ်သည်။ ယခင်က ဗမာကွန်မြူနစ်ပါတီ ကိုးကန့်ခရိုင်၊ ဒုခရိုင်မှူးအဖြစ်၊ မဟာမိတ်တပ်မတော်၏  ထောက်ပံ့ပို့ဆောင်ရေးဝန်ကြီးအဖြစ် တာဝန်ထမ်းဆောင်ခဲ့ဖူးသည်။ သူ၏ကိုယ်ရေး အကျဉ်းမှာ အောက်ပါအတိုင်းဖြစ်သည်-

၁၉၅၃ခုနှစ်တွင် ရန်ဝမ်ချန်ဦးစီးဦးဆောင် တည်ထောင်ခဲ့သည့် လီချန်းကုမ္ပဏီတွင်အလုပ်လုပ်၍ စီးပွားရေး လုပ်ငန်းများကို သင်ယူလေ့လာခဲ့သည်။ ထို့နောက်တွင် စော်ဘွားကာကွယ်ရေးတပ်ဖွဲ့ထဲသို့ ထည့်သွင်းခံရပြီး တပ်ခေါင်းဆောင်အဖြစ် ထမ်းဆောင်ခဲ့သည်။ ၁၉၆၃ခုနှစ်တွင် ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ရေးစစ်တပ်ထဲသို့ ဝင်ရောက်ခဲ့သည်။ ၁၉၆၅ခုနှစ် မတ်လတွင် ကိုယ်ပိုင်အုပ်ချုပ်ရေးပြိုကွဲသွားပြီး နေရပ်သို့ပြန်လာခဲ့ရသည်။ ယင်းခုနှစ်ဇွန်လတွင် ကိုးကန့်ပြည်သူ့လွတ်မြောက်ရေးတပ်မတော်ထဲသို့ ဝင်ရောက်၍ တော်လှန်ရေးကိစ္စများ တွင် လှိုက်လှိုက်ရောရော ပါဝင်ဆင်နွဲခဲ့ပြီး ထောက်ပံ့ပို့ဆောင်ရေးအတွက်ကို တာဝန်ယူခဲ့သည်။ ၁၉၆၇ခုနှစ် တွင် ဖုန်ကြားရှင်နှင့်အတူ တရုတ်နိုင်ငံမုံသွေးသို့သွားရောက်ပြီး စစ်ရေးလေ့ကျင့်မှုများကို သင်ယူခဲ့သည်။ ဗမာကွန်မြူနစ်ပါတီ၏ (၄၀၄)တပ်ဖွဲ့တွင်းပါဝင်ပြီး ထောက်ပံ့ပို့ဆောင်ရေးအကြီးအကဲအဖြစ် တာဝန်ထမ်း ဆောင်ခဲ့သည်။ ၁၉၆၈ခုနှစ် ဇန်နဝါရီလတွင် ကိုးကန့်အခြေစိုက်စခန်း၏ လက်နက်ကိုင်တိုက်ပွဲများတွင် ပါဝင်တိုက်ခိုက်ခဲ့ပြီး ‌ထောက်ပံ့ပို့ဆောင်ရေးနှင့် တာဝန်များစွာကို ထမ်းဆောင်ခဲ့သည်။

၁၉၆၉ခုနှစ် နိုဝင်ဘာလ ၈ရက်နေ့တွင် ကိုးကန့်ခရိုင်ပြည်သူ့စစ်တပ်ဖွဲ့ကို ဖွဲ့စည်းခဲ့ပြီး ဒုခရိုင်မှူးအဖြစ်တာဝန် ထမ်း‌ဆောင်ခဲ့သည်။ ၁၉၇၀ခုနှစ်တွင် ဗမာကွန်မြူနစ်ပါတီထဲဝင်ရောက်၍ ကိုးကန့်ဒေသတွင်ချဲ့ထွင်သည့် ဗမာကွန်မြူနစ်ပါတီ၏ ပထဆုံးပါတီဝင်အဖွဲ့ဝင်အသစ်များထဲ တစ်ဦးဖြစ်သည်။ ၁၉၇၃ခုနှစ်တွင် ဗမာကွန်မြူ နစ်ပါတီ ကိုးကန့်ခရိုင်အမြဲတမ်းကော်မတီဝင်အဖြစ် တင်မြောက်ခြင်းခံခဲ့ရပြီး ခရိုင်ဒေသ၏ အထွေထွေအုပ်ချုပ် ရေးလုပ်ငန်းများကို ဦးဆောင်လုပ်ကိုင်ခဲ့သည်။

