2021-04-28 132451

2021 ခုနှစ်၊ ဧပြီလ 23 ရက်နေ့ ကိုးကန့် တိုက်ပွဲသတင်း

ဧပြီလ 23 ရက်နေ့ နံနက် 9:30 အချိန်ခန့်တွင် တပ်မ 88 လက်အောက်ခံတပ်ရင်း 415 မှ အင်အား 80 ခန့်ပါ စစ်ကောင်စီတပ်နှင့် မိမိတို့ MNDAA တပ်ဖွဲ့အကြားတိုက်ပွဲပြင်းထန်စွာ ဖြစ်ပွားခဲ့သည်။  ကွတ်ခိုင်မြို့ တိန်းကော်တောင်နားရှိ မင်နူးတောင်အနောက်ဘက် မိမိတို့  MNDAA တပ်ဖွဲ့များ အခြေစိုက်ရာနေရာသို့ ထိုးစစ်ဆင်တိုက်ခိုက်လာသောကြောင့် တိုက်ပွဲဖြစ်ပွားရခြင်းဖြစ်သည်။

နံနက် 10:00 နာရီခန့်တွင် လက်နက်ကြီးပစ်ကူများရယူပြီး အပြင်းအထန်ထိုးစစ်ဆင်တိုက်ခိုက်ခဲ့သော်လည်း မိမိတို့ MNDAA မှ အကောင်းဆုံး ခုခံကာကွယ်တိုက်ခိုက်နိုင်ခဲ့သည်။ ထို့နောက် ဒုတိယအကြိမ် လက်နက်ကြီးပစ်ကူရယူပြီး အပြင်းအထန်ထိုးစစ်ဆင် တိုက်ခိုက်ခဲ့သော်လည်း တပ်လန်ကာ နောက်ဆုတ်သွားခဲ့သည်။

မွန်းလွဲ 1 နာရီခန့်အချိန်တွင် မြေပြင်ထိုးစစ်များမရှိခဲ့သော်လည်း လက်နက်ကြီးများဖြင့်တရစပ်ပစ်ခတ်နေခဲ့သည်။ ထို့နောက် ရဟတ်ယာဉ်နှစ်စင်းဖြင့်လည်း တိုက်ပွဲဖြစ်ပွားရာ နေရာအနီးသို့ အချိန် 2 နာရီခန့်ကြာ လာရောက်ဗုံးကြဲတိုက်ခိုက်ခဲ့သည်။

တိုက်ပွဲအတွင်း မိမိတို့ MNDAA ဘက်မှ စစ်သည်တော်တစ်ဦး တိုင်းပြည်နဲ့လူမျိုးအတွက် အသက်ပေးဆပ်လိုက်ရပြီး စစ်ကောင်စီတပ်ဘက်မှ သေဆုံးနှင့် ဒဏ်ရာရရှိသူများပြားခဲ့သည်။

မှတ်ချက်: Kokang Information Network မှ 出动武直助战|缅军与同盟军激战贵概丁果山 ကို ဘာသာပြန်သည်။

0 0 votes
Article Rating
Subscribe
Notify of
guest
0 Comments
Inline Feedbacks
View all comments