Myanmar

(၃၂) နှစ်မြောက် ကိုးကန့်တပ်မတော်နေ့အခမ်းအနားသို့ ညီနောင်မဟာမိတ်တပ်ဖွဲ့ဖြစ်ကြသော PSLF/TNLAနှင့် ULA/AA တို့မှပေးပို့အပ်သော သဝဏ်လွှာ

Myanmar
China

(၃၂) နှစ်မြောက် ကိုးကန့်တပ်မတော်နေ့အခမ်းအနားသို့ ညီနောင်မဟာမိတ်တပ်ဖွဲ့ဖြစ်ကြသော PSLF/TNLAနှင့် ULA/AA တို့မှပေးပို့အပ်သော သဝဏ်လွှာ

၂၀၂၁ ခုနှစ်၊ မတ်လ(၁၁)ရက်

စစ်ရေး၊ နိုင်ငံရေးမဟာမိတ်များဖြစ်ကြသော မိမိတို့ညီနောင်မဟာမိတ်(၃) ဖွဲ့သည် အမျိုးသားတန်းတူရေး၊ ကိုယ်ပိုင်ပြဌာန်းဆုံးဖြတ်ပိုင်ခွင့်ရရှိရေး၊ ကိုယ့်ကံကြမ္မာ ကိုယ်ဖန်တီးဆုံးဖြတ်နိုင်ခွင့် ရရှိရေးတို့အတွက် လက်နက်ကိုင်တိုက်ပွဲဝင်နေကြသော တော်လှန်ရေးအဖွဲ့အစည်းများ ဖြစ်ကြပါသည်။

မိမိတို့ ညီနောင်မဟာမိတ်(၃) ဖွဲ့သည် အခြေအနေ၏လိုအပ်ချက်အရ စစ်ရေး၊ နိုင်ငံရေးကဏ္ဍများတွင် လက်တွဲညီစွာ ပူးပေါင်းဆောင်ရွက်နိုင်ခဲ့ကြပါသည်။ ရှေ့ဆက်၍လည်း စစ်ရေး၊ နိုင်ငံရေးကဏ္ဍများတွင် ယခင်နည်းတူ ဆက်လက်ပူးပေါင်းဆောင်ရွက်သွားရန် မိမိတို့ညီနောင်မဟာမိတ်(၂) ဖွဲ့ဖြစ်ကြသော PSLF/TNLAနှင့် ULA/AA တို့၌အဆင်သင့်ရှိပါသည်။

ကိုးကန့် အဖွဲ့အစည်းသည် ရှမ်းပြည်၊အထူးဒေသ (၁) အဖြစ် ရပ်တည်နိုင်ခဲ့ပြီး မြန်မာနိုင်ငံ၏ ငြိမ်းချမ်းရေး ရှေ့ဆောင်အဖွဲ့အစည်းအဖြစ် ဦးဆောင်ခဲ့သော အဖွဲ့အစည်းဖြစ်သည်။ ဦးဖုန်ကျားရှင်၊ ဦးဖုန်ကျားဖူ ကာလမှသည် ဦးဖုန်တာရွှင်ကာလအထိ ကိုးကန့်အဖွဲ့အစည်း၏ ခိုင်မာပြတ်သားသောရပ်တည်ချက်၊ သတ္တိပြောင်မြောင်သော တိုက်ရည်ခိုက်ရည်၊ အနစ်နာခံရဲသော လုပ်ရပ်၊ မဟာမိတ်ပီသသောလုပ်ရပ်များမှာ မိမိတို့အဖွဲ့အစည်းများအတွက် အတုယူဖွယ်ရာဖြစ်ပြီး ဂုဏ်ယူစရာအချက်များပင်ဖြစ်ပါသည်။

မိမိတို့(၃) ဖွဲ့သည် ညီနောင်မဟာမိတ်ပီသစွာဖြင့် တစ်ဖွဲ့၏လိုအပ်ချက်ကို တစ်ဖွဲ့ကဖြည့်ဆီးပေး၍ လည်းကောင်း၊ တစ်ဖွဲ့၏အခက်အခဲကို တစ်ဖွဲ့ကဝိုင်းကူဖြေရှင်းပေး၍လည်းကောင်း စုစည်းညီညွတ်စွာဖြင့် ဖြတ်သန်းခဲ့ကြပြီး ညီနောင်မဟာမိတ်စိတ်ဓာတ်ကို အသက်၊ သွေး၊ ချွေးများဖြင့် သက်သေထူခဲ့ကြသည်။ ဆက်လက်၍လည်း ဤအတိုင်းရှိနေမည်ဟု ရဲဝံစွာဖြင့်ပြောလိုပါသည်။

ကိုးကန့်အမျိုးသားလွတ်မြောက်ရေးတိုက်ပွဲကာလအတွင်း အသက်ပေးဆပ်ခဲ့ကြသော အာဇာနည်သူရဲကောင်း အပေါင်းတို့အား ဦးညွတ်ပါသည်။ ကိုးကန့်လူမျိုးများနှင့် MNTJP/MNDAA အဖွဲ့အစည်း၏ စစ်ရေး၊ နိုင်ငံရေး ရည်မှန်းချက်များအထမြောက်အောင်မြင်ပါစေကြောင်း ဆုမွန်ကောင်းတောင်းပေးရင်း၂၀၂၁ ခုနှစ်၊ မတ်လ(၁၁) ရက်နေ့တွင်ကျရောက်သော ကိုးကန့်လူမျိုး၏ (၃၂)နှစ်မြောက် ကိုးကန့်တပ်မတော် အခမ်းအနား နေ့သို့ ဤသဝဏ်လွှာကိုဂုဏ်ယူစွာဖြင့် ပေးပို့အပ်ပါသည်။

0 0 vote
Article Rating
Subscribe
Notify of
guest
1 Comment
Oldest
Newest Most Voted
Inline Feedbacks
View all comments
Kyaw Mya
Kyaw Mya
1 month ago

မဟာမိတျဆိုသညျမှာ