၁၉၇၆ခုနှစ်တွင် ခရိုင်ပါတီကော်မတီနှင့် အမြဲတမ်းကော်မတီ၏ ဒုတိယအတွင်းရေးမှူးချုပ် စူးကျိမင်၊ နိုင်ငံရေး နှင့် ဥပဒေရေးရာဌာနမှ ညွှန်ကြားရေးမှူး ချွေ့စီမောင် တို့သည် မော်ဖိန်းထုတ်လုပ်မှုကိစ္စနှင့်ဆက်နွယ်နေသဖြင့်  ရန်ဝမ်ချန်မှာ အဖျားခတ်ခံရပြီး ပါတီအုပ်ချုပ်ရေးလုပ်ငန်းများကို ဆောင်ရွက်ခွင့်ကို ရုတ်သိမ်းခံခဲ့ရသည်။ ထို့နောက် အရှေ့မြောက်ပိုင်းစစ်ဌာနာချုပ်တွင် ထောက်ပံ့ပို့ဆောင်‌ရေးဌာနတွင် ဝန်ကြီးအဖြစ် တာဝန်ထမ်း ဆောင်ခဲ့သည်။ ထို့ပြင် စစ်ဌာနာချုပ် စီမံခန့်ခွဲရေးဌာနတွင် ဒုဝန်ကြီးအဖြစ် တာဝန်ယူခဲ့သည်။

၁၉၈၉ခုနှစ်မတ်လ၁၁ရက်နေ့တွင် မဟာမိတ်တပ်မတော်ကိုဖွဲ့စည်းခဲ့ပြီး ကိုးကန့်သို့ပြန်လည်ရောက်ရှိ ခဲ့သည်။ ထောက်ပံ့ပို့ဆောင်ရေးဌာနာချုပ်ဝန်ကြီးအဖြစ် တာဝန်ယူခဲ့သည်။ ၁၉၉၆ခုနှစ်တွင် အထူးဒေသအုပ်ချုပ်ရေး ယန္တရားကို ပြန်လည်ထူထောင်၍ စစ်ဘက်ဆိုင်ရာတာဝန်များမှ နှုတ်ထွက်ခဲ့သည်။

လီဝိန်ကွမ်း၊ အမျိုးသား ၊ တရုတ်လူမျိုး ဟန်မျိုးနွယ်၊ တရုတ်စာအလယ်တန်းပညာအရည်အချင်း။ တရုတ်ရိုးရာပြက္ခဒိန်တွင် တင်းချိုနှစ် ၁၉၃၇ခုနှစ် ဧပြီလ၁၁ရက်နေ့၊ တောက်ရွှေဆုကိန်းရွှေရွာတွင် မွေးဖွား ခဲ့သည်။ တောက်ရွှေရွာ၏ ရွာသူကြီးအဖြစ် တာဝန်ယူခဲ့ဖူးပြီး ကိုးကန့်ခရိုင်ဒုခရိုင်မှူး၊ အထူးဒေသစီမံ ခန့်ခွဲမှုကော်မတီဝင်၊ ကိုးကန့်ခရိုင် အကြံပေးကော်မတီ၏ ဒုညွှန်ကြားရေးမှူးများအဖြစ်လည်း တာဝန်ထမ်း ဆောင်ခဲ့ဖူးသည်။ သူ၏ကိုယ်ရေး အကျဉ်းမှာ အောက်ပါအတိုင်းဖြစ်သည်-

၁၉၄၈ခုနှစ်တွင် အတန်းပညာကိုစတင်တတ်ရောက်သင်ကြားခဲ့သည်။ ၁၉၅၈ခုနှစ်တွင် မိသားစု၏လယ်ယာ စိုက်ပျိုးရေး နှင့် အပြင်၌အချိန်ပိုင်းအလုပ်များကို လုပ်ကိုင်ခဲ့သည်။ ၁၉၆၆ခုနှစ်တွင် ရွှေဟုခေါင်းဆောင်အဖြစ် ဆောင်ရွက်ခဲ့ပြီး ၁၉၈၅ခုနှစ်တွင် တောက်ရွှေရွာ၏ရွာသူကြီးတာဝန်ကို ထမ်းရွက်ခဲ့သည်။ ၁၉၉၃ခုနှစ် ဖေဖော်ဝါရီလတွင် ရန်မိုးလျန်မှသစ္စာ‌ဖောက်၍ အထူးဒေသ(၁)ကိုဆန့်ကျင်တော်လှန်ခဲ့သဖြင့် လီဝိန်ကွမ်းသည် ကိုးကန့်ခရိုင်၏ဒုခရိုင်မှူး၊ ညွှန်ကြားရေးမှူးအဖြစ် ရာထူးတိုးခန့်အပ်ခြင်းခံခဲ့ရသည်။ ၁၉၉၅ခုနှစ် နိုဝင်ဘာလတွင် ဖုန်ကြားရှင်မှ ကိုးကန့်ကိုပြန်လည်ရောက်ရှိလာ၍ ကိုးကန့်ခရိုင်၏ ဒုခရိုင်မှူးအဖြစ် ဆက်လက် ခန့်အပ်ထားခဲ့သည်။
၂၀၀၀ခုနှစ် မေလ ၂၅ရက်နေ့တွင် အထူးဒေသစီမံခန့်ခွဲမှုကော်မတီဝင်အဖြစ် တိုးမြှင့်ခန့်အပ်ခြင်းခံရပြီး စိုက်ပျိုး ရေးနှင့်ပညာရေးအပိုင်းဆိုင်ရာ တာဝန်များကို စီမံခန့်ခွဲအုပ်ချုပ်ခဲ့ရသည်။ ထို့ပြင် ဒုခရိုင်မှူးအဖြစ်လည်း ဆက်လက်တာဝန်ထမ်းဆောင်ခဲ့ရသည်။ ၂၀၀၅ခုနှစ် ဒီဇင်ဘာလတွင် ကိုးကန့်ရာဇဝင် မှတ်တမ်းစီရင်ရေးသား ပြုစုကော်မတီအဖွဲ့ဝင် နှင့် ကြီးကြပ်သုံးသပ်ရေးအဖွဲ့ဝင်အဖြစ် ဖိတ်ကြားခြင်းခံခဲ့ရသည်။ ၂၀၀၆ခုနှစ် မေလ ၂၀ရက်နေ့တွင် ဒုခရိုင်မှူးရာထူးမှ ကိုးကန့်ခရိုင်အတိုင်ပင်ခံကော်မတီ၏ ဒုညွှန်ကြားရေးမှူးအဖြစ် လွဲပြောင်း တာဝန်ယူခဲ့ပြီး အထူးဒေသစီမံခန့်ခွဲရေးကော်မတီဝင် ၏လုပ်ငန်းတာဝန်ကိုမူ ဆက်လက်ထမ်းရွက်ခဲ့သည်။ ၂၀၀၉ခုနှစ် သြဂုတ်လ၂၅ရက်နေ့တွင် ယာယီဦးစီးကော်မတီကို ဖွဲ့စည်းခဲ့ပြီး ပညာရေးကော်မတီ၏ ဒုညွှန်ကြားရေးမှူးအဖြစ် တာဝန်ထမ်းဆောင်ခဲ့သည်။ ၂၀၁၁ခုနှစ် မတ်လ ၃၀ရက်နေ့တွင် ကိုယ်ပိုင်အုပ်ချုပ်ရေး ဒေသ ဖွဲ့စည်းအောင်မြင်ခဲ့ပြီး အရာရှိဝန်ထမ်းဘဝမှအနားယူလိုက်သည်။

လီကျုံးရှန် အမျိုးသား တရုတ်လူမျိုး ဟန်မျိုးနွယ်၊ အလယ်တန်းပညာအရည်အချင်း။ တရုတ်ရိုးရာပြက္ခဒိန်တွင် ဝူရင်နှစ် ၁၉၃၈ခုနှစ် ဇွန်လ၁၅ရက်နေ့တွင် ရှောင်လုချန်တွင်မွေးဖွားခဲ့ပြီးနောက် ရန်လုံကျိုင်းသို့ပြောင်းရွေ့ နေထိုင်ခဲ့သည်။ ဗမာကွန်မြူနစ်ပါတီဗဟိုဗျူရိုတွင် တပ်ခွဲ၏တွဲဖက်စစ်ထောက်ချုပ် ၊ မဟာမိတ်တပ်မတော်တွင် တွဲဖက်စစ်ထောက်ချုပ် ၊ ရှမ်းပြည် အထူးဒေသ(၁)တွင် ဒုဥက္ကဌ၊ ယာယီဦးစီးကော်မတီတွင် ဒုဥက္ကဌအဖြစ် တာဝန်ထမ်းဆောင်ခဲ့ဖူးသည်။ သူ၏ကိုယ်ရေးအကျဉ်းမှာ အောက်ပါအတိုင်းဖြစ်သည်-

၁၉၅၈ခုနှစ်တွင် ဟော်ဆော်ထူးဟော်ရွာ၏ မူလတန်းပြဆရာအဖြစ် လုပ်ကိုင်ခဲ့သည်။ ၁၉၆၃ခုနှစ်တွင် တောင်ပိုင်းဒေသမှ ရန်ကုန်သို့သွားရောက်၍ အလုပ်လုပ်ကိုင်ခဲ့သည်။ ၁၉၆၆ခုနှစ် ဖေဖော်ဝါရီလတွင် ကိုးကန့်သို့ ပြန်လာခဲ့ပြီး ဟော်ဆော်ထူးဟော်ရွာတွင် ကျောင်းဆရာအဖြစ် ဆက်လက်လုပ်ကိုင်ခဲ့သည်။

၁၉၆၇ခုနှစ် နိုဝင်ဘာလ ၁ရက်နေ့တွင် ကာကွယ်ရေးတပ်ဖွဲ့ ရန်ကျဲန့်ယဲန့်၏ဖိအားပေးမှုဖြင့် တရုတ်နိုင်ငံ နန်ဆန်သို့ သွားရောက်၍ ဗမာကွန်မြူနစ်ပါတီဝင်ဖုန်ကြားရှင်တပ်ဖွဲ့ လက်အောက်သို့ဝင်ရောက်ခဲ့သည်။ ထိုတပ်ဖွဲ့နှင့်အတူ ထန်ရှီကုန်းတွင် စစ်ရေးလေ့ကျင့်မှုကို လေ့လာသင်ယူခဲ့ပြီး ဗမာကွန်မြူနစ်ပါတီ၏ တပ်ရင်း(၄၀၄)ထဲတွင် စာရေးအဖြစ် တာဝန်ထမ်းဆောင်ခဲ့သည်။ ၁၉၆၈ခုနှစ် ဇန်နဝါရီလ ၄ရက်နေ့တွင် ကိုးကန့်ဒေသသို့ ပြန်လာခဲ့ပြီး လက်နက်ကိုင်တိုက်ပွဲကို ဆင်နွဲတိုက်ခိုက်ခဲ့သည်။ ထို့နောက် တပ်ခွဲ(၇)၏ တပ်ခွဲမှူး၊ တပ်ရင်း(၃)၏ တပ်ရင်းမှူး အဖြစ်တိုးမြှင့်ခန့်အပ်ခြင်းခံရပြီး ကြာကုန်တံ၊ တာရွှေထန်၊ ရှင်းကျဲ၊ တာရှင်းကျိုင်၊ ရှရှင်းကျိုင်၊ ကျင်းမြောင်ကျိုင် စသည့်တိုက်ပွဲများကို ဦးဆောင်တိုက်ခိုက်ခဲ့သည်။

၁၉၆၉ခုနှစ် ‌အောက်တိုဘာလတွင် သံလွင်မြစ်အနောက်ဘက်ကမ်းကို အမိန့်အရချီတတ်ခဲ့ပြီး မုံးပေါ၊ ရှီးရှင့်ဝမ့် ၊ ပန်ဆိုင်း၊ မန့်မောက်၊ လိန်မိန်တောင် တိုက်ပွဲများတွင်လည်း ပါဝင်တိုက်ခိုက်ခဲ့သည်။ တပ်ရင်း(၄၀၄)၏ တွဲဖက်စစ်ထောက်ချုပ်၊ အရှေ့မြောက်ပိုင်းစစ်ဌာနချုပ် တွဲဖက်စစ်ထောက်ချုပ်နှင့် စစ်ဆင်ရေးအဖွဲ့မှူး၊ တပ်မဟာ(၅)၏ တပ်မမှူး အဖြစ်တိုးမြှင့်ခန့်အပ်ခြင်းခံခဲ့ရသည်။

၁၉၇၁ခုနှစ် နိုဝင်ဘာလတွင် တပ်ဖွဲ့ကိုဦး‌ဆောင်၍ကိုးကန့်သို့ပြန်လာခဲ့ပြီး ကွမ်းလုံတိုက်ပွဲတွင် ပါဝင်ခဲ့သည်။ ၁၉၇၂ခုနှစ် နှစ်ဦးပိုင်းတွင် တပ်ဖွဲ့ကိုဦးဆောင်၍ တောင်ပိုင်းဝပြည်နယ်သို့သွားရောက်၍ ဝပြည်နယ်တောင်ပိုင်း နှင့် ဂျင်ဘီလွတ်မြောက်စေခဲ့သည်၊ ကူမင်တန်လျို့ဝှက်ထောက်လှမ်းရေးတပ်ဖွဲ့များကို အပြတ်ချေမှုန်း၍ မျိုးနွယ်စုလက်နက်ကိုင်တပ်ဖွဲ့ဖွဲ့စည်းခြင်း၊ ဗမာကွန်မြူနစ်ပါတီ၏ ဒေသန္တရအစိုးရကို တည်ထောင်ခြင်းများ ဆောင်ရွက်ခဲ့သည်။ ၁၉၇၄ခုနှစ်တွင် တပ်ဖွဲ့(၆၈၃)၏ နိုင်ငံရေးကော်မရှင်နာအဖြစ် လွဲပြောင်းတာဝန်ယူခဲ့ပြီး တပ်ဖွဲ့ကိုဦးဆောင်၍ သံလွင်မြစ်အနောက်ဘက်ကမ်းရှိ ရှမ်းပြည်နယ်အလယ်ပိုင်းဒေသသို့  ပြောက်ကျား စစ်ဆင်ရေးကို ဆောင်ရွက်ခဲ့သည်။ ထိုနောက့်  ဗဟိုဗျူရို၏တွဲဖက်စစ်ထောက်ချုပ်အဖြစ် တာဝန်ယူခဲ့သည်။
၁၉၈၉ခုနှစ် မတ်လ ၁၁ရက်နေ့တွင် မဟာမိတ်တပ်မတော် ဖွဲ့စည်းနိုင်ခဲ့ပြီး စစ်ကော်မတီအဖွဲ့ဝင်၊ တွဲဖက် စစ်ထောက်ချုပ်အဖြစ် တာဝန်ယူထမ်းဆောင်ခဲ့သည်။  ၁၉၉၃ခုနှစ် ဇန်နဝါရီလကုန်တွင် “ဖုန်” နှင့် “ရန်” တို့၏ အတွင်းရေးကိစ္စရှုပ်ထွေးမှုကြောင့် ဖုန်တပ်ဖွဲ့နှင့်အတူ ကိုးကန့်ဒေသမှဆုတ်ခွာ၍ မိုင်းလား၊နောင်ချိုသို့ သွားရောက်၍ ရွှေပြည်ညိုရွာသစ် ဖွင့်လှစ်မှုကို တတ်ရောက်ခဲ့ပြီး စီမံခန့်ခွဲရေးကော်မတီ၏ညွှန်ကြားရေးမှူး အဖြစ် တာဝန်ထမ်းဆောင်ခဲ့သည်။ ၁၉၉၉ခုနှစ် အောက်တိုဘာလတွင် ဖုန်ကြားရှင်၏ဖိတ်ခေါ်မှုဖြင့် ကိုးကန့် ဒေသသို့ ပြန်လာခဲ့ပြီး အထူးဒေသစီမံခန့်ခွဲမှုကော်မတီအဖွဲ့ဝင်၊ အထူးဒေသအုပ်ချုပ်ရေး၏ ဒုဥက္ကဌအဖြစ် တာဝန်ထမ်းဆောင်ခဲ့သည်။ အထူးဒေသအေးချမ်းသာယာရေး၊ မူးယစ်ဆေးဝါးတိုက်ဖျက်တားမြစ်ရေး၊ ဖွံ့ဖြိုးတိုးတတ်ရေးကဏ္ဍဆိုင်ရာ ဆုံးဖြတ်ချက်ချမှတ်ခြင်းနှင့် အကောင်အထည်ဖော်ခြင်းများတွင် ကိုယ်တိုင် ကိုယ်ကျပါဝင်ဆောင်ရွက်ခဲ့သည်။ ၂၀၀၅ခုနှစ် မတ်လ ၃၀ရက်နေ့တွင် ရာထူးမှနှုတ်ထွက်အနားယူခွင့်ရခဲ့သည်။
၂၀၀၉ခုနှစ် သြဂုတ်လ ၂၅ရက်နေ့တွင် ယာယီဦးစီးကော်မတီဝင်အဖြစ် ပြည်ထောင်စုအစိုးရ၏ခန့်အပ်မှုကို ခံခဲ့ရသည်။ ယင်းခုနှစ် နိုဝင်ဘာလ ၂၂ရက်နေ့တွင် ယာယီဦးစီးကော်မတီ၏ ဒုဥက္ကဌ နှင့် ပညာရေး၊ကျန်းမာရေး ဌာန ညွှန်ကြားရေးမှူးအဖြစ် ၂၀၁၁ခုနှစ် မတ်လ ၃၀ရက်နေ့ ကိုယ်ပိုင်အုပ်ချုပ်ရေး ဖွဲ့စည်းတည်ထောင် မှုအောင်မြင်သည့်အထိ တာဝန်ခန့်အပ်ထမ်းဆောင်ခဲ့ရသည်။

၂၀၁၂ခုနှစ် ဖေဖော်ဝါရီလတွင် 《ကိုးကန့်ရာဇဝင်မှတ်တမ်း》စီရင်ရေးသားပြုစုမှုကော်မတီ၏ ညွှန်ကြားရေး မှူး ၊ ကြီးကြပ်သုံးသပ်ရေးမှူးအဖြစ် ခန့်အပ်ခံခဲ့ရသည်။

ရန်မိုးအန်း အမျိုးသား၊ တရုတ်လူမျိုး ဟန်မျိုးနွယ်၊ အထက်တန်းပညာအရည်အချင်း။ တရုတ်ရိုးရာပြက္ခဒိန် တွင် ဝူရင်နှစ် ၁၉၃၈ခုနှစ် ရှီထုံ့ရွှေတွင် မွေးဖွားခဲ့ပြီး မူကွားကျိုင်သို့ပြောင်းရွေ့နေထိုင်ခဲ့သည်။ ယခင်က ဗမာကွန်မြူနစ်ပါတီ ကိုးကန့်အခြေစိုက်အရှေ့မြောက်ပိုင်းစစ်ဌာနချုပ်၏ ကူးသန်းရောင်းဝယ်ရေးဌာနတွင် ဒုညွှန်ကြားရေးမှူး ၊ အထူးဒေသ(၁)၏ ဒုတိယကော်မရှင်နာ အဖြစ်တာဝန်ထမ်းဆောင်ခဲ့သည်။ သူ၏ ကိုယ်ရေး အကျဉ်းမှာ အောက်ပါအတိုင်းဖြစ်သည်။

၁၉၆၈ခုနှစ်တွင် ဗမာကွန်မြူနစ်ပါတီစစ်တပ်ထဲသို့ဝင်ရောက်ခဲ့ပြီး ထန်ရှီကုန်းတွင်စစ်ရေးလေ့ကျင့်မှုကို သင်ကြားခဲ့သည်။ တပ်ရင်း(၄၀၄)၏ တွဲဖက်စစ်ထောက်ချုပ်၊ ကိုးကန့်အခြေစိုက်အရှေ့မြောက်ပိုင်းစစ်ဌာနချုပ် ၏ ကူးသန်းရောင်းဝယ်ရေးအဖွဲ့တွင် ဒုတိယအဖွဲ့မှူး၊ ကူးသန်းရောင်းဝယ်ရေးအဖွဲ့၏ ဒုညွှန်ကြားရေးမှူးနှင့် ကုမ္ပဏီကိုယ်စားလှယ်အဖြစ် တာဝန်ထမ်းဆောင်ခဲ့သည်။

၁၉၈၉ခုနှစ် မတ်လ ၁၁ရက်နေ့ မဟာမိတ်တပ်မတော် ဖွဲ့စည်းတည်ထောင်ချိန်တွင် အထူးဒေသစစ်ကော်မတီ အဖွဲ့ဝင်အဖြစ် ရွေးချယ်ခံခဲ့ရပြီး အထူးဒေသဌာနချုပ်၏ဗဟိုအဖွဲ့ဝင်တစ်ဦးအဖြစ် သတ်မှတ်ခြင်းခံခဲ့ရသည်။ ထို့အပြင် ဆက်သွယ်ပြန်ကြားရေး၏ ဌာနမှူးအဖြစ် တာဝန်ယူခဲ့သည်။

၁၉၉၂ခုနှစ်နိုဝင်ဘာလတွင် သူ၏ညီဖြစ်သူ ရန်မိုးလျန်နှင့်အတူ သစ္စာဖောက်ဆန့်ကျင်တော်လှန်မှုများ လှုပ်ရှားခဲ့ပြီး ဖုန်ကြားရှင်ကို ကိုးကန့်ဒေသမှ ဆုတ်ခွာရန်ဖိအားပေးနိုင်ခဲ့သည်။ ၁၉၉၃ခုနှစ် မတ်လ ၈ရက်နေ့ တွင် အထူးဒေသစစ်ကော်မတီ၏ အမြဲတမ်းကော်မတီဝင်အဖြစ် တာဝန်ပေးခန့်အပ်ခြင်းခံခဲ့ရပြီး အထူးဒေသ ဒုတိယကော်မရှင်နာ နှင့် အဖွဲ့၏ခေါင်းဆောင်အဖြစ် တာဝန်ယူဆောင်ရွက်ခဲ့သည်။

၁၉၉၅ခုနှစ် နိုဝင်ဘာလ၂၂ရက်နေ့တွင် ဖုန်ကြားရှင်ကိုးကန့်သို့ပြန်လည်ရောက်ရှိလာပြီး ရန်မိုးလျန်အုပ်ချုပ် သည့် ကိုးကန့်နိုင်ငံရေးမှာ ပြိုကွဲပျက်စီးမှုများနှင့်ရင်ဆိုင်ခဲ့ရသည်။ ရန်မိုးအန်းသည် ပြည်ထောင်စုအစိုးရသို့ အကူအညီတောင်းခံခဲ့သည်။ ကိုးကန့်စစ်တပ်၊ခဲယမ်းလက်နက်ဂိုဒေါင်များကို ပြည်ထောင်စုအစိုးရသို့ပေးအပ်၍ ကိုးကန့်ဒေသထဲသို့ အခြေစိုက်စခန်းချရန် တောင်းဆိုခဲ့သည်။ ထို့အပြင် သူတို့ညီအစ်ကို၏ အသက်စည်းစိမ်များ ကို လုံခြုံရေးအာမခံချက်ပေးရန် တောင်းဆိုခဲ့ပြီး လားရှိုးသို့ပြောင်းရွေ့နေထိုင်ခဲ့သည်။

၁၉၉၆ခုနှစ်ဇန်နဝါရီလ၁ရက်နေ့တွင် မြန်မာအမျိုးသားဒီမိုကရက်တစ် မဟာမိတ်တပ်မတော်နှင့် ရှမ်းပြည် အထူးဒေသ(၁) အုပ်ချုပ်ရေးအစိုးရမှ စာလုံးပေါင်း (၉၆)လုံးပါရှိသည့် တရားဝေကြေညာစာကို ထုတ်ပြန်ခဲ့ သည်။ အကြောင်းရာမှာ ရန်မိုးအန်းအား အထူးဒေသ(၁)နှင့်မဟာမိတ်တပ်မတော်အတွင်းရှိ ရာထူးမှန်သမျှကို ပယ်ဖျက်လိုက်ခြင်းဖြစ်သည်။ ထိုအချိန်တွင် ရန်မိုးအန်းအသက်မှာ ၅၉ နှစ်ခန့်ရှိပြီဖြစ်သည်။

ရှင်းလင်းချက်။          ။ အထက်ပါအကြောင်းအရာမှာ သမိုင်းကြောင်းကို မျှဝေခြင်းသာဖြစ်ပြီး ဤဝဘ်ဆိုက်အနေဖြင့် မည့်သည့်ဘက်ကိုမှ ထောက်ခံရပ်တည်ခြင်းမရှိပါ